စီးရီးအေ ကလပ် နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ရဲ့ လျော်ကြေး စာချုပ် ကတော့ လာမယ့် နွေရာသီမှာ သိသိသာသာ လျော့ကျသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အီတလီ မီဒီယာ တစ်ခု ဖြစ်တဲ့ Tuttomercato ရဲ့ ဖော်ပြချက် အရ ဆိုရင် အိုဆင်မ်ဟန်ရဲ့ လျော်ကြေး စာချုပ် တန်ကြေးက ယူရိုသန်း ၇၀ အထိ လျော့ကျသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နိုင်ဂျီးရီးယား ကြယ်ပွင့် အနေနဲ့ နာပိုလီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ သဘောတူညီမှုတွေ အရ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာမယ် ဆိုရင် ခေါ်ယူလိုတဲ့ အသင်း အနေနဲ့ လျော်ကြေး အဖြစ် ယူရို သန်း ၈၀ ပေးချေရမယ်လို့ သိရပါတယ်။ အကယ်၍ လာမယ့် နွေရာသီမှ ခေါ်ယူမယ် ဆိုရင်တော့ လျော်ကြေး ယူရို သန်း ၇၀ သာ ပေးချေရမှာ ဖြစ်ကြောင်း သိရပါတယ်။
အိုဆင်မ်ဟန်ဟာ လက်ရှိမှာ တူရကီ ထိပ်သီး ကလပ် ဂါလာတာဆာရေးကို အငှားနဲ့ သွားရောက် ကစားနေတာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား လက်ရွေးစင်ဟာ နာပိုလီမှာ ခြေစွမ်းပြခဲ့သလို ဂါလာတာဆာရေးကို အငှားနဲ့ သွားရောက် ကစားနေစဉ်မှာလည်း အကောင်းဆုံး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တူရကီလိဂ်မှာ သွားကစားနေသည့် တိုင်အောင် အိုဆင်မ်ဟန်ကို ဥရောပ ထိပ်သီး ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။
အိုဆင်မ်ဟန်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဝုဖ်ဘတ်မှာ ကစားသမား ဘဝ စတင်ခဲ့ပြီးတော့ ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်လီမှာ စတင် ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ သူ့ အနေနဲ့ လိုင်လီမှာ လိုင်လီမှာ တစ်ရာသီသာ ကစားခဲ့ပေမယ့် ၁၈ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၀ ခုနှစ် မှာတော့ စီးရီးအေ ကလပ် နာပိုလီကို ပြောင်းရွှေ့ခဲ့ပြီး ၄ ရာသီ ဖြတ်သန်းခဲ့ပါတယ်။ အဲဒီ ၄ ရာသီ အတွင်း အိုဆင်မ်ဟန်က ပြိုင်ပွဲစုံ ၁၃၃ ပွဲ ကစားပြီး ၇၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အိုဆင်မ်ဟန် ကိုတော့ စီးရီးအေ ကလပ် နာပိုလီက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ရောင်းထုတ်ဖို့ လိုလားနေတယ်လို့လည်း သိရသည်။
လက်ရှိ အချိန်မှာ အိုဆင်မ်ဟန်ကို ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကစားသမားကို လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း သတင်းတွေလည်း ထွက်နေပါတယ်။ အခုလို ထွက်ပေါ်လာတဲ့ စာချုပ် လျော်ကြေး တန်ကြေးအရ ဆိုရင်တော့ ပီအက်စ်ဂျီလို အသင်းမျိုး အတွက် ဖြစ်နိုင်ချေ ရှိတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.