နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – ညနေခင်း သတင်းများ (၁၈/၉/၂၀၂၂)

စက်တင်ဘာ ၁၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပေါင် (၁) ဘီလျံ ကုန်ကျမယ့် မီလန်မြို့က ကွင်းသစ် စီမံကိန်း

သမိုင်းဝင် ဆန်စီရို နေရာမှာ အစားထိုးမယ့် စီးရီးအေ ကလပ် နှစ်သင်းရဲ့ ကွင်းသစ် စီမံကိန်းက ပေါင် (၁) ဘီလျံ ကုန်ကျနိုင်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆန်စီရိုကွင်းကို အေစီမီလန်နဲ့ အင်တာမီလန်တို့ မျှဝေ သုံးစွဲနေကြတာပါ။

မီလန်မြို့ မှာပဲ အခြေစိုက်မယ့် ကွင်းသစ် စီမံကိန်းကို လာမယ့် (၂၀၂၄) ဇန်နဝါရီမှာ အစောဆုံး စတင်နိုင်ဖို့လည်း ပစ်မှတ်ထားနေကြပါတယ်။ ဒီကွင်းသစ်ကြီးရဲ့ နာမည်ပြောင်ကို လက်ရှိအချိန်မှာ “The Cathedral” လို့ အမည်ပေးထားကြောင်းလည်း သိရပါတယ်။

ဆန်စီရိုကွင်း အနီးနားမှာပဲ ကွင်းသစ်ကို တည်ဆောက်သွားမှာ ဖြစ်ပြီး ကွင်းဟောင်းမှာ ရှိတဲ့ တိုင် (၁၁) တိုင် အနက် တတိုင်ကို လက်ရှိ ကွင်းသစ်မှာ ဂုဏ်ပြုတဲ့ အနေနဲ့ စိုက်ထူသွားဖို့ ပြင်ဆင်ထားပါတယ်။

ကွင်းသစ်ကြီး ပြီးဆုံးသွားရင် အေစီမီလန်နဲ့ အင်တာမီလန် နှစ်သင်းလုံးရဲ့ ဝင်ငွေတွေက တိုးတက်လာဖွယ် ရှိပြီး အပန်းဖြေ အနားယူစရာ နေရာတွေနဲ့ စျေးဝယ်စင်တာ တို့ကိုပါ ထည့်သွင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။


လာမယ့် ဇန်နဝါရီမှာ ယူနိုက်တက် ကစားသမား တစ်ယောက်ကို ခေါ်ယူဖို့ မော်ရင်ဟို စိတ်ဝင်စား

စီးရီးအေ ကလပ် ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အဆိုပါ ဆွီဒင် လက်ရွေးစင် ဗဟိုနောက်ခံလူဟာ အသင်းကို အဲရစ်တန်ဟက်ခ် ရောက်ရှိလာပြီးနောက်ပိုင်း နေရာ ပျောက်ဆုံးသွားခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တည်းက ယူနိုက်တက်ကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ မော်ရင်ဟိုဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ချိန်မှာ လင်ဒီလော့ဖ်ကို ဘင်ဖီကာ ကနေ ခေါ်ယူခဲ့ပြီး အခုချိန်မှာလည်း ရိုးမားထံ ထပ်မံ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။

စီးရီးအေ ကလပ် ရိုးမားဟာ ပြီးခဲ့တဲ့ နွေစျေးကွက်မှာ ယူနိုက်တက် နောက်ခံလူပဲ ဖြစ်တဲ့ အဲရစ်ခ်ဘိုင်လီကို စိတ်ဝင်စားခဲ့သေးပေမယ့် အဆိုပါ နောက်ခံလူ ကတော့ ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ် ကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

လက်ရှိ မော်ရင်ဟိုရဲ့ ပစ်မှတ်ကစားသမားတွေ ထဲမှာ လင်ဒီလော့ဖ် အပြင် ချဲလ်ဆီး နောက်ခံလူ ထရီဗို့ ချာလိုဘာ့ဂ်၊ တော့တင်ဟမ်ဟော့စပါး နောက်ခံလူ ဂျာဖတ်တန်ဂါဂါ တို့လည်း ပါဝင်နေပါတယ်။


ဆာရီရဲ့ အနာဂတ် အတွက် လာဇီယို ဥက္ကဌ အာမခံချက်ပေး

အီတလီ စီးရီးအေ ကလပ် လာဇီယို ဥက္ကဌ ကလော်ဒီယိုလော့တီတိုက အသင်း နည်းပြ မာရူဇီယို ဆာရီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အာမခံချက်ပေးခဲ့ပါတယ်။
မစ်ဂျယ်လန်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ နည်းပြ ရာထူး မတည်မငြိမ် ဖြစ်နေတဲ့ ဆာရီ

အီတလီ စီးရီးအေ ကလပ် လာဇီယို ဥက္ကဌ ကလော်ဒီယိုလော့တီတိုက အသင်း နည်းပြ မာရူဇီယို ဆာရီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အာမခံချက်ပေးခဲ့ပါတယ်။

လာဇီယိုဟာ ပြီးခဲ့တဲ့ ကြာသပတေးညမှာ ကစားခဲ့တဲ့ မစ်ဂျေးလန်းနဲ့ ယူရိုပါလိဂ် အဝေးကွင်းပွဲမှာ ၅-၁ ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဆာရီရဲ့ အနာဂတ်က လှုပ်ခတ်လာပြီလို့ အီတလီ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် လော့တီတိုက “ဆာရီက ထွက်သွားမှာ မဟုတ်ပါဘူး။ အသင်းမှာ သူ့နေရာနဲ့ သူ ဆက်ရှိနေမှာပါ။ ဒါက သံသယဝင်စရာ မလိုတဲ့ ကိစ္စပါ။ ဟိုနေ့က သူလည်း စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တာပါ။ လာဇီယိုရဲ့ ပြဿနာက ဖြေရှင်းဖို့ လိုအပ်ပြီး အဲ့ဒီနောက် ချက်ချင်း လမ်းကြောင်းမှန်ပေါ် သွားရမှာပါ”

“နောက်တစ်ခေါက် ပြန်စဥ်းစားကြပေါ့။ လူတိုင်းကို စိတ်ဓာတ် လှုံ့ဆော်ပေးရမယ် ဆိုရင် ကျနော် အောက်တိုဘာ အတွက် လစာတွေ ကိုတောင် ကြိုထုတ် ပေးပြီးသွားပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်