ဂွါဒီယိုလာရဲ့ ချီးကျူးမှု ကိုတောင် လက်မခံခဲ့တဲ့ နာပိုလီ နည်းပြ၊ မော်ရင်ဟိုကို ဒိုင်လူကြီး ကတောင်မှ ပြန်လည် တောင်းပန်ခဲ့ရ စတဲ့ သတင်းတွေ အပါအဝင် မတ်လ ၁၇ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့ ချီးကျူးမှု ကိုတောင် လက်မခံခဲ့တဲ့ နာပိုလီ နည်းပြ
နာပိုလီ နည်းပြ လူစီယာနို စပယ်လက်တီက မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာရဲ့ ချီးကျူးမှုကို လက်မခံဘဲ ဒါက အသင်းကို ဖိအားပေးရာ ရောက်တယ်လို့ ယုံကြည်နေပါတယ်။
နာပိုလီတို့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့နောက် ဂွါဒီယိုလာက အဆိုပါ စီးရီးအေ အသင်းကို ဥရောပရဲ့ အကောင်းဆုံး အသင်း အဖြစ် ချီးကျူးခဲ့တာပါ။ နာပိုလီဟာ ဒီရာသီ မှာလည်း စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ သေချာသလောက် ရှိနေပြီး ချန်ပီယံလိဂ် မှာလည်း ပုံစံကောင်းနဲ့ အတူ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးက ယူရိုသန်း (၉၀၀) လောက် အသုံးပြုထားချိန်မှာ နာပိုလီက (၉) သန်းလောက်ပဲ သုံးထားကြောင်း၊ ဒီလိုမျိုး ပြောစကားတွေ ကြောင့်ပဲ မန်စီးတီးက နာပိုလီကို ဖြုတ်ချနိုင်ကြောင်း စပယ်လက်တီက ပြောကြားသွားခဲ့ပါတယ်။
အသင်း ပရိသတ်တွေ အတွက် ဂုဏ်ယူနေတဲ့ နာပိုလီ ဥက္ကဌ
နာပိုလီ ဥက္ကဌ အော်ရီလီယို ဒီလော်ရန်းတစ်က နာပိုလီ ပရိသတ်တွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ချီးကျူး ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
နာပိုလီနဲ့ ဖရန့်ဖတ် တို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲမတိုင်ခင် နေပယ်လ် မြို့လယ်ခေါင်မှာ ဖရန့်ဖတ် ပရိသတ်တွေနဲ့ ရဲတွေ ပြဿနာ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
စီးရီးအေ ကလပ်ရဲ့ ဥက္ကဌက အသင်းရဲ့ ပုံရိပ်ကို ထိန်းသိမ်းပေးခဲ့တဲ့ နာပိုလီ အမာခံ ပရိသတ်တွေ အတွက် ဂုဏ်ယူမိကြောင်း၊ တစ်ကမ္ဘာလုံးက ဒီလူတွေကို ရုပ်သံတွေက တစ်ဆင့် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ နာပိုလီက ဖရန့်ဖတ်ကို (၃) ဂိုးပြတ်နဲ့ ထပ်မံ အနိုင်ယူကာ နှစ်ကျော့ပေါင်း ရလဒ် ၅-၀ ဂိုးနဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
မော်ရင်ဟိုကို ဒိုင်လူကြီး ကတောင်မှ ပြန်လည် တောင်းပန်ခဲ့ရ
အီတလီ စီးရီးအေ ဒိုင်လူကြီး မာကို ဆာရာက ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုကို ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
မော်ရင်ဟို ကလည်း ဆာရာ အနေနဲ့ သင့်တော်တဲ့ ပုံစံမျိုးနဲ့ တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း၊ ဒေါသတကြီးနဲ့ ပြန်လည် တုံ့ပြန်ခဲ့ကြောင်း၊ ပွဲအပြီး မှာတော့ ဒိုင်လူကြီးတွေကို လူလိမ်တွေလို့ ပြောဆိုခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ မော်ရင်ဟိုဟာ သူ့ရဲ့ လုပ်ရပ်ကြောင့် နှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ဆာရာ ကလည်း သူ့ရဲ့ ရှေ့နေ အဖွဲ့နဲ့ ပြန်လည် တိုင်ပင်ကာ မော်ရင်ဟိုရဲ့ ဖြစ်ရပ်မှာ မလျော်ကန်တဲ့ ပုံစံမျိုးနဲ့ တုံ့ပြန်ခဲ့တာကို လက်ခံခဲ့တာကြောင့် မော်ရင်ဟိုကို ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.