နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မွန်ဇာနဲ့ ပွဲက ဒိုင်ကို အပြင်းအထန် ဝေဖန် လိုက်ပြန်တဲ့ မော်ရင်ဟို၊ ပိုချက်တီနို နည်းပြ ဖြစ်ရင် ချဲလ်ဆီးမှာ ပြန်လည် မြင်တွေ့ရဖွယ် ရှိနေတဲ့ လူကာကူ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

countdown banner

မွန်ဇာနဲ့ ပွဲက ဒိုင်ကို အပြင်းအထန် ဝေဖန် လိုက်ပြန်တဲ့ မော်ရင်ဟို၊ ပိုချက်တီနို နည်းပြ ဖြစ်ရင် ချဲလ်ဆီးမှာ ပြန်လည် မြင်တွေ့ရဖွယ် ရှိနေတဲ့ လူကာကူ အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၅ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မွန်ဇာနဲ့ ပွဲက ဒိုင်ကို အပြင်းအထန် ဝေဖန် လိုက်ပြန်တဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟို ကတော့ မွန်ဇာနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ စီးရီးအေ ပွဲမှာ ကိုင်တွယ်သွားခဲ့တဲ့ ကွင်းလယ်ဒိုင် ဒန်နီလီ ချစ်ဖီကို အပြင်းအထန် ဝေဖန်လိုက်ပြန်ပါတယ်။

ဒါ့အပြင် အဆိုပါ ပွဲမှာ မော်ရင်ဟိုက အဝတ်လဲခန်းထဲက ထွက်ကတည်းက သူ့မှာ မိုက်ခရိုဖုန်း တစ်ခုကို တပ်ဆင်ထားပြီး ပြောသမျှ အရာအားလုံးကို မှတ်တမ်းတင်ထားကြောင်း၊ သူ့ကိုယ်သူ ကာကွယ်ဖို့ ဆောင်ရွက်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

ကွင်းလယ်ဒိုင် ချစ်ဖီဟာ မွန်ဇာနဲ့ ပွဲမှာ ရိုးမား ကစားသမား မာမတ် ဆီလစ်ကို နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခဲ့ပြီး ဒီအပေါ်မှာ မော်ရင်ဟိုက အပြင်းအထန် ဝေဖန်ခဲ့တာပါ။ မော်ရင်ဟိုက ချစ်ဖီဟာ သူမြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး ကွင်းလယ်ဒိုင် တစ်ယောက် ဖြစ်ကြောင်း၊ နည်းစနစ်ပိုင်းအရ ဆိုးရွားသလို ကိုယ်ချင်းစာစိတ်လည်း မရှိ၊ ဆက်သွယ်မှုလည်း မကောင်းဘဲ ဘာကိုမှ မသိရှိခဲ့ကြောင်း ဝေဖန် ပြောကြားသွားခဲ့ပါတယ်။


ပိုချက်တီနို နည်းပြ ဖြစ်ရင် ချဲလ်ဆီးမှာ ပြန်လည် မြင်တွေ့ရဖွယ် ရှိနေတဲ့ လူကာကူ

ချဲလ်ဆီး နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ မော်ရစ်ဆီယို ပိုချက်တီနို အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို အမှန်တကယ် ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ ရိုမယ်လူ လူကာကူကို ထပ်မံ အခွင့်အရေး ပေးသွားဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

လူကာကူဟာ လက်ရှိမှာ စီးရီးအေ ကလပ် အင်တာမီလန်ကို အငှားနဲ့ သွားရောက် ကစားနေပြီး လာမယ့် နွေရာသီမှာ သူ့ရဲ့ အနာဂတ်က လှုပ်ခတ်လာဖို့ ရှိပါတယ်။
ချဲလ်ဆီး နည်းပြ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ပိုချက်တီနို

လူကာကူဟာ လက်ရှိမှာ စီးရီးအေ ကလပ် အင်တာမီလန်ကို အငှားနဲ့ သွားရောက် ကစားနေပြီး လာမယ့် နွေရာသီမှာ သူ့ရဲ့ အနာဂတ်က လှုပ်ခတ်လာဖို့ ရှိပါတယ်။ ချဲလ်ဆီးဟာ လက်ရှိ အချိန်မှာ ပိုချက်တီနိုကို နည်းပြ အဖြစ် ခန့်အပ်ဖို့ သတင်းတွေ သေချာသလောက် ရှိနေပြီး အဆိုပါ အာဂျင်တီးနား လူမျိုး နည်းပြ ကတော့ လူကာကူကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ထပ်မံ အခွင့်အရေး ပေးဖို့ ဆုံးဖြတ်ထားတာပါ။

စီးရီးအေ ကလပ် ဘက်ကလည်း လူကာကူကို ပြန်လည် လက်လွှတ်ရမယ် ဆိုတာ နားလည် သဘောပေါက်ထားပြီး ဘယ်လ်ဂျီယံ တိုက်စစ်မှူးကြီး အနေနဲ့ အင်္ဂလန်မြေကို ပြန်လည် ပြောင်းရွှေ့လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။


နာပိုလီက အောက်အသင်း ဖြစ်ခဲ့တယ် ဆိုတဲ့ အိုဆင်မ်ဟန်

နာပိုလီ တိုက်စစ်မှူး ဗစ်တာအိုဆင်မ်ဟန်က အသင်း အနေနဲ့ အောက်အသင်း တစ်သင်း ဖြစ်ခဲ့ကြောင်း၊ လက်ရှိမှာ အခိုက်အတန့်တိုင်းကို ပျော်ရွှင်ရမှာ ဖြစ်ကြောင်း စီးရီးအေ ချန်ပီယံဖြစ်ခဲ့တဲ့နောက် ဖွင့်ဟခဲ့ပါတယ်။

နာပိုလီဟာ မနေ့ညက ကစားခဲ့တဲ့ အူဒီးနီးစ်နဲ့ ပွဲစဥ်မှာ သရေ တစ်မှတ် ရရှိခဲ့တဲ့နောက် ရာသီကုန်ဖို့ (၅) ပွဲ အလိုမှာ ဒုတိယနေရာက လာဇီယိုကို (၁၆) မှတ် ဖြတ်ကာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒါဟာ သူတို့ အတွက် (၁၉၉၀) ခုနှစ် နောက်ပိုင်း (၃၃) နှစ်ကြာမှ ပထမဆုံး စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲအပြီး မှာတော့ အိုဆင်မ်ဟန်က လက်ရှိအချိန်မှာ အရမ်းပျော်နေပြီး အံ့အားသင့်စရာ ခံစားချက် ဖြစ်ကြောင်း၊ ကျွန်တော်တို့ ဒီအခိုက်အတန့်ကို နှစ်ပေါင်းများစွာ ကြာအောင် စောင့်ဆိုင်းခဲ့ရကြောင်း၊ ဘယ်သူကမှ ကျွန်တော် တို့ကို အထင်မကြီးခဲ့ဘဲ အောက်အသင်း တစ်သင်း ဖြစ်ခဲ့ကြောင်း၊ အဲ့ဒါကြောင့် လက်ရှိအချိန်မှာ အခိုက်အတန့်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်