နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်လို့ ကွန်ဖရင့်လိဂ် ကနေ ဂျူဗင်တပ်စ် အထုတ်ခံရတဲ့ ဂျူဗင်တပ်စ် (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်လို့ ကွန်ဖရင့်လိဂ် ကနေ ဂျူဗင်တပ်စ် အထုတ်ခံရတဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် လာမယ့်ရာသီ ကွန်ဖရင့်လိဂ်မှာ ပါဝင်ကစားခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။

ဒါဟာ (၂၀၁၂) ခုနှစ်ကနေ (၂၀၁၉) ခုနှစ်အတွင်း ကိစ္စရပ်တွေကြောင့် အရေးယူခံရတာ ဖြစ်ပြီး ဂျူဗင်တပ်စ်တို့ အနေနဲ့ ဒဏ်ကြေးငွေ ပေါင် (၁၇.၁၄) သန်း ကိုလည်း ပေးဆောင်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း အပြောင်းအရွှေ့ကိစ္စရပ်တွေ အပါအဝင် အခြားသော ကိစ္စရပ်တွေမှာ စာရွက်စာတမ်း မသမာမှုတွေ ကျူးလွန်ခဲ့တာကြောင့် စီးရီးအေမှာ အမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါသေးတယ်။

ဒီလိုမျိုး ကွန်ဖရင့်လိဂ် ကနေ အထုတ်ခံရတဲ့ အပေါ် ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံကြောင်းနဲ့ ဒီပြစ်ဒဏ် အပေါ်မှာ အယူခံဝင်မှာ မဟုတ်ကြောင်း ဂျူဗင်တပ်စ် ဘက်က တရားဝင် အတည်ပြုထားပါတယ်။

ပရီးမီးယားလိဂ်
နော်တင်ဟမ် ဖောရက်စ်
ရှက်ဖီး ယူနိုက်တက်
1X2 ရှက်ဖီး ယူနိုက်တက် @ 3.05
နော်တင်ဟမ် ဖောရက်စ် အာရှ အကျောပေး -0.25 @ 1.86
ဂိုး‌အောက် 2.25 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အယ်လ်မီးရီးယား တိုက်စစ်မှူးကို ခေါ်ယူလိုက်တဲ့ အတ္တလန္တာ

စီးရီးအေ ကလပ် အတ္တလန္တာဟာ အယ်လ်မီးရီးယား တိုက်စစ်မှူး အယ်လ်ဘီလယ် တိုရေး ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အယ်လ်ဘီလီဟာ အတ္တလန္တာနဲ့ ဆေးစစ်မှုခံယူတော့မှာ ဖြစ်ပြီး သူ့အတွက် အတ္တလန္တာတို့ ပြောင်းရွှေ့ကြေး ပေါင် (၂၇) သန်း ပေးချေခဲ့ရကြောင်း သိရပါတယ်။

ဒါ့အပြင် အယ်လ်ဘီလယ်ရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု အပေါ် မူတည်ပြီး နောက်ထပ် အပိုဆုကြေး ယူရို (၃) သန်း ပေးချေသွားမယ်လို့ သတင်းတွေက ဆိုထားပါတယ်။ အသက် (၂၁) နှစ် အရွယ် ဒီတိုက်စစ်မှူးဟာ လက်ရှိ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းထွက်ပေါ်နေတဲ့ တိုက်စစ်မှူး ရက်စ်မက်စ် ဟို့ဂျလန်းရဲ့ နေရာကို အစားထိုးဖို့ အတွက် အတ္တလန္တာရဲ့ ကြိုတင် ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။

ရက်စ်မက်စ် ဟို့ဂျ်လန်း အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေက တော်တော်လေး နီးစပ်နေပြီး ကစားသမား ကိုယ်တိုင် ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီးပါပြီ။


ကယ်ဂလီယာရီကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ ရိုးမား တိုက်စစ်မှူး

ရိုးမား တိုက်စစ်မှူး အယ်လ်ဒေါရှိုမူရိုဒေါ့ဗ်ဟာ စီးရီးအေ ကလပ် ဖြစ်တဲ့ ကယ်ဂလီယာရီကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ဆမ်ဒိုးရီးယားမှာ အငှားနဲ့ လာရောက် ကစားခဲ့ပြီး ကယ်ဂလီယာရီ ကတော့ ဒီကစားသမား အတွက် ငှားရမ်းခ ယူရို (၁) သန်း ပေးချေခဲ့ရပါတယ်။

ဒါ့အပြင် ကစားသမား လုပ်ခရဲ့ (၅၀) ရာခိုင်နှုန်း ကိုလည်း ပေးချေဖို့ စီစဉ်ထားပြီး လာမယ့် ဇွန်လမှာ ပြောင်းရွှေ့ကြေး ယူရို (၉) သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မှာပါ။ အသက် (၂၀) အရွယ် ရှိပြီ ဖြစ်တဲ့ ဥဇဘက်ကစ္စတန် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာ ဂျီနိုအာ ကနေ ရိုးမားကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်