နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗလာဟိုဗစ်ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ ဂျုဗင်တပ်စ် | စီးရီအေ

စီးရီးအေထိပ်သီး ကလပ် ဂျူဗင်တပ်စ် အနေနဲ့ လက်ရှိ နွေရာသီမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖက်ဒရစ်ကို ခီယေဇာကို ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြေင့် ခီယေဇာကို လက်လွှတ်လိုက်ရတဲ့ အဖြစ်မျိုး ထပ်ပြီး မဖြစ်စေဖို့ အတွက် အဓိက တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် စီစဉ်နေတယ်လို့ သိရသည်။

တူရင် ကလပ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ အီတလီ တောင်ပံ တိုက်စစ် ကစားသမား ခီယေဇာကို လစ်ဗာပူးလ် ထံ Add-ons ကြေးတွေ အပါအဝင် ယူရို (၁၅) သန်းထဲနဲ့ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ဂျူုဗင်တပ်စ်ဟာ လက်ရှိ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ခီယေဇာကို ခေါ်ယူခဲ့စဉ်က Add-ons ကြေး အပါအဝင် ယူရိုသန်း ၅၀ အထိ ပေးချေခဲ့ရတာကြောင့် အရှုံးပေါ်ခဲ့တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒါဟာ စီးရီးအေ ကစားသမားတွေထဲမှာ လုပ်ခ လစာ အများဆုံး ရရှိနေတာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်မှာ တစ်နှစ် လုပ်ခ လစာ ယူရို ၁၂ သန်း အထိ ရရှိနေတဲ့ ဗလာဟိုဗစ်

ဒါကြောင့် ဂျူဗင်တပ်စ် အနေနဲ့ ခီယေဇာလို အဖြစ်မျိုးကို ရှောင်ရှားနိုင်ဖို့ အတွက် အခုအခါ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်က ဂျူဗင်တပ်စ်နဲ့ ၂၀၂၆ ခုနှစ် ဇွန်လ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဗလာဟိုဗစ်ဟာ လက်ရှိ စီးရီးအေ ကလပ်မှာ ဆုကြေးတွေ ထည့်သွင်း တွက်ချက်ရင် တစ်နှစ် လုပ်ခ လစာ ယူရို ၁၂ သန်း အထိ ရရှိနေပါတယ်။ ဒါဟာ စီးရီးအေ ကစားသမားတွေထဲမှာ လုပ်ခ လစာ အများဆုံး ရရှိနေတာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်မှာ ဗလာဟိုဗစ်မှာ လစာ အများဆုံး ရရှိနေသူ ကတော့ နောက်ခံလူ ဂလိုင်ဆင် ဘရီမာ ဖြစ်ပြီးတော့ သူ့ရဲ့ တစ်နှစ် လုပ်ခ လစာ ကတော့ ယူရို ၆ သန်း ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဂျူဗင်တပ်စ် တာဝန်ရှိသူတွေက ဗလာဟိုဗစ်ကို လစာလျှော့ပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဗလာဟိုဗစ်ကို လစာလျှော့ယူစေမှာ ဖြစ်ပေမယ့်လည်း အပိုဆုကြေး ကိုတော့ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် အီတလီ မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်မှာ ပျော်ရွှင်နေသလို၊ နည်းပြသစ် သီယာဂို မော့တာနဲ့ ဆက်ဆံရေး ကောင်းမွန်နေတဲ့ အတွက် ဂျူဗင်တပ်စ် တာဝန်ရှိတွေက ဗလာဟိုဗစ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ဗလာဟိုဗစ်ဟာ ၂၀၂၂ ခုနှစ်မှာ ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်စ်ကို ယူရို သန်း ၈၀ နဲ့ ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၁၀၄ ပွဲမှာ ၄၃ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့်လည်း ဗလာဟိုဗစ်ဟာ အပြောင်းအရွှေ့ရာသီ ရောက်တိုင်း အသင်းတိုင်းကို ပြောင်းရွှေ့ ရောက်ရှိဖို့ သတင်းတွေ ထွက်ပေါ်တတ်သူ ဖြစ်ပြီး သူ့ကို စိတ်ဝင်အစားဆုံး ကတော့ အာဆင်နယ် အသင်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်