နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်ပွဲဆက် အနိုင်ရလဒ် နဲ့အတူ အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ဂျူဗင်တပ်စ် ၂ – ၀ ဂျီနိုအာ

ဂျူဗင်တပ်စ် အတွက် ယုံကြည်မှုပိုင်း ပြန်ပြီး တည်ဆောက်ခဲ့တဲ့ စီးရီးအေ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဂျီနိုအာ ကတော့ အဝေးကွင်းဖြစ်လို့ သရေတစ်မှတ်ပဲ မျှော်လင့်နိုင်တဲ့ အတိုင်း နိုင်ပွဲရဖို့ ခက်ခဲခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ခဲ့ပေမယ့် ဂျူဗင်တပ်စ်ကပဲ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဂျီနိုအာ ကတော့ နိုင်ပွဲ ပျောက်ဆုံးခြင်း နဲ့အတူ တန်းဆင်းဇုန်ထဲ ဆက်ပြီး ရပ်တည်ခဲ့ရသလို ဂျူဗင်တပ်စ် ကတော့ အဆင့် ၅ နေရာအထိ ပြန်ပြီး တက်လှမ်းနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ရလဒ်ကောင်းရဖို့ ဖိအားရှိနေတဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုမှာ ကစားသမားကောင်းတွေ ပိုများတဲ့ ဂျူဗင်တပ်စ်တို့ အသာရခဲ့တယ်လို့ပဲ ဆိုရမှာပါ။ တန်းဆင်းဇုန် အန္တရာယ်ရှိနေလို့ အမှားနည်းနည်းနဲ့ အာရုံစိုက်ခဲ့ပေမယ့် ဂျီနိုအာတို့ အဝေးကွင်းမှာ ထိထိရောက်ရောက် လုပ်မပြနိုင်ခဲ့ပါဘူး။ မိုရာတာ၊ ဒိုင်ဘာလာ၊ ဘာနက်ဒက်ချီ၊ လိုကာတယ်လီ၊ ဘန်တန်ကူအာ၊ ချီလီနီ၊ ဒီလစ်ဂျ် တို့နဲ့အတူ ဂျူဗင်တပ်စ်တို့ လူစုံခဲ့ပါတယ်။ ၅-၃-၂ နဲ့ ပွဲထွက်လာတဲ့ ဂျီနိုအာ ကတော့ ခံစစ်မှာ ၇ ယောက်လောက်အထိ ထားကစားခဲ့သလို ဘဟာမီ၊ ဘိုင်ယန်ချီ၊ ဘာနီ၊ ကမ်ဘီယာဆို တို့ကို ပွဲထုတ်လာခဲ့တာပါ။ ပွဲအစကတည်းက ဂျူဗင်တပ်စ်ရဲ့ တစ်ဖက်သတ် ဖိကစားခဲ့ခြင်းကြောင့် ဂျီနိုအာတို့ ဖိအားများခဲ့ပါတယ်။ ပွဲအစ ၉မိနစ်မှာတင် ကွာဒရာဒိုက ဂျူဗင်တပ်စ် အတွက် ဦးဆောင်ဂိုး ဖြစ်စေခဲ့လို့ ဂျီနိုအာတို့ ပိုပြီး ခက်ခဲခဲ့တယ်လို့ ဆိုရမှာပါ။ နောက်ပိုင်းမှာလည်း ဂျူဗင်တပ်စ်ရဲ့ တစ်ဖက်သတ် ဖိအားပေးမှုကြောင့် ဂျီနိုအာတို့ ဘယ်လိုမှ မတတ်နိုင်ဘဲ ခံစစ်မှာသာ အလုပ်ရှုပ်နေခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၇၀-၃၀ ရာခိုင်နှုန်း အထိ ဂျူဗင်တပ်စ်တို့ အသာရခဲ့သလို ဂျီနိုအာ အနေနဲ့ ဂိုးပေါက် ကန်သွင်းမှု တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့တဲ့အထိ အခြေအနေ ဆိုးရွားခဲ့တာပါ။ ဂျီနိုအာတို့ ကစားသမား ၅ ယောက်လောက်အထိ လူစားလဲ ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ပွဲချိန် ၈၂ မိနစ်မှာ ဒိုင်ဘာလာက ဂျူဗင်တပ်စ် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ရယူပေးခဲ့ပြီးနောက် ပွဲရဲ့အဖြေက ပြတ်သားခဲ့ပါတယ်။ နောက်ပိုင်းမှာ နှစ်သင်းလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိတော့တဲ့ အတွက် ဂျူဗင်တပ်စ်တို့ ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ ပါတယ်။

စီးရီးအေ တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရပ်တည်နေတဲ့ ဂျီနိုအာ

ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ်တို့ အသာရခဲ့တယ် ဆိုပေမယ့် လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲတော့ မဖြစ်ခဲ့ပါဘူး။ ဂျီနိုအာရဲ့ ခံစစ်ပိုင်း အားပြု ကစားမှုနဲ့ ကြံ့ခိုင်မှု အသားပေး ကစားပုံကြောင့် ဂျူဗင်တပ်စ်တို့ ခက်ခဲခဲ့တာပါ။ နည်းဗျူဟာပိုင်း အရဆိုရင် ဂျီနိုအာတို့ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားကောင်း ပိုင်ဆိုင်မှုမှာတော့ ဂျူဗင်တပ်စ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာပါ။ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ မိုရာတာ၊ ဒိုင်ဘာလာတို့ရဲ့ တိုးအား ရုန်းအားတွေက ဂျီနိုအာ ခံစစ်ကို ပွဲအစကတည်းက ပြိုလဲစေခဲ့ပါတယ်။ စီးရီးအေ ပွဲစဉ် အများစုရဲ့ ထုံးစံအတိုင်း ကြံ့ခိုင်မှု အသားပေး ကစားခဲ့လို့ အဝါကတ်တွေ နဲ့အတူ ပရိသတ်အကြိုက် ပွဲစဉ် ဖြစ်ခဲ့တာကတော့ ငြင်းလို့မရခဲ့ပါဘူး။ ရှုံးပွဲတွေ့ခဲ့တဲ့ ဂျီနိုအာ ကတော့ စီးရီးအေ တန်းဆင်းဇုန်ထဲ ဆက်ပြီး ရှိနေခဲ့ပါတယ်။ ဂျူဗင်တပ်စ် ကတော့ ၂ ပွဲဆက် ရှုံးပွဲကနေ ပြန်လည် ရုန်းထွက်နိုင်ခဲ့ပြီး ၂ ပွဲဆက် အနိုင်နဲ့အတူ အဆင့် ၅ နေရာကို ပြန်ပြီး တက်လှမ်းနိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ် အနေနဲ့ ကြားရက်မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဖြစ် ဆွီဒင် ကလပ် မယ်လ်မို အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ရှိနေပြီး ဂျီနိုအာ ကတော့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ ဆမ်ဒိုရီးယား အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်