နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရန်းစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ရိုးမား ကွင်းလယ်လူ မာတစ် (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၆ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရန်းစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ရိုးမား ကွင်းလယ်လူ မာတစ် 

စီးရီးအေ ကလပ် ရိုးမားရဲ့ ကွင်းလယ်လူ နီမန်ဂျာ မာတစ်ဟာ ပြင်သစ် လီဂူးဝမ်း ကလပ် ရန်းစ်ကို ပြောင်းရွှေ့သွားခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၃၅) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာတစ် အတွက် ရန်းစ်တို့ ပြောင်းရွှေ့ကြေး ယူရို (၃) သန်း ပေးချေခဲ့ရပါတယ်။ မာတစ်ရဲ့ ပြောင်းရွှေ့မှုက မထင်မှတ်တဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်ခဲ့ပြီး ပရိသတ်တွေ အားလုံးလည်း အံ့အားသင့်ခဲ့ရပါတယ်။ 

ပရီးမီးယားလိဂ်
မန်ချက်စတာစီးတီး
နယူးကာဆယ် ယူနိုက်တက်
1X2 နယူးကာဆယ် ယူနိုက်တက် @ 4.70
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.00 @ 2.13
ဂိုးပေါ် 2.75 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရိုးမားကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်း အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀) ကစားပေးခဲ့ပါတယ်။ 

ရိုးမားဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဟူဆန် အာဝါး၊ လီအန်ဒရို ပါရီဒက်စ် တို့လို ကွင်းလယ် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တဲ့နောက် အခုလိုပဲ ဝါရင့် ကွင်းလယ်လူကြီး မာတစ်ကို ပြန်လည် လက်လွှတ်ခံခဲ့တာ ဖြစ်ပါတယ်။ 


အင်တာမီလန်မှာ ဆက်နေဖို့ ဆန်စီ ဆန္ဒရှိနေ

အင်တာမီလန် ကွင်းလယ်လူ စတီဖန်နို ဆန်စီဟာ အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေကြောင်း ကစားသမားရဲ့ အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ ကလပ် အသင်း တစ်သင်းပဲ ဖြစ်တဲ့ မွန်ဇာမှာပဲ အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။ 

ဆန်စီဟာ အင်တာမီလန်နည်းပြ ဖိလစ်ပီ အင်ဇာဂီရဲ့ အနာဂတ် စီမံကိန်းထဲမှာ မပါဝင်တော့ဘူးလို့ သိရှိရပေမယ့် အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေတာပါ။ 

ကစားသမားရဲ့ အေးဂျင့် ဘတ်ပီရီဆို ကလည်း ပြီးခဲ့တဲ့ရာသီမှာ ဆန်စီက ပွဲပေါင်း (၃၀) အထိ ကစားပေးခဲ့ကြောင်း၊ အခုလိုမျိုး အင်တာမီလန်ကို သူပြန်ရောက်လာတဲ့ အတွက် ပျော်ရွှင်မိကြောင်း၊ သူက ပုံစံကောင်း တစ်ရပ်မှာ ရှိနေပြီး အင်တာမီလန် ကလည်း သူနဲ့ ပတ်သက်လို့ ပျော်ရွှင်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ဆော်ဒီမြေကို ပြောင်းရွှေ့သွားခဲ့တဲ့ အတ္တလန္တာ နောက်ခံလူ 

စီးရီးအေ ကလပ် အတ္တလန္တာရဲ့ နောက်ခံလူ ဒီမီရယ်လ်ဟာ ဆော်ဒီအာရေဗျ ကလပ် အယ်လ်အာလီကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
ဒီမီရယ်ကို ယူရို ၁၈ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ်အာလီ

စီးရီးအေ ကလပ် အတ္တလန္တာရဲ့ နောက်ခံလူ ဒီမီရယ်လ်ဟာ ဆော်ဒီအာရေဗျ ကလပ် အယ်လ်အာလီကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ အယ်လ်အာလီဟာ တူရကီလူမျိုး နောက်ခံလူ ဒီမီရယ်လ် အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၈) သန်း ပေးချေခဲ့ရပြီး အပြောင်းအရွှေ့ ကိစ္စရပ်တွေ အားလုံးက ပြီးမြောက် အောင်မြင်သွားခဲ့ပါပြီ။ 

ဒီမီရယ်လ်ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ကလည်း စိတ်ဝင်စားခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် အယ်လ်အာလီက ကစားသမား အတွက် အစောဆုံး လက်ဦးမှု ရယူနိုင်ခဲ့တာပါ။   

ယူရို (၁၈) သန်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏမှာ အပိုဆုကြေး ပါဝင်ခြင်းရှိ၊ မရှိဆိုတာ ကိုတော့ နှစ်သင်းစလုံးဘက်က အတည်ပြုထားခြင်း မရှိဘဲ အယ်လ်အာလီ အနေနဲ့ ယူရို (၁၈) သန်းကို တစ်ကြိမ်တည်း အပြီးပေးချေခဲ့ကြောင်းလည်း သိရှိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်