နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်း အတွက် ပြန်လာခဲ့မယ် ဆိုတဲ့ ပေါ့ဘာ၊ ဒီဂျက်ကိုရဲ့ နေရာကို အစားထိုးဖို့ ဝက်စ်ဟမ်း တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့ အင်တာမီလန် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

countdown banner

အသင်း အတွက် ပြန်လာခဲ့မယ် ဆိုတဲ့ ပေါ့ဘာ၊ ဒီဂျက်ကိုရဲ့ နေရာကို အစားထိုးဖို့ ဝက်စ်ဟမ်း တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့ အင်တာမီလန် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၁ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အသင်းအတွက် ပြန်လာခဲ့မယ်ဆိုတဲ့ ပေါ့ဘာ

ဂျူဗင်တပ်စ် ကွင်းလယ်လူ‌ ပေါလ် ပေါ့ဘာဟာ ဖရိုင်းဘတ်ကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် (၃၂) သင်း အဆင့်် ပွဲစဥ်မှာ ချန်လှပ်ခံခဲ့ရပြီးနောက် အသင်း အတွက် ပြန်လာခဲ့မယ်လို့ ဆိုရှယ် မီဒီယာ ပေါ်မှာ အသိပေးခဲ့ပါတယ်။

အဆိုပါ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူဟာ အသင်းရဲ့ အစည်းအဝေးကို နောက်ကျခဲ့တာကြောင့် စည်းကမ်းပိုင်း ဆိုင်ရာ အကြောင်းပြချက်နဲ့ နည်းပြ မက်ဆီမို အယ်လီဂရီရဲ့ လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ဒီရာသီမှာ စီးရီးအေ ကလပ် အတွက် စုစုပေါင်း (၃၅) မိနစ်သာ ကစားပေးထားရပြီး ဒူးဒဏ်ရာနဲ့ ရုန်းကန်နေရတာပါ။ ဒီလိုမျိုး ဒဏ်ရာ ပြဿနာ ကင်းရှင်းနေချိန် မှာတောင် စည်းကမ်းပိုင်း ပြဿနာတက်ခဲ့တဲ့ ပေါ့ဘာကို ဂျူဗင်တပ်စ် ကလည်း ဒဏ်ကြေး ချမှတ်သွားမှာ ဖြစ်ပါတယ်။

ပေါ့ဘာ ကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာက တစ်ဆင့် “အသစ် ပြန်စတင်မယ်” လို့ အဓိပ္ပာယ်ရတဲ့ စာလုံး တစ်လုံးတည်းကို ရေးတင်ခဲ့ပြီး အသင်းရဲ့ ပြစ်ဒဏ်ကို လက်ခံကာ အကောင်းဆုံး ပြန်လာခဲ့မယ်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။


ဒီဂျက်ကိုရဲ့ နေရာမှာ အစားထိုးဖို့ ဝက်စ်ဟမ်း တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့ အင်တာမီလန်

အင်တာမီလန်ဟာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဒင် ဒီဂျက်ကိုရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဝက်စ်ဟမ်း တိုက်စစ်မှူး ဂီယန်လူကာ ဆကမ်မက်ကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

အသက် (၂၄) နှစ် အရွယ် အဆိုပါ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီကမှ စီးရီးအေ ကလပ် ဆာဆူအိုလို ကနေ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ကြေး ပေါင် (၃၁.၈) သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားက လက်ရှိအချိန်မှာ မျှော်လင့်ထားသလောက် စွမ်းဆောင်ပြနိုင်ခြင်း မရှိတာကြောင့် ပရီးမီးယားလိဂ် ကနေ ပြန်လည် ထွက်ခွာဖွယ် ရှိပါတယ်။

အင်တာမီလန် ကလည်း ဒီဂျက်ကို,ကို စာချုပ် သက်တမ်း တစ်နှစ် တိုးဖို့ ဆန္ဒရှိနေပေမယ့် ကစားသမား ဘက်က နှစ်နှစ် အထိ တောင်းဆိုနေတာကြောင့် အခုလိုမျိုးပဲ ဆကမ်မက်ကာကို ဒီဂျက်ကိုရဲ့ နေရာ အတွက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။


တိုက်စစ်မှာ လူမရှိတာကို ဘေယန်မြူးနစ်နဲ့ နှိုင်းယှဥ်ပြီး ငြီးတွားနေတဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် လူမရှိတဲ့ အကြောင်း ဘေယန်မြူးနစ်နဲ့ နှိုင်းယှဥ်ပြီး ငြီးတွားသွားခဲ့ပါတယ်။

အဆိုပါ စီးရီးအေ ကလပ်ဟာ ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် (၃၂) သင်းအဆင့် ပထမအကျော့ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခြေအနေ ကောင်းတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟို ကတော့ သူ့အသင်းရဲ့ ကစားသမား အင်အားကို‌ ကျေနပ်မှု မရှိတာကြောင့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ငြီးတွားခဲ့တာပါ။

မော်ရင်ဟိုက ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ဘေယန်မြူးနစ်ရဲ့ အရန်ခုံ အတွက် မာနေး၊ နာဘရီ၊ ဆာနေးတို့ ရှိနေကြောင်း၊ သူတို့ အထဲက တစ်ယောက်လောက် ရှိရင်ပဲ ကျွန်တော့် အတွက် လုံလောက်ကြောင်း၊ အဲ့ဒါဆိုရင် ဒီဘားလားရဲ့ နေရာကို အစားထိုးပြီး နောက်ထပ် တစ်ဂိုး ထပ်သွင်းနိုင်ကြောင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်