နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေစီမီလန်မှာ တစ်သက်လုံး နေသွားဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုက်တဲ့ လီယောင် (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အေစီမီလန်မှာ တစ်သက်လုံး နေသွားဖို့ မဖြစ်နိုင်ဘူးလို့ ပြောလိုက်တဲ့ လီယောင်

စီးရီးအေ ကလပ် အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင်က အသင်းနဲ့ (၅) နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် အေစီမီလန် ဂျာစီကို တစ်သက်လုံး ဝတ်ဆင်သွားဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

လီယောင်ဟာ အားကစား ဒါရိုက်တာဟောင်း ပေါ်လို မာလ်ဒီနီ ရှိခဲ့တုန်းက အသင်းနဲ့ အတူ (၂၀၂၇) နှစ် အထိ ဆက်ရှိနေမယ့် စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုခဲ့တာပါ။ သူ့ကို ခေါ်ယူဖို့ ချဲလ်ဆီး အပါအဝင် ဥရောပထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားခဲ့ပေမယ့် လီယောင် ကတော့ အေစီမီလန်ကို ချစ်မြတ်နိုးတာကြောင့် အခုလိုမျိုး စာချုပ်သစ် ချုပ်ဖြစ်ခဲ့တာလို့ ပြောပါတယ်။

ဒါပေမယ့်လည်း လီယောင် ကတော့ ဒီနေ့ခေတ် ဘောလုံးလောကမှာ ကစားသမား တစ်ယောက်တည်းက တစ်သက်လုံး တူညီတဲ့ ဂျာစီကို ဝတ်ဆင်သွားဖို့ မဖြစ်နိုင်ကြောင်း၊ အသင်းနဲ့ (၅) နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ကတော့ ကျွန်တော် ဒီမှာ ဆက်နေချင်လို့ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ် နောက်ခံလူကို ခေါ်ယူလိုက်တဲ့ အေစီမီလန်

စီးရီးအေ ကလပ် အေစီမီလန်ဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ အဲလက်စ် ဂျီမီနက်ဇ်ကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ကစားသမားကို အေစီမီလန်တို့ အပြီးသတ် ခေါ်ယူခဲ့တာမျိုး မဟုတ်ဘဲ တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

စပိန် ယူ-၁၉ ကစားသမား တစ်ဦးလည်း ဖြစ်တဲ့ ဂျီမီနက်ဇ်ဟာ အေစီမီလန် အရန် အသင်းမှာ ပါဝင် ကစားသွားမှာ ဖြစ်ပြီး အခွင့်အရေး ရလာခဲ့ရင် အေစီမီလန် အသင်းကြီး အတွက်လည်း ကစားပေးရဖွယ် ရှိပါတယ်။ အေစီမီလန်ဟာ ဂျီမီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့ အပြင် အခြားသော လူငယ်နောက်ခံလူ ဖြစ်တဲ့ အန်ဒရီရာ ဘော့ဇ်ဇိုလန် ကိုလည်း (၂၀၂၇) ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

မီလန်မြို့ခံ အသင်းဟာ လက်ရှိနွေရာသီမှာ အသင်းကြီး အတွက် နောက်တန်း ကိုလည်း ပြင်ဆင် အားဖြည့်ဖို့ စီစဉ်ထားပြီး လာလီဂါ ကလပ် ဗလင်စီယာက နောက်ခံလူ နှစ်ယောက် အပါအဝင် အခြားသော ကြယ်ပွင့်တွေ ကိုလည်း ခေါ်ယူဖို့ ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။


လူကာကူနဲ့ အင်ဇာဂီ ပြဿနာတက်ခဲ့ကြောင်း ဂိုးသမားဟောင်း ဖွင့်ဟ

အင်တာမီလန် နည်းပြ ဆိုင်မွန် အင်ဇာဂီနဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူတို့ ပြီးခဲ့တဲ့ ရာသီ အတွင်း ပြဿနာတက်ခဲ့ပြီး လူကာကူ အနေနဲ့ အင်တာမီလန်မှာ ဆက်ကစားနိုင်တော့မှာ မဟုတ်ကြောင်း အသင်းရဲ့ ဂိုးသမားဟောင်း ဆီဘက်စတီယန် ဖရေးက ပြောကြားခဲ့ပါတယ်။

လူကာကူဟာ လက်ရှိ နွေရာသီမှာ ဂျူဗင်တပ်စ်၊ အင်တာမီလန် တို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပြီး သူ့ကို ခေါ်ယူဖို့ ဆော်ဒီအာရေဗျ ကလပ်တွေ ဘက်ကလည်း ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ ကစားသမားရဲ့ အနာဂတ်က မသေချာသေးဘဲ သို့လော၊ သို့လော အနေအထားမျိုးမှာသာ ရှိနေပါသေးတယ်။

စီးရီးအေ ကလပ်ရဲ့ ဂိုးသမားဟောင်းက ပြီးခဲ့တဲ့ရာသီ မပြီးခင်မှာ အင်ဇာဂီနဲ့ လူကာကူတို့ ပြဿနာတက်ခဲ့တယ်လို့ သိခဲ့ရကြောင်း၊ လက်ရှိအချိန်မှာတော့ လူကာကူ အတွက် ရွေးချယ်စရာ နှစ်လမ်းပဲ ရှိကြောင်းနဲ့ ဂျူဗင်တပ်စ်၊ ဆော်ဒီအာရေဗျ တစ်ခုခုကို ရွေးချယ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်