နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီထက် ပိုကြမ်းတဲ့ ပုံစံမျိုးနဲ့ ပြန်လာမယ်လို့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ ပေါ့ဘာ (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၂ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီထက်ပိုကြမ်းတဲ့ ပုံစံမျိုးနဲ့ ပြန်လာမယ်လို့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ ပေါ့ဘာ

ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာက အသင်း အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ပိုမို မာကျောတဲ့ ပုံစံမျိုးနဲ့ ပြန်လာခဲ့မယ်လို့ ပရိသတ်တွေကို အသိပေး ပြောကြားလိုက်ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ်ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပေမယ့် ဒူးဒဏ်ရာ ပြဿနာတွေနဲ့ ဆက်တိုက် ရုန်းကန်ခဲ့ရပြီး စိတ်ပျက်ဖွယ်ရာ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါ့အပြင် အသင်း ကလည်း ဖလားလက်မဲ့ ဖြစ်ခဲ့ပြီး ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်မှုကြောင့် လာမယ့်ရာသီ ကွန်ဖရင့်လိဂ် ပြိုင်ပွဲ ကနေလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။

ပေါ့ဘာ ကတော့ ပရိသတ်တွေ အနေနဲ့ အသင်းကို စောင့်နေရမှာ ဖြစ်ကြောင်း၊ အရင်ကထက် ပိုမို ပြင်းထန်တဲ့ ပေါက်ကွဲမှုမျိုးနဲ့ ပြန်လာမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


လူကာကူကို လေးစားမှုရှိကြောင်း အင်တာ ကစားသမားသစ် ပြောဆို

လက်ရှိနွေရာသီ အပြောင်းအရွှေ့မှ အင်တာမီလန်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် သူရမ်က သူ့အနေနဲ့ အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရိုမယ်လူ လူကာကူ အပေါ် လေးစားမှု ရှိကြောင်း ပြောကြားလိုက်ပါတယ်။

ပြင်သစ် ကြယ်ပွင့် တိုက်စစ်မှူးကို လူကာကူနဲ့ ခိုင်းနှိုင်းမှုတွေ ရှိနေပြီး ကစားသမား ကိုယ်တိုင် ကတော့ ဒါတွေကို ငြင်းဆန် ပယ်ချသွားပါတယ်။ စီးရီးအေ ကလပ်ဟာ လက်ရှိ နွေရာသီမှာ လူကာကူကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် လက်ရှိ မှာတော့ ဒီကြိုးစားမှုတွေကို ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ သူရမ်ကလည်း လူကာကူနဲ့ သူက မတူခြားနားတဲ့ ကစားသမားတွေ ဖြစ်ကြောင်း၊ သူ့အပေါ်မှာ လေးစားမှု ရှိပြီး အမြဲတမ်း စောင့်ကြည့်ခဲ့ရကြောင်း၊ လူကာကူက ကျွန်တော့် အတွက် အမြဲတမ်း အတုယူစရာ ဖြစ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လူကာကူဟာ အင်တာမီလန်နဲ့ အတူ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ရာသီမှာလည်း ချဲလ်ဆီး ကနေ အင်တာမီလန်ကို အငှားနဲ့ လာရောက် ကစားခဲ့ပါတယ်။


ကွန်ဖရင့်လိဂ် ကနေ အထုတ်ခံရတာက အားသာချက် ဖြစ်နိုင်ကြောင်း ဂျူဗီ ကစားသမားပြော

ဂျူဗင်တပ်စ် နောက်ခံလူ ဒန်နီလိုက လာမယ့်ရာသီ ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲ ကနေ အထုတ်ပယ်ခံလိုက်ရတာက အသင်း အတွက် အားသာချက် ဖြစ်လာနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။

စီးရီးအေ ကလပ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်မှုကြောင့် လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ကနေ ပိတ်ပင်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း ဆုဖလား လက်မဲ့ ရာသီ တစ်ခုကို ထပ်မံ ဖြတ်သန်းခဲ့ရပြီး လက်ရှိအချိန်မှာ အသင်းက စိတ်ပျက်စရာ အနေအထားတွေနဲ ကြုံတွေ့နေရပါတယ်။ ဒါပေမယ့်လည်း ဒန်နီလိုက ဥရောပပြိုင်ပွဲတွေမှာ ဝင်ကစားချင်ပေမယ့် သူတို့သာ အနာဂတ် အတွက် အဆင်သင့် ဖြစ်ချင်တယ် ဆိုရင် ဒီဆုံးဖြတ်ချက်က မှန်ကန်ကြောင်း၊ အခုဆိုရင် အသင်းက စီးရီးအေနဲ့ ကိုပါအီတလီယာ ကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ကြောင်း၊ အသင်းရဲ့ ရည်မှန်းချက်က အမှတ်ပေး ချန်ပီယံဆု လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်