နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လမ်းဖွင့်ထားတဲ့ ပီအက်စ်ဂျီ၊ သူ့ရဲ့ ခြေစွမ်း ကိုပဲ အဓိကထားနေတယ်လို့ ပြောဆိုလိုက်တဲ့ ဒီမာရီယာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လမ်းဖွင့်ထားတဲ့ ပီအက်စ်ဂျီ၊ သူ့ရဲ့ ခြေစွမ်း ကိုပဲ အဓိက ထားနေတယ်လို့ ပြောဆိုလိုက်တဲ့ ဒီမာရီယာ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လမ်းဖွင့်ထားတဲ့ ပီအက်စ်ဂျီ

ပြင်သစ် သတင်းဌာနတွေ ကတော့ ပီအက်စ်ဂျီဟာ နည်းပြ ဂဲလ်တီယာ နေရာမှာ အစားထိုးဖို့ အတွက် အီတလီ စီးရီးအေ ကလပ် ရိုးမားရဲ့ နည်းပြ ဟိုဆေး မော်ရင်ဟိုနဲ့ စကားပြောဆိုဖို့ကို လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။ ပြင်သစ် ဂျာနယ်လစ် ဆန်တီ အယူနာက ဖော်ပြခဲ့တာ ဖြစ်ပြီး ဥရောပ အောင်မြင်မှုကို ရယူချင်နေတဲ့ ပီအက်စ်ဂျီက နည်းပြ အပြောင်းအလဲ လုပ်ချင်နေတယ်လို့ ဆိုပါတယ်။ 

ဂဲလ်တီယာရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီ ဘက်က နှစ်သက်မှု မရှိတော့ဘူးလို့ သိရပြီး အထူးသဖြင့် လတ်တလော အသင်းရလဒ်တွေ အပေါ်မှာ စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ်မှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေခဲ့ပြီး ချန်ပီယံလိဂ်မှာ ၁၆ သင်း အဆင့် ကနေ လှည့်ပြန်ရဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။ 

ဟိုဆေး မော်ရင်ဟို ကလည်း ရိုးမားမှာ ဘဏ္ဍာရေး အင်အားနည်းပါးမှုကြောင့် သူ့စိတ်ကြိုက် ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့တဲ့ အပေါ် စိတ်ပျက်နေပါတယ်။ နိုင်ငံ အသင်း နည်းပြ ရာထူးကို စိတ်မဝင်စားဘူးလို့ ပြောဆိုထားတဲ့ မော်ရင်ဟိုက ပီအက်စ်ဂျီလို ဘဏ္ဍာရေး တောင့်တင်းတဲ့ အသင်းကြီးကို ကိုင်တွယ်ဖို့ စိတ်ဝင်စားဖွယ် ရှိနေပြီး ဂဲလ်တီယာရဲ့ နေရာကို သူ အစားဝင်လာမလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 


စီးရီးအေ ဖလား အတွက် အမှားမခံခဲ့တဲ့ နာပိုလီ

အီတလီ စီးရီးအေမှာ အမှတ်ဖြတ် ဦးဆောင်နေတဲ့ နာပိုလီ ကတော့ မနေ့ညက ကစားခဲ့တဲ့ ဆာဆူအိုလိုနဲ့ ပွဲမှာလည်း ၂-၀ နဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ နာပိုလီ အတွက် အနိုင်ဂိုးတွေကို ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်နဲ့ ခါဗရာခါလီယာတို့က သွင်းယူပေးခဲ့ကြပြီး အမှတ်ပေးဇယားမှာ ၁၈ မှတ် အထိ ဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ 

ဘန်ဒက် လီဂါ
မွန်ချန်ဂလာဘတ်ချ်
ဘိုင်ယန်မြူးနစ်
1X2 သရေ (Draw) @ 5.40
ဂိုးပေါ် 3.50 @ 1.94
ဂိုးပေါင်း 2-3 @ 2.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယနေရာက အင်တာမီလန်ကို ၁၈ မှတ် ဖြတ်ထားတာ ဖြစ်ပြီး လက်ရှိ အနေအထားအရ နာပိုလီကို လိုက်မီဖို့ ကတော့ မဖြစ်နိုင်သလောက် ဖြစ်သွားခဲ့ပါပြီ။ ပွဲပေါင်း ၂၃ ပွဲ အထိ ကစားပြီး ဖြစ်ကာ နာပိုလီက ရှုံးပွဲ တစ်ပွဲတည်းသာ ရှိပါသေးတယ်။ သွင်းဂိုး ၅၆ ဂိုး၊ ပေးဂိုး ၁၅ ဂိုးသာ ရှိပြီး စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်နဲ့ အကောင်းဆုံး ခံစစ်ကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 

နှစ်ပေါင်း ၃၀ ကျော် အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် နာပိုလီက အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ တော်တော်လေး အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။ ရာသီစ ကတည်းက ပြိုင်ဘက်တိုင်းကို ခြေပြတ် ဂိုးပြတ်တွေနဲ့ အနိုင်ယူခဲ့ပြီး ချန်ပီယံလိဂ် မှာလည်း အုပ်စု အဆင့်မှာ ပြိုင်ဘက်တွေကို အပြတ်အသတ် အနိုင်ယူကာ ၁၆ သင်းအဆင့် တက်ရောက်ထားပြီး ဖရန့်ဖတ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ 


သူ့ရဲ့ ခြေစွမ်း ကိုပဲ အဓိကထားနေတယ်လို့ ပြောဆိုလိုက်တဲ့ ဒီမာရီယာ

အသင်းတွင်းမှာ ပြသနာတွေ ကြီးကြီးမားမား ရှိနေပြီး ရလဒ်ပိုင်းတွေ အရလည်း ကျဆင်းနေပေမယ့် သူ့အနာဂတ်ကို မစဉ်းစားသေးဘဲ ခြေစွမ်းပိုင်း ကောင်းမွန်ဖို့ကိုသာ အာရုံစိုက်ထားလို့ ဂျူဗင်တပ်စ် အသင်းရဲ့ တောင်ပံ ကစားသမား အိန်ဂျယ် ဒီမာရီယာက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရာသီကုန်မှသာ ကျန်တာတွေကို စောင့်ကြည့်သွားမယ်လို့လည်း သူက ဆိုပါတယ်။ 

သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဒီမာရီယာက “ ကျနော် အဲဒါကို ဦးစားမပေးပါဘူး၊ ဒီမှာ ပျော်ရွှင်နေပါတယ်၊ အသင်းမှာ ပြသနာတွေ အများကြီး ရှိနေပြီး လက်ရှိမှာတော့ စာချုပ်သစ် အတွက် မပြောဆိုထားပါဘူး၊ ဂျူဗီနဲ့ ကျနော် စကားမပြောရသေးဘူး၊ တခြား အသင်းတွေနဲ့ ပြောဆိုထားတာ မရှိသေးဘူး၊ ကောင်းကောင်း ကစားနိုင်ဖို့နဲ့ ကျနော့် ခြေစွမ်း အတွက်ပဲ စဉ်းစားနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ စီးရီးအေ ကလပ် ဂျူဗီ ကတော့ ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံထားရပြီး လာမယ့် ရာသီ ဥရောပ ဝင်ခွင့် ရဖို့က မလွယ်ကူတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါကြောင့် ရာသီကုန်မှာ ကစားသမား အများအပြား အသင်းကို စွန့်ခွာဖွယ် ရှိနေပြီး ဒီမာရီယာလည်း ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်