နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒိုင်တွေကို လူလိမ်တွေလို့ ဒဲ့ဖြဲခဲ့တဲ့ မော်ရင်ဟို၊ ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာ မျှော်လင့်ချက် ရှိနေသေးတာ ကိုပဲ ဂုဏ်ယူရမယ် ဆိုတဲ့ မာရော့တာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

countdown banner

ဒိုင်တွေကို လူလိမ်တွေလို့ ဒဲ့ဖြဲခဲ့တဲ့ မော်ရင်ဟို၊ ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာ မျှော်လင့်ချက် ရှိနေသေးတာ ကိုပဲ ဂုဏ်ယူရမယ် ဆိုတဲ့ မာရော့တာ စတဲ့ သတင်းတွေ အပါအဝင် မတ်လ ၁၂ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒိုင်တွေကို လူလိမ်တွေလို့ ဒဲ့ဖြဲခဲ့တဲ့ မော်ရင်ဟို

ခရီမိုနီစ်ကို ရှုံးနိမ့်ခဲ့တဲ့ စီးရီးအေ အဝေးကွင်း ပွဲစဥ်မှာ သူ့ အနေနဲ့ စတုတ္ထဒိုင်လူကြီး ဆာရာကို လူလိမ်လို့ ပြောဆိုခဲ့တယ် ဆိုပြီး ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက လူသိရှင်ကြား ပြန်လည် ဖွင့်ဟလိုက်ပါတယ်။

ရိုးမားဟာ အဲ့ဒီပွဲမှာ ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး မော်ရင်ဟို ကလည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် အပြင်းအထန် စောဒက တက်ခဲ့တာကြောင့် ပွဲချိန် အတွင်းမှာ အနီကတ် ပြသခံခဲ့ရပါတယ်။ အဲ့ဒီပွဲက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ မော်ရင်ဟိုက “ဆာရာ အနေနဲ့ ကျနော့်ကို လှည့်တောင် မကြည့်ခဲ့သလို ဖြေရှင်းချက်လည်း မပေးခဲ့ပါဘူး။ ကျွန်တော့်ကို အိမ်ပြန်ခိုင်းခဲ့ပါတယ်။” လို့ ဆိုပါတယ်။

မော်ရင်ဟိုဟာ ပွဲအပြီးမှာ ဒိုင်လူကြီး နားနေခန်းထဲ အထိ ဝင်ရောက်သွားခဲ့ပြီးတော့ ဆာရာကို တောင်းပန်ဖို့ ပြောဆိုခဲ့ပါတယ်။ အဲ့နောက် ဒိုင်ဖြစ်သူကို ခင်ဗျားက တူရင်က လူပဲလို့ နောက်ပြောင်ခဲ့ပြီးတော့ ဆာရာက ဒေါသတကြီးနဲ့ ပြန်လည် တုံ့ပြန်လာချိန် မှာတော့ ခင်ဗျား တို့က လူလိမ်တွေ ပဲလို့ ပြောဆိုခဲ့ကြောင်း မော်ရင်ဟိုရဲ့ ပြန်လည် ဖွင့်ဟသွားခဲ့ပါတယ်။


ရေနစ်နေတဲ့ ပေါ့ဘာကို ဝါးကူထိုးပေးခဲ့တဲ့ ဂျူဗင်တပ်စ် သူရဲကောင်း

ဂျူဗင်တပ်စ် ဂန္တဝင်ဟောင်း ဒီလီဗီယိုက ပေါလ် ပေါ့ဘာ နေရာမှာ သူသာ ဆိုရင် အသင်း အစည်းအဝေးကို မိနစ် (၉၀) အလိုတည်းက ကြိုတင် ရောက်ရှိနေမှာ ဖြစ်ကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။

အဆိုပါ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူဟာ ဖရိုင်းဘတ်ကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် (၃၂) သင်း အဆင့် ပွဲမတိုင်ခင် အသင်း အစည်းအဝေးကို နောက်ကျခဲ့တာကြောင့် အသင်း လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ပေါ့ဘာရဲ့ လုပ်ရပ်ကို နည်းပြ မက်ဆီမို အယ်လီဂရီ ကိုယ်တိုင်က ဝေဖန်ခဲ့ပြီး ပေါ့ဘာ ကိုလည်း ဒဏ်ရိုက် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ပေါ့ဘာရဲ့ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး လီဗီယိုက အယ်လီဂရီ အနေနဲ့ ပေါ့ဘာကို ဒီလိုလုပ်တာ မှန်ကန်ကြောင်း၊ တစ်ပွဲမှ မကစားရသေးတဲ့ ကစားသမားက ဒါမျိုး နောက်ကျမယ်လို့ မစဥ်းစားမိကြောင်း၊ ဒီလို အခြေအနေမျိုးမှာ ပရော်ဖက်ရှင်နယ် ဆန်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ကျွန်တော်သာ ပွဲကစားဖို့ လပေါင်းများစွာ စောင့်ဆိုင်းနေရတဲ့ ကစားသမား ဆိုရင် ပွဲမစခင်၊ အစည်းအဝေး မစခင် တစ်နာရီခွဲအလို လောက်တည်းက ကြိုတင် ရောက်ရှိနေမှာ ဖြစ်ကြောင်း လီဗီယိုက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။


ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာ မျှော်လင့်ချက် ရှိသေးတာ ကိုပဲ ဂုဏ်ယူရမယ် ဆိုတဲ့ မာရော့တာ

အင်တာမီလန်ရဲ့ အထွေထွေ မန်နေဂျာ ဘတ်ပီ မာရော့တာက အသင်း အနေနဲ့ ဒီရာသီမှာ ပွဲတွေ ကစားဖို့ အများကြီး ရှိနေသေးတာ ကိုပဲ ဂုဏ်ယူသင့်ပြီလို့ ပြောကြားသွားခဲ့ပါတယ်။

အင်တာမီလန်ဟာ စီးရီးအေ ချန်ပီယံဆု အတွက် ကြိုးစားမှုက တော်တော်လေး အလှမ်း ဝေးသွားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာ ပြိုင်ပွဲ နှစ်ခု မှာတော့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာ ပြိုင်ပွဲ နှစ်ခုမှာ မျှော်လင့်ချက် ရှိနေဆဲလို့ ဆိုလိုက်တဲ့ မာရော့တာ

အင်တာမီလန်ဟာ စီးရီးအေ ချန်ပီယံဆု အတွက် ကြိုးစားမှုက တော်တော်လေး အလှမ်း ဝေးသွားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာ ပြိုင်ပွဲ နှစ်ခု မှာတော့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲမှာလည်း စပီဇီယာကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အဆိုပါ ပွဲအပြီး မှာတော့ မာရော့တာက အခုလို ဖွင့်ဟခဲ့တာပါ။

မာရော့တာက မတူညီတဲ့ ပြိုင်ပွဲတွေမှာ ထိပ်တန်း ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ဖို့ ရှိသေးတာ ကိုပဲ ဂုဏ်ယူသင့်ကြောင်း၊ ဒါပေမယ့် ကစားသမားတွေ ကလည်း ဒီလိုသမိုင်းဝင် အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခွင့် ရတာက ဂုဏ်ယူစရာ ဆိုတာကို သိထားကြောင်း၊ ပြိုင်ဘက် တစ်ယောက်ချင်းစီနဲ့ ရင်ဆိုင်ဖို့ အတွက် လိုအပ်တဲ့ စိတ်ဓာတ် ခွန်အားက အမြင့်ဆုံးမှာ ရှိနေဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်