နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗလာဟိုဗစ်ရဲ့ တောက်ပမှုနဲ့ အမ်ပိုလီကို အနိုင်ရခဲ့တဲ့ ဂျူဗီ (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

countdown banner

အမ်ပိုလီ ၂-၃ ဂျူဗင်တပ်စ်

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားစိုက်နေတဲ့ ဂျူဗင်တပ်စ် တို့ ဒီတစ်ပတ် စီးရီးအေ မှာတော့ ဒူဆန် ဗလာဟိုဗစ်ရဲ့ တောက်ပမှုနဲ့ အတူ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပါတယ်။ အမ်ပိုလီတို့ ဂျူဗင်တပ်စ်ကို ခြေရည်တူ ကစားနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ် တိုက်စစ်ရဲ့ အဆုံးသတ် ကောင်းမွန်မှုတွေကြောင့် အိမ်ကွင်း ရှုူံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အကောင်းဆုံး လူစာရင်း၊ ကစားကွက် ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး အမ်ပိုလီရဲ့ ၄-၃-၂-၁ကို ဂျူဗင်တပ်စ်က ၄-၄-၂ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ အမ်ပိုလီတို့ တိုက်စစ်မှာ ပီနာမွန်တီ တစ်ဦးတည်းကို အထောင်ထားပြီး ကွင်းလယ်နဲ့ ခံစစ်မှာ အဆလန်နီ၊ ဇာကောစကီး၊ ဖရန်ဆက်စကို၊ လူပါတို တို့ ပါဝင်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ် ကတော့ မိုရာတာ ကို အရန်ခုံပို့ပြီး မွိုက်စ်ကင်းန်ကို ဗလာဟိုဗစ်နဲ့ တွဲဖက်ပေးခဲ့သလို ဇာကာရီယာ၊ ရာဘီယော့တ်၊ အာသာ၊ ကွာဒွာဒို၊ ပယ်လီဂရီနီ၊ ဘိုနူချီ၊ ဒီလစ်ဂျ်၊ ဒန်နီလို၊ ဆက်ဇီနီ တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ ကျော်မှာ ပယ်လီဂရီနီနဲ့ ရာဘီယော့တ်တို့ရဲ့ တောင်ပံ တွဲလုံး ကနေ မွိုက်စ်ကင်းန်က ခေါင်းတိုက်ဂိုးနဲ့ ဂျူဗင်တပ်စ် အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ အဲ့နောက် ဇာကာရီယာ ဒဏ်ရာရသွားလို့ လိုကတ်တယ်လီ ဝင်လာခဲ့ပြီး ပွဲချိန် မိနစ် ၄၀ မှာတော့ ဂျူဗင်တပ်စ်တို့ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။ ဒီဂိုးကိုတော့ အမ်ပိုလီ တောင်ပံ ကစားသမား ဇာကောစကီးက ဂျူဗီ နောက်ခံလူတွေ ရှုတ်ရှက်ခတ်နေတဲ့ ကြားက မရမက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခဲ့တဲ့ နာကျင် အချိန်ပိုမှာ ဒူဆန် ဗလာဟိုဗစ်က ဒုတိယ ဦးဆောင်ဂိုး သွင်းခဲ့လို့ ၁-၂ ရလဒ် ဖြစ်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဘန်လေ
လက်စတာ စီးတီး
1X2 သရေ @ 3.25
ဂိုးအောက် 2.25 @ 2.19
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.42
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်းမှာ မိုရာတာ ဝင်ရောက်လာခဲ့လို့ ဂျူဗင်တပ်စ်တို့ တိုက်စစ်အား ကျမသွားခဲ့ပဲ ၆၆ မိနစ်မှာတော့ မိုရာတာရဲ့ ဖန်တီးပေးမှု ကနေ ဒူဆန် ဗလာဟိုဗစ်က တတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် အမ်ပိုလီတို့ လူစားပြောင်းလဲမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ၇၆ မိနစ်မှာ လူစားဝင် ကစားသမား မန်တီရာ က ချေပဂိုး ထပ်သွင်းနိုင်ခဲ့ပေမယ့် လက်ကျန် မိနစ်တွေမှာ ဂိုးထပ် မရတော့လို့ ၂-၃ ရလဒ် နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဂျူဗင်တပ်စ်တို့ ခြေစွမ်းပိုင်းအရ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ဗလာဟိုဗစ်ရဲ့ ခြေစွမ်းပြမှုကြောင့် လိုအပ်နေတဲ့ ၃ မှတ် အရယူနိုင်ခဲ့ပါတယ်။ ဗလာဟိုဗစ် အနေနဲ့ စီးရီးအေ ပွဲစဉ် ၂၅ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၂၀ အထိ ရရှိထားခဲ့ပြီး ဂျူဗင်တပ်စ် မှာတော့ ၆ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အမ်ပိုလီ ကတော့ စီးရီးအေ နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းနဲ့ အတူ အဆင့် ၁၃ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ အမ်ပိုလီ

ဒီရလဒ်ကြောင့် ဂျူဗင်တပ်စ်တို့ ရမှတ် ၅၀ နဲ့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာကို အခိုင်အမာ ရယူထားနိုင်ခဲ့ပြီး အတ္တလန္တာ ကို ၆ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ အမ်ပိုလီ ကတော့ စီးရီးအေ နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းနဲ့ အတူ အဆင့် ၁၃ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အမ်ပိုလီတို့ လာမယ့် မတ်လ ၆ ရက်နေ့မှာ ဂျီနိုအာနဲ့ စီးရီးအေ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဂျူဗင်တပ်စ် ကတော့ မတ်လ ၃ ရက်နေ့မှာ ဖီအိုရင်တီးနားနဲ့ ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်