နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးမှာ အဆိုးရွားဆုံး အချိန်တွေ ဖြတ်သန်းခဲ့ရတယ် ဆိုတဲ့ လူကာကူ | စီးရီးအေ

စီးရီးအေ ကလပ် နာပိုလီ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ကတော့ အသင်းဟောင်း ချဲလ်ဆီးနဲ့ ပတ်သတ်လို့ ဖွင့်ဟ ပြောဆိုမှုတွေ ပြလုပ်လာခဲ့ပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးက သူ့ အနေနဲ့ ချဲလ်ဆီးကို ဒုတိယအကြိမ် ပြောင်းရွှေ့ ကစားခဲ့စဉ်တုန်းက ဆိုးရွားတဲ့ ကာလတွေ ဖြတ်သန်းခဲ့ရပြီးတော့ လူငယ် ကစားသမားတွေရဲ့ သီးသန့် အဝတ်လဲခန်း အထိပါ ပြောင်းရွှေ့ခဲ့ရတဲ့ အထိ ဆိုးရွားခဲ့ကြောင်း ပြန်လည် ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

စီးရီးအေ တိုက်စစ်မှူးက သူ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက အိပ်မက်ဆိုး ဖြစ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ကာ ချဲလ်ဆီး ဘက်က သူ့ရဲ့ ပုံရိပ်ကို မီဒီယာတွေပေါ်မှာပါ ညစ်ပတ်အောင် ပြုလုပ်ခဲ့ကြောင်းလည်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လူကာကူက Corriere dello Sport နဲ့ အင်တာဗျူး မှာ အခုလိုပဲ ပြောကြားလာခဲ့တာပါ။ “ကျွန်တော် တစ်ယောက်တည်း ချဲဆီးမှာ အဲဒီလို ကြုံခဲ့ရ တာ မဟုတ်ဘူး။ အော်ဘာမီယန်းနဲ့ ဇီယက်ချ် တို့လည်း အစီအစဉ် ကနေ ဖယ်ကျဉ်ခံခဲ့ရပါတယ်။ သူတို့ ကျွန်တော် တို့ကို လူငယ်တွေရဲ့ သီးသန့် အဝတ်လဲခန်းမှာ ပြောင်းခိုင်းခဲ့တယ်။ ဒါက စီးပွားရေးဆန်ပါတယ်။ အသင်းက မင်းကို မလိုချင်တော့ဘူးလို့ ပြောပြီး မင်း ဘယ်မှာ ပြီးဆုံးသွားမလဲ ဆိုတာလည်း မကြာခဏ ပြောပြပါတယ်။ ဒါပေမယ့် မင်းမှာ ထွက်ခွာချင်တဲ့ အကြောင်းပြချက် အခိုင်အလုံ ရှိရင်တောင် မင်းမှာ ရွေးချယ်ခွင့် မရှိဘူး။ သူတို့က မင်းကို နောက်ဆုံး အချိန်ထိ ဆွဲထားမယ် ပြီးရင် ပင်ပန်းအောင် လုပ်ပါလိမ့်မယ်။” လို့ ဆိုပါတယ်။

လက်ရှိမှာ လူကာကူရဲ့ နာပိုလီက စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးက အင်တာမီလန်ထက် တစ်ပွဲလျော့ ကစားပြီး ၄ မှတ် အကွာနဲ့ အဆင့် ၂ နေရာ ကနေ ဆက်လက် ဖိအားပေးနေပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာမျာ ရပ်တည်နေတဲ့ လူကာကူ

ဆက်လက်ပြီး လူကာကူက “အသင်းတွေမှာ မီဒီယာနဲ့ ဆက်ဆံရေး ရှိကြတယ်။ ကစားသမား တစ်ယောက်ကို ခက်ခဲတဲ့ အနေအထားမှာ ထားဖို့ ဒါမှမဟုတ် မှားယွင်းတဲ့ ပုံရိပ်တစ်ခု ဖန်တီးဖို့ သိပ်မခက်ပါဘူး။ ကျွန်တော့်ကို ယုံပါ၊ ကျွန်တော် ဘယ်တော့မှ မထင်မှတ်ထားတဲ့ အရာတွေ မြင်ခဲ့ရတယ်။ တစ်နေ့နေ့မှာ လူငယ် ကစားသမားတွေကို ဒီအကြောင်းအရာ အားလုံး ရှင်းပြချင်ပါတယ်။ ဘယ်သူက သူတို့ အတွက် တကယ်လုပ်ပေးနေသလဲ။ ဘယ်သူက သူတို့ကို ဆန့်ကျင်နေသလဲ ဆိုတာကို သိစေချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လူကာကူဟာ ၂၀၂၁ ခုနှစ်မှာ အင်တာမီလန် ကနေ ချဲလ်ဆီးကို အဲ့ဒီအချိန်တုန်းက စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၉၈ သန်းနဲ့ အံ့အားသင့်ဖွယ် ပြန်လည် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူကာကူက ပရီးမီးယားလိဂ်မှာ ၂၆ ပွဲသာ ကစားခဲ့ရပြီး ၈ ဂိုးသာ သွင်းယူနိုင်ခဲ့သလို အင်တာမီလန်နဲ့ ရိုးမား အသင်းတွေဆီ အငှား ပြန်လည် ထွက်ကစားခဲ့ရပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးက ပြီးခဲ့တဲ့ နွေရာသီ မှာတော့ ဆရာဟောင်း ကွန်တီ ရှိရာ နာပိုလီကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။

လူကာကူက နာပိုလီ မှာတော့ သူ့ဆရာဟောင်း ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိနေခဲ့ပြီးတော့ ဒီရာသီ စီးရီးအေမှာ ၉ ဂိုး သွင်းကာ ၇ ဂိုး အထိ ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နာပိုလီကို စီးရီးအေ ချန်ပီယံဆု အတွက် အကောင်းဆုံး တိုက်ပွဲဝင်နိုင်အောင် အဓိက နေရာ ကနေ တွန်းပို့ပေးနေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ လူကာကူရဲ့ နာပိုလီက စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးက အင်တာမီလန်ထက် တစ်ပွဲလျော့ ကစားပြီး ၄ မှတ် အကွာနဲ့ အဆင့် ၂ နေရာ ကနေ ဆက်လက် ဖိအားပေးနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်