နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်ဟန်ကို စိတ်ဝင်စားတဲ့ အသင်းတွေထဲ လစ်ဗာပူးလ်လည်း ပါဝင်လာ၊ အသင်းမှာ အနာဂတ် မသေချာကြောင့် ရာဘီယော့တ် ဖွင့်ဟ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အိုဆင်ဟန်ကို စိတ်ဝင်စားတဲ့ အသင်းတွေထဲ လစ်ဗာပူးလ်လည်း ပါဝင်လာ၊ အသင်းမှာ အနာဂတ် မသေချာကြောင့် ရာဘီယော့တ် ဖွင့်ဟ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အိုဆင်ဟန်ကို စိတ်ဝင်စားတဲ့ အသင်းတွေထဲ လစ်ဗာပူးလ်လည်း ပါဝင်လာ

ပရီးမီးယားလိဂ်မှာ ခြေစွမ်းပိုင်း ကျဆင်းနေတာကြောင့် ဖိအားတွေအောက် ရောက်ရှိနေတဲ့ လစ်ဗာပူးလ်ဟာ စီးရီးအေ ကလပ် နာပိုလီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရှိရပါတယ်။

ကနဦးမှာ အဆိုပါ တိုက်စစ်မှူးကို မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး နာပိုလီ ကတော့ ကစားသမား အတွက် အနည်းဆုံး တန်ကြေး ယူရိုသန်း (၁၂၀) သတ်မှတ်ထားပါတယ်။ အိုဆင်ဟန်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ နာပိုလီ အတွက် (၂၃) ဂိုးအထိ သွင်းယူပေးထားပြီး စီးရီးအေရဲ့ ရွှေဖိနပ်ဆု ကိုလည်း ဆွတ်ခူးဖို့ ရေပန်းစားနေပါတယ်။

အဲ့ဒါကြောင့်လည်း ရာသီကုန်မှာ တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အား ဖြည့်တင်းရတော့မယ့် လစ်ဗာပူးလ်က အိုဆင်မ်ဟန်ကို စိတ်ဝင်စားလာတာ ဖြစ်နိုင်ပြီး နာပိုလီ ဥက္ကဌ အော်ရယ်လို ဒီလော်ရန်းတစ် ကတော့ အိုဆင်ဟန်ကို ရောင်းချမှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားထားပါတယ်။


ဒဏ်ရာ တစ်ဖက်နဲ့ နှင်းလျှောစီးနေတဲ့ ပေါ့ဘာကို အီတလီ ဂန္တဝင်ဟောင်းကြီး ဝေဖန်

အီတလီနဲ့ ဂျူဗင်တပ်စ် ကွင်းလယ် ကစားသမားဟောင်းကြီး မာကိုတာဒယ်လီက ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ အနေအထားနဲ့ ပတ်သက်လို့ ဝေဖန် ပြောကြားလာခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဒေါ့မွန်
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 2.92
ဂိုးပေါ် 2.75 @ 2.23
ဂိုးပေါင်း 0-1 @ 3.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စီးရီးအေကို ပြန်လည် ရောက်ရှိလာခဲ့ပေမယ့် ဒူးဒဏ်ရာကြောင့် လက်ရှိအချိန် အထိ တူရင် ကလပ် အတွက် တစ်ပွဲမှ ပါဝင် ကစားပေးနိုင်ခြင်းမရှိသေးတဲ့ အပြင် နှင်းလျှောစီးနေတာကြောင့် အခုလို ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ဒဏ်ရာ တိုးတက်မှုနှုန်း ကလည်း တော်တော်လေး နှေးကွေးလွန်းနေတာကြောင့် အသင်းဘက်က ပေါ့ဘာရဲ့ အနေအထား အပေါ် စိတ်ပျက်နေတယ်လို့ သတင်းတွေထွက်‌ပေါ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖူးတဲ့ တာဒယ်လီ ကလည်း လက်ရှိအချိန်မှာ ပေါ့ဘာက အသင်း အတွက် ပြဿနာ ဖြစ်နေပြီး သူ ပြန်ကစားနိုင်မယ့် အချိန်ကို ဘယ်သူမှ မသိကြောင်း၊ အသင်းသားတွေ အခက်တွေ့နေချိန်မှာ ပေါ့ဘာက နှင်းလျှောစီးနေကြောင်း၊ အခုဆိုရင် သူ့ပြဿနာက အသင်း အတွက် သေချာပေါက် ဖြေရှင်းရတော့မှာ ဖြစ်ပြီး အသင်း အနေနဲ့ တိကျ သေချာတဲ့ ပစ်မှတ် မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။


အသင်းမှာ အနာဂတ် မသေချာကြောင့် ရာဘီယော့တ် ဖွင့်ဟ

ဂျူဗင်တပ်စ် ကွင်းလယ်လူ ရာဘီယော့တ်က စီးရီးအေ ကလပ် အသင်းမှာ သူ့ရဲ့ အနာဂတ် ဆက်ရှိဖို့ မသေချာကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့ ရာဘီယော့တ်

ဂျူဗင်တပ်စ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ်က စီးရီးအေ ကလပ် အသင်းမှာ သူ့ရဲ့ အနာဂတ် ဆက်ရှိဖို့ မသေချာကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ရာဘီယော့တ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာလည်း မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ခလစာ တောင်းဆိုမှုကို ယူနိုက်တက် ဘက်က မလိုက်လျောခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ ဂျူဗင်တပ်စ်မှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဇွန်မှာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်းကုန်မယ့် ရာဘီရော့တ်က လက်ရှိအခိုက်အတန့်မှာ အဆင်ပြေနေပေမယ့် ဘာတွေ ဆက်ဖြစ်မယ် ဆိုတာ မသိကြောင်း၊ အသင်းနဲ့ ဆွေးနွေးရမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ အခြား ပိုမို အရေးကြီးတဲ့ အကြောင်းအရာတွေ ရှိနေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်