နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်မှာဆို “ဂျင်း”၊ စီးရီးအေ မှာဆိုရင် အောင်မြေနင်းတဲ့ လူကာကူ

countdown banner

လူကာကူနဲ့ ပတ်သက်လာရင် ကောင်းဆိုးကျိုးကြောင်း ပြောစရာတွေက ရောထွေးလွန်းပါတယ်။ သူ့ရဲ့ ကစားသမားဘဝ အဓိက ထင်ရှားလာတာက ဝက်စ်ဘရွန်း၊ အဲဗာတန် တို့မှာပါ။ ဒါပေမယ့် သူက ယူနိုက်တက်၊ ချဲလ်ဆီး တို့လို ပရီးမီးယားလိဂ် ထိပ်တန်း အသင်းကြီးတွေကို ရောက်သွားတိုင်း တိုင်ပတ်ပါတယ်။ ဒါပေမယ့် ထူးခြားတာက လူကာကူက ပရီးမီးယားလိဂ်မှာ “ဂျင်း” ထည့်ခဲ့သလောက် စီးရီးအေ မှာ ဆိုရင်တော့ ဆရာကြီး ဗားရှင်း ဖြစ်နေတာပါ။

သူ့ရဲ့ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုက ကစားသမားတော်တော်များများထက် ခေါင်းတစ်လုံး သာနေပါတယ်။ အဲ့ဒါကြောင့်လည်း စီးရီးအေက လူကာကူ အတွက် အောင်မြေ တစ်ခုလို ဖြစ်နေတယ် ဆိုရင်လည်း မမှားပါဘူး။ 

အင်တာမီလန်မှာ အငှားနဲ့ သွားကစားရင်း အောင်မြင်တဲ့ ရာသီ တစ်ခုကို ဖြတ်သန်းနိုင်ခဲ့တယ်။ အသင်းနဲ့ အတူ စကူဒက်တို ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒါကပဲ သူ့ကို ချဲလ်ဆီးတို့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြန်ခေါ်ဖို့ အထိ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် သူ ချဲလ်ဆီးကို ပြန်ရောက်သွားချိန်မှာတော့ အဆင်မပြေပါဘူး။ အရင်လို “ဂျင်း” ဗားရှင်းနဲ့ ကစားသမား တစ်ဦး ပြန်ဖြစ်သွားပါတယ်။

ပြီးခဲ့တဲ့ ရာသီက အင်တာမီလန်ကို အငှားနဲ့ လာကစားရင်း ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီ ရိုးမားကို အငှားနဲ့ ထပ်ရောက်သွားချိန်မှာတော့ တော်တော်လေး ခြေစွမ်းပြနေနိုင်တာ တွေ့ရပါတယ်။ စီးရီးအေ (၄) ပွဲ ကစားပြီးချိန်မှာ (၃) ဂိုး အထိ သွင်းယူထားနိုင်တာက သက်သေပါပဲ။

ဒါတောင် ဒီပွဲတွေထဲမှာ လူစားဝင် ကစားတဲ့ အရေအတွက်ကိုပါ ထည့်တွက်ထားတာပါ။ ယူရိုပါလိဂ် အုပ်စုအဖွင့် မှာလည်း လူကာကူက ပြိုင်ဘက် သုံးလေးယောက်ကြားထဲ ကနေ ဖောက်ထွက်ပြီး ဂိုးသွင်းယူပြခဲ့ပါသေးတယ်။ 

စီးရီးအေ
ဖရိုစီနန်
ဖီအိုရင်တီးနား
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 2.50 @ 1.86
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စီးရီးအေကို စစရောက်ချင်း ရိုးမား အတွက် စစကစားချင်း လူကာကူရဲ့ အလွဲလွဲ အချော်ချော် သံသရာက အဆုံးမသတ်တော့ဘူးလားလို့ တွေးမိသူတွေ ရှိကြမှာပါ။ ဒါပေမယ့်လည်း အခုချိန်မှာတော့ လူကာကူက မော်ရင်ဟို အတွက် မရှိမဖြစ် ကစားသမား နေရာကို တဖြည်းဖြည်း ယူလာခဲ့ပါပြီ။ 

အချို့သော ကစားသမားတွေက အလယ်အလတ်တန်း အသင်းတွေမှာ ဘယ်လောက်ပဲ ကောင်းကောင်း၊ ထိပ်တန်း အသင်းတွေ ရောက်ရင် ပျောက်သွားတာ၊ မလုပ်ပြနိုင်တာ ရှိပါတယ်။ ဒါကို ဘောလုံး ပရိသတ်တွေ ကောင်းကောင်း ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ 

လူကာကူ တစ်ယောက် ချဲလ်ဆီး၊ ယူနိုက်တက် တို့မှာ ရုန်းကန်ခဲ့ရတုန်းက သူ့ကို အလယ်အလတ်တန်းစား တိုက်စစ်မှူး အဖြစ်ပဲ မြင်ခဲ့ကြသူတွေ ဒုနဲ့ဒေးပါ။ ဒါပေမယ့် စီးရီးအေ ကတော့ သူ့ရဲ့ မုတ်ချ အောင်မြေပါပဲ။ 

စီးရီးအေရဲ့ ထိပ်တန်း အသင်းကြီးတွေက လူကာကူကို ခေါ်ယူလိုပြီး ပြီးခဲ့တဲ့ နွေရာသီမှာ ဂျူဗင်တပ်စ် ကလည်း လူကာကူ အတွက် အပြိုင်ဝင် ကြိုးပမ်းခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် လူကာကူ ကတော့ သူနဲ့ ကိုက်ညီတဲ့ နေရာ၊ လိုက်ဖက်တဲ့ လိဂ် တစ်ခုကို ရှာတွေ့နေပါပြီ။ 

အရင်ကတည်းက ရှာတွေ့ပြီးသားပါ။ ဒါပေမယ့်လည်း အခုချိန်က အသေချာဆုံး သက်သေတစ်ခု အဖြစ် ပြောလို့ရပြီး လူကာကူ အနေနဲ့ အရင်ကလိုမျိုး အထွန့်တက်ပြီး ပရီးမီးယားလိဂ်ကို ပြန်သွားတာမျိုး မလုပ်ဖို့၊ ကစားသမားဘဝ အသည်းအသန်နဲ့ အနာဂတ် ဖန်တီးတာမျိုး မဖြစ်ဖို့ကိုသာ စဉ်းစားရတော့မှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်