စီးရီးအေ ကလပ် နာပိုလီ ကတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီ အသင်းဆီ ပြောင်းရွှေ့မယ့် ခါဗစ်ချာ ခါဗရာစခီလီယာရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေပြီ ဖြစ်ပါတယ်။ နာပိုလီက ဂျော်ဂျီယာ တောင်ပံ ကစားသမားရဲ့ နေရာ အတွက် မန်ချက်စတာယူနိုက်တက် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အစားထိုး ခေါ်ယူသွားချင်နေတာလည်း ဖြစ်ပါတယ်။
ခါဗရာစခီလီယာဟာ နာပိုလီ ကနေ ထွက်ခွာခွင့် ရဖို့ တောင်းဆိုထားပြီး နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီ ကိုယ်တိုင် ကလည်း အတည်ပြုထားခဲ့ပါတယ်။ ခါဗရာစခီလီယာ အနေနဲ့ သူ့ကို ခေါ်ယူချင်တဲ့ ကလပ် အသင်း များစွာ ထဲကမှ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ ကိုသာ ပြောင်းရွှေ့ဖို့ သဘောတူညီထားခဲ့တာလည်း ဖြစ်ပါတယ်။ ခါဗရာစခီလီယာ ကိုတော့ ပီအက်စ်ဂျီ အပြင် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ကလည်း စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား ကတော့ ပီအက်စ်ဂျီ ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ပြီး ဂျော်ဂျီယာသားက နာပိုလီမှာ ရခဲ့တဲ့ လုပ်ခလစာထက် ၅ ဆ နီးပါး တိုးမြှင့် ရရှိသွားဖို့ ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။
လက်ရှိမှာ ခါဗရာစခီလီယာရဲ့ အပြောင်းအရွှေ့ အတွက် နာပိုလီနဲ့ ပီအက်စ်ဂျီတို့ အကြား သဘောတူညီမှု ရရှိဖို့သာ ကျန်ရှိတော့ပြီး မကြာခင်မှာ နာပိုလီက သူတို့ရဲ့ အရေးပါတဲ့ ကစားသမားကို သေချာပေါက် လက်လွတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စီးရီးအေ ကလပ်က ဒီကစားသမားရဲ့ နေရာမှာ ပြန်လည် အစားထိုးဖို့ ကစားသမားသစ် တစ်ဦး ကြိုတင် ရှာဖွေနေပြီး ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူသွားဖို့ ဆန္ဒရှိနေပါတယ်။ နာပိုလီက ရက်ရှ်ဖို့ဒ်ကို အငှားနဲ့သာ အရင်ဆုံး ခေါ်ယူပြီးမှ အပြီးသတ် စာချုပ်ချုပ်ဆိုချင်တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် ကိုတော့ စီးရီးအေ ကလပ် အေစီမီလန် အပြင် ဂျူဗင်တပ်စ် ကလည်း စိတ်ဝင်စားနေသလို လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကလည်း ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ် အရွယ် ခါဗစ်ချာ ခါဗရာစခီလီယာ ကတော့ နာပိုလီမှာ တတိယမြောက် ရာသီကို ဖြတ်သန်းနေတာ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ ၁၀၇ ပွဲ ကစားရာမှာ ဂိုး ၃၀ သွင်းယူထားပါတယ်။ ဒီကစားသမားဟာ ဘယ်တောင်ပံ နေရာမှာ အဓိက ကစားပြီးတော့ တိုက်စစ်နဲ့ ကွင်းလယ် တိုက်စစ် နေရာမှာလည်း ကစားနိုင်သူ ဖြစ်ပါတယ်။လက်ရှိ မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ အေးဂျင့် ဖြစ်သူက သူ့ရဲ့ ကစားသမား အတွက် ကလပ် တော်တော်များများနဲ့ ချိတ်ဆက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိပြီး အေစီမီလန်နဲ့ ဆိုရင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးပြီလို့တောင် သိရပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာက မြင့်မားလွန်းနေတာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အခက်တွေ့နေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ယူနိုက်တက် ဘက်က ရက်ရှ်ဖို့ဒ်ကို ရာသီကုန် အထိ အငှားနဲ့ စေလွှတ်ပြီးမှ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းမှုမျိုးကို ပိုပြီး သဘောကျနေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.