နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မခံချင်စိတ်နဲ့ ကြိုးစား ရုန်းကန်ခဲ့တဲ့ လူကာကူ (စီးရီးအေ)

countdown banner

ဒီနေ့ ဒီအချိန်မှာ ရိုမယ်လူ လူကာကူ တစ်ယောက် စီးရီးအေ ကလပ် ရိုးမားမှာ ပုံစံကောင်းတွေ ပြန်ပြနေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ထိုးနှက်မှုတွေ၊ ဝေဖန်မှုတွေ များစွာနဲ့ ရင်ဆိုင်ခဲ့ရပြီးမှ ရိုးမားက မော်ရင်ဟိုရဲ့ လက်အောက်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လူကာကူ ဆိုတဲ့ ဒီကစားသမားက စီးရီးအေနဲ့ အစိမ်းသက်သက် ကစားသမားတော့ မဟုတ်ပါဘူး။ အင်တာမီလန်နဲ့ အတူ စကူဒက်တို ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ အထိ အီတလီ ဘောလုံးလောကနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ဒီတိုက်စစ်မှူးက စီးရီးအေ အတွက်များလားလို့ ထင်မှတ်ရအောင်ကို ခြေစွမ်းပြနိုင်ခဲ့တာပါ။

အင်တာမီလန်နဲ့ အတူ စကူဒက်တို ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ အထိ အီတလီ ဘောလုံးလောကနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ဒီတိုက်စစ်မှူးက စီးရီးအေ အတွက်များလားလို့ ထင်မှတ်ရအောင်ကို ခြေစွမ်းပြနိုင်ခဲ့တာပါ။
ရိုးမား အတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးနေပြီ ဖြစ်တဲ့ လူကာကူ

အင်တာမီလန် ကနေ အသင်းဟောင်း ချဲလ်ဆီးကို ပြန်ရောက်ခဲ့ပေမယ့် အင်တာမီလန် ကိုပဲ ပြန်လာတယ်၊ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာတော့ ခက်ခဲတဲ့ အခိုက်အတန့်တွေကို လူကာကူ တစ်ယောက် ကြိုးစား ရုန်းကန်ရင်း ကျော်ဖြတ်ခဲ့ရပါတယ်။

သူက အင်တာမီလန်ကို ပြောင်းဖို့ ဆွေးနွေးရင်းနဲ့မှ ဂျူဗင်တပ်စ်နဲ့ပါ ပြန်လည် ဆွေးနွေးလိုက်ပါသေးတယ်။ အဲ့ဒီအချိန်မှာ အင်တာမီလန် ဘက်က သူ့ကို သစ္စာဖောက် တစ်ယောက် အဖြစ် သတ်မှတ်လိုက်ပြီး အပြောင်းအရွှေ့ ကိစ္စရပ်တွေကို ရပ်တန့်လိုက်ပါတယ်။

ဖြစ်ချင်တော့ ဂျူဗင်တပ်စ် ပရိသတ်တွေ ကလည်း လူကာကူကို အလိုမရှိဘူး ဆိုပြီး လေ့ကျင့်ရေးကွင်းမှာ၊ ခြေစမ်းပွဲမှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ချဲလ်ဆီး ကလည်း မလိုချင်တဲ့နောက် ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ နွေရာသီ အပြောင်းအရွှေ့ ပိတ်ခါနီးအထိ ဘယ်အသင်း ပြောင်းရမှန်း မသိခဲ့ပါဘူး။

ဆော်ဒီကလပ်တွေ ဘက်ကလည်း ကမ်းလှမ်းမှုရခဲ့ပေမယ့် သူကတော့ ဥရောပမှာပဲ ဆက်နေဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒီအချိန်မှာပဲ မော်ရင်ဟို ရှိနေတဲ့ ရိုးမားက လူကာကူ အတွက် ကြိးစားမှုမှာ ပါဝင်လာခဲ့ပြီး အခုလိုမျိုး အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တာပါ။

အခုဆိုရင် သူက ရိုးမား အတွက် ပြိုင်ပွဲစုံ (၈) ပွဲကစားပြီးချိန်မှာ (၇) ဂိုး အထိ သွင်းယူပြီးပါပြီ။ စီးရီးအေ ကလပ်တွေနဲ့ လမိုင်းကပ်တဲ့ လူကာကူ အတွက် ရိုးမားမှာ အသားကျဖို့လည်း အများကြီး အချိန်မယူခဲ့ရပါဘူး။

ပရီးမီးယားလိဂ်
မန်ချက်စတာစီးတီး
ဘရိုက်တန်
1X2 မန်ချက်စတာစီးတီး @ 1.42
ဂိုးပေါင်း 2-3 @ 2.36
ဂိုးပေါ် 3.50 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီ ကတော့ သူ့အတွက် ခက်ခဲ ကြမ်းတမ်းတဲ့ အချိန်ကာလတွေ ဖြစ်ခဲ့တာကို သူကိုယ်တိုင်လည်း မငြင်းခဲ့ပါဘူး။ လူကာကူက “အခု အခန်းထဲရောက်နေတဲ့ သတင်းထောက် အများစုက ကျွန်တော့်ကို သိကြပါတယ်။ ကျွန်တော်က ချုံပုတ်တွေကို လိုက်ရှင်းရတာ မကြိုက်ပါဘူး။ သင့်တော်တဲ့ အချိန်ရောက်ရင် ကျွန်တော် ထုတ်ပြောမှာပါ။ ဒါပေမယ့် ကျွန်တော် ပြောလိုက်ရင် ခင်ဗျားတို့ ရှော့ခ်ရသွားမှာပါ”

“ကျွန်တော် ပေါက်ကွဲထွက်မလို ဖြစ်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပြီး ဒါကို လွန်ခဲ့တဲ့ (၅) နှစ်လောက် ကလည်း ရင်ဆိုင်ခဲ့ဖူးပါတယ်။ အခုတော့ ဘောလုံး ကစားတာနဲ့ ပတ်သက်ပြီး ကျွန်တော် အကောင်းဆုံး လုပ်နိုင်တာကိုပဲ အာရုံစိုက်ပါတော့တယ်။ ကျွန်တော်က နွေရာသီတိုင်းမှာ အမြဲတမ်း အလုပ်ကြိုးစားခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လူကာကူက လက်ရှိအချိန်မှာ သူ့ရဲ့ သွင်းဂိုးတွေနဲ့ အတူ မော်ရင်ဟိုရဲ့ ရိုးမား နည်းပြရာထူးကို ကာကွယ်ပေးထားဆဲပါ။ ဒါမျိုး သူရှေ့ဆက်နိုင်မလား၊ အီတလီမြေမှာပဲ မတူညီတဲ့ နောက်ထပ် အသင်း တစ်သင်းနဲ့ အောင်မြင်နိုင်ဦးမလား ဆိုတာ ပရိသတ်တွေလည်း စိတ်ဝင်စားနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်