နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုဆင်မ်ဟန် အတွက် ကစားသမား အလိုက်ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဂျူဗင်တပ်စ် | စီးရီးအေ

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ ဂါလာဆာရေးမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီလို့ သိရပါတယ်။ တူရင် ကလပ်ဟာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ငွေသား အပြင် ကစားသမား အလိုက်ပေး ကမ်းလှမ်းဖို့ပါ စီစဉ်နေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်ဟာ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ အဆင်မပြေ ဖြစ်နေပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို လာမယ့် နွေရာသီမှာ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးရီအေ ကလပ် ဂျူဗင်တပ်စ်က ဗလာဟိုဗစ်ရဲ့ နေရာမှာ အိုဆင်မ်ဟန်ကို အစားထိုး ပြန်လည် ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ tuttosport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ် ဟာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ အတွက် ငွေသား အပြင် အသင်း နောက်ခံ ကစားသမား ဂက်တီ ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဗစ်တာ အိုဆင်မ်ဟန်ဟာ နာပိုလီနဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီးတော့ လာမယ့် နွေရာသီမှာ သူ့ရဲ့ စာချုပ် လျော်ကြေးက ပေါင် ၇၅ သန်းကို ကျဆင်းသွားဖို့ ရှိကြောင်း အီတလီ မီဒီယာတွေက ဖော်ပြလျက် ရှိနေပါတယ်။

စီးရီးအေ ကလပ် အနေနဲ့ ဟွိုက်ဂျ်လန်းကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ်လည်း ရှိနေပါတယ်။
ဥရောပထိပ်တန်း ကလပ်များစွာရဲ့ ပစ်မှတ် ဖြစ်နေဆဲ ဗစ်တာ အိုဆင်မ်ဟန်

ဒါကြောင့် နာပိုလီက အသင်းနဲ့ စာချုပ် သက်တမ်း ၁ နှစ်ကျော်သာ ကျန်ရှိနေတဲ့ အိုဆင်မ်ဟန်ကို လာမယ့် နွေရာသီမှာ ရောင်းထုတ်ဖို့ ရှိပြီး ဂျူဗင်တပ်စ်က ငွေသား အပြင် ကစားသမားပါ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုဆင်မ်ဟန်ကို အသည်းအသန် လိုချင်နေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ယူနိုက်တက်ဟာ အိုဆင်မ်ဟန်ကို ဟွိုက်ဂျ်လန်းနဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယူနိုက်တက်ဟာ အသင်းမှာ ပုံမှန် ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ ဒိန်းမတ် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို လာမယ့် နွေရာသီမှာ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ဟွိုက်ဂျ်လန်းရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ သတ်မှတ်ထားပြီး အိုဆင်မ်ဟန် အတွက် ကစားသမား + ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းရဲ့ တကယ်တမ်း ဈေးကွက် တန်ကြေး ကတော့ ပေါင် ၅၈ သန်း ရှိပြီးတော့ ဒါဟာ ယခင်ထက် အနည်းငယ် လျော့ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။ စီးရီးအေ ကလပ် အနေနဲ့ ဟွိုက်ဂျ်လန်းကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ်လည်း ရှိနေပါတယ်။

အိုဆင်မ်ဟန် ကတော့ ဒီရာသီမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ဂါလာတာဆာရေး မှာလည်း ပြိုင်ပွဲစုံ ပွဲ ၃၀ ကစားရာမှာ ၂၆ ဂိုး သွင်းယူထားပါတယ်။လက်ရှိမှာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ယူနိုက်တက် အပြင် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အပါအဝင် ဥရောပ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်