နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်မ်ဟန် တစ်ယောက် နေပဲလ် ကလပ်နဲ့ ခွာပြဲတော့မှာလား? (စီးရီးအေ)

လက်ချီကို နိုင်ခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် တစ်ယောက် အရန်ခုံ ထိုင်ခဲ့ရပါတယ်။ ဒါက အလှည့်ကျ လူထုတ်ပုံ စနစ်ကြောင့်လို့ ရူဒီ ဂါစီယာက ဖြေရှင်းခဲ့ပေမယ့် သူ့ရဲ့ အခြားသော ပြောစကားတွေ ကတော့ ပရိသတ်တွေ အတွက်ရော၊ အိုဆင်မ်ဟန် အတွက်ပါ သိပ်တော့ ကျေနပ်စရာ မရှိခဲ့ပါဘူး။

လက်ချီနဲ့ စီးရီးအေ ပွဲမှာ အိုဆင်မ်ဟန်က ဒုတိယပိုင်းမှ လူစားဝင် ကစားခဲ့ရတာပါ။ ဒါပေမယ့် အိုဆင်မ်ဟန် တစ်ယောက် လူစားဝင်လာပြီး မကြာခင်မှာပဲ အသင်း အတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါက အိုဆင်မ်ဟန် တစ်ယောက် အသင်းနဲ့ ပြဿနာတက်ပြီး နောက်ပိုင်း ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုဆင်မ်ဟန်နဲ့ နာပိုလီ အကြား ဒရာမာတွေ မပြီးဆုံးနိုင်အောင်ပဲ ရှိနေပြီး ဂါစီယာ တစ်ယောက် တမင်တကာများ လုပ်ခဲ့သလားတောင် ထင်ရပါတယ်။

နောက်ပြီး အိုဆင်မ်ဟန် ကလည်း ဥရောပ ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေခဲ့တာ ကြာပြီ ဆိုတော့ လာမယ့် ဆောင်းရာသီမှာ စီးရီးအေ ကလပ်ကို လက်ပြ နှုတ်ဆက်သွားတော့မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
အိုဆင်မ်ဟန်ကို လှောင်ပြောင်မှုကြောင့် အလုပ်ထွက်ခဲ့ရတဲ့ နာပိုလီရဲ့ လူမှုကွန်ယက် တာဝန်ခံ

ဂါစီယာက “ကွင်းပြင်ပက ကိစ္စတွေက အရေးမကြီးပါဘူး။ ကျွန်တော် ကတော့ ကွင်းထဲက ကိစ္စ ကိုပဲ စိတ်ဝင်စားပြီး အခုဆိုရင် အိုဆင်မ်ဟန်က အသင်း အတွက် (၆) ပွဲမှာ (၄) ဂိုး သွင်းပြီးပါပြီ” “ကျန်တာတွေ ကတော့ သူတို့ ဘာသာ ဂရုစိုက်ကြပါလိမ့်မယ်” လို့ ပြောသွားခဲ့ပါတယ်။ အိုဆင်မ်ဟန်က အသင်းရဲ့ တရားဝင် TikTok အကောင့်မှာ သူ့ကို လှောင်ပြောင်ခဲ့လို့ တော်တော်လေး ဒေါသထွက်နေပါသေးတယ်။ ဒါပေမယ့်လည်း ပရော်ဖက်ရှင်နယ် ပီသတဲ့ သူ့ရဲ့ ပုံစံကို ဆက်တိုက် သက်သေပြနေပြီး အခုလိုမျိုး ခြေစွမ်းပြနေခဲ့တာပါ။

ဒါပေမယ့် ဂါစီယာရဲ့ ပြောစကား ကတော့ ကြယ်ပွင့် တစ်ယောက် အတွက် စိတ်ပျက်စရာပါပဲ။ တကယ်ဆိုရင် ဂါစီယာက ဒီကိစ္စကို ဦးစီး ဦးဆောင်ပြီး ဖြေရှင်းရမယ့် ပုဂ္ဂိုလ် တစ်ယောက်ပါ။ အသင်းနဲ့ အိုဆင်မ်ဟန် အကြား ကြားဝင် ဖျန်ဖြေပေးဖို့ လိုအပ်သလို စေ့စပ်ညှိနှိုင်းပေးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအနေအထားမျိုးမှာ ကွင်းပြင်ပက ကိစ္စကို သူတို့ဘာသာ ကြည့်လုပ်လိမ့်မယ် ဆိုပြီး ပြောတာမျိုး ကတော့ အိုဆင်မ်ဟန် အပေါ် တာဝန်မဲ့ရာ ကျလွန်းပါတယ်။ ပြီးစလွယ်ဆန်လွန်းပါတယ်။ နောက်ပြီး နာပိုလီ ဘက်က အိုဆင်မ်ဟန်ကို လှောင်ခဲ့တာ အတွက် တောင်းပန်မှာ မဟုတ်ဘူး လို့လည်း ဆုံးဖြတ်ပြီးပါပြီ။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လိုက်ဇစ်
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 1.67
ဂိုးအောက် 3.00 @ 1.96
ဂိုးပေါင်း 2-3 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီတော့ အိုဆင်မ်ဟန် တစ်ယောက် နာပိုလီ အတွက် ကစားသာ ကစားပေးနေပေမယ့် စိတ်တွေ ကတော့ ခပ်ဝေးဝေးကို ရောက်နေလောက်ပါပြီ။ နာပိုလီ ဥက္ကဌ ဒီ လော်ရန်းတစ်က သူ့ကစားသမားတွေကို၊ အထူးသဖြင့် အိုဆင်မ်ဟန် တို့လို ကြယ်ပွင့်တွေကို ပိုချစ်ပါတယ်။ အခု ပြဿနာ ကတော့ တကယ် ထူးထူးဆန်းဆန်း ဖြစ်နေခဲ့ပြီး ဒီလော်ရန်းတစ် တစ်ယောက်လည်း ဘာမှ မဖြေရှင်းနိုင်တဲ့ပုံပါပဲ။ ဒီတော့ သူ့အသင်းနဲ့ အိုဆင်မ်ဟန်တို့ အကြား ဖြစ်နေတာတွေကို လက်ပိုက်ထိုင်ကြည့်နေရုံ အပြင် မတတ်နိုင်ပါဘူး။ ဒီကြားထဲမှာမှ ဂါစီယာ ကိုယ်တိုင် ကပဲ မီးလောင်ရာ လေပင့်လုပ်လာခဲ့ပြီး ဒါက အိုဆင်မ်ဟန် အတွက် နှစ်ထပ်ကွမ်း စိတ်ပျက်စရာပါပဲ။ ပွဲထွက်ခွင့် မပေးဘဲ အရန်ခုံမှာပဲ ထိုင်ခိုင်းလိုက်တယ်။ ပြောတဲ့ စကားတွေ ကလည်း အဆီအငေါ် မတည့်တော့ ဒီတစ်ကြိမ် မှာတော့ အိုဆင်မ်ဟန် မလွန်ဘူးလို့ပဲ ပြောရပါလိမ့်မယ်။

ဒီလို အခြေအနေကြောင့် အိုဆင်မ်ဟန် အနေနဲ့ နာပိုလီကို စွန့်ခွာတော့မလား ဆိုတဲ့ ထင်ကြေးတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့ပါပြီ။ နောက်ပြီး အိုဆင်မ်ဟန် ကလည်း ဥရောပ ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေခဲ့တာ ကြာပြီ ဆိုတော့ လာမယ့် ဆောင်းရာသီမှာ စီးရီးအေ ကလပ်ကို လက်ပြ နှုတ်ဆက်သွားတော့မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်