နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်တာမီလန်ကို ပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူနေတဲ့ ကွာဒရာဒို (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖရက်တီဆီကို ကြိုဆိုလိုက်တဲ့ ဘာရယ်လာ

အင်တာမီလန် ကွင်းလယ်လူ နီကိုလို ဘာရယ်လာဟာ အသင်းရဲ့ ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ဒါဗီဒီ ဖရက်တီဆီကို ချီးကျူးစကား ပြောကြားရင်း ကြိုဆိုလိုက်ပါတယ်။ ဆာဆူအိုလို ကွင်းလယ်လူဟာ အင်တာမီလန်ကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အင်တာမီလန် ကတော့ သူ့ကို အပြီးသတ် ခေါ်ယူဖို့ အထိ ပြင်ဆင်ထားပါတယ်။

ဖရက်တီဆီနဲ့ ပတ်သက်လို့ ဘာရယ်လာက သူက ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်ကြောင်း၊ သူနဲ့အတူ လက်ရွေးစင် အသင်းမှာ သိကျွမ်းခွင့် ရရှိခဲ့ကြောင်း၊ ဆာဆူအိုလိုမှာ ကတည်းက လေးစားအားကျရပြီး အခုလိုမျိုး အင်တာမီလန်ကို ပြောင်းရွှေ့လာခဲ့တဲ့ အတွက် ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စီးရီးအေ ကြယ်ပွင့် ဘာရယ်လာက ဖရက်တီဆီနဲ့ အတူ တွဲကစားခွင့် ရဖို့ မစောင့်နိုင်တော့ကြောင်း၊ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ၊ စွမ်းဆောင်ရည်တွေနဲ့ အတူ အသင်းကို အကူအညီပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


အင်တာမီလန်ကို ပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူနေတဲ့ ကွာဒရာဒို

ကိုလံဘီယာ တောင်ပံ ကစားသမား ဂျူအန် ကွာဒရာဒိုက စီးရီးအေ ထိပ်သီး အင်တာမီလန်ကို ပြောင်းရွှေ့ခွင့် ရရှိတဲ့ အပေါ် ဂုဏ်ယူမိကြောင်း ပြောကြားသွားခဲ့ပါတယ်။
အသက် (၃၅) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကွာဒရာဒိုဟာ စီးရီးအေ ကလပ်နဲ့ တစ်နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အသင်းနဲ့ အတူ ဆေးစစ်မှုတွေ ခံယူပြီးတဲ့နောက် အင်တာမီလန်ရဲ့ တရားဝင် ကစားသမား ဖြစ်လာခဲ့ပါပြီ။ ကွာဒရာဒိုက အရမ်းကို ပျော်ရွှင်မိကြောင်း၊ ဒီလိုမျိုး အခွင့်အရေးရတဲ့ အတွက် ဘုရားသခင်ကို ကျေးဖူးတင်ပြီး ဥရောပရဲ့ အကြီးမားဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်တဲ့ အင်တာမီလန် အတွက် ကစားခွင့်ရတာက ဂုဏ်ယူစရာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကွာဒရာဒိုဟာ အခြားသော ကမ်းလှမ်းမှု အများအပြားလည်း ရရှိခဲ့ပေမယ့် မိသားစုနဲ့ အတူ အီတလီမှာ ဆက်နေဖို့ ဆန္ဒရှိခဲ့ပြီး အီတလီက သူ့အတွက် ဒုတိယအိမ်လို ဖြစ်နေကြောင်းလည်း ထပ်လောင်း ဖွင့်ဟခဲ့ပါတယ်။


ဂျူဗင်တပ်စ်နဲ့ အတူ စကူဒက်တို ချန်ပီယံဆုကို ရယူလိုတဲ့ ရာဘီရော့တ်

ပီအက်စ်ဂျီ ကစားသမားဟောင်းလည်း ဖြစ်တဲ့ ရာဘီရော့တ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာရော၊ လက်ရှိနွေရာသီမှာပါ စီးရီးအေ ကလပ်ကို စွန့်ခွာဖို့ သတင်းတွေ ထွက်နေခဲ့သူပါ။
ဂျူဗင်တပ်စ်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ ရာဘီရော့တ်

ဂျူဗင်တပ်စ် ကွင်းလယ်လူ အန်ဒရီယန် ရာဘီရော့တ်က အသင်းမှာ လုပ်စရာတွေ မပြီးပြတ်သေးဘူးလို့ ခံစားရကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပီအက်စ်ဂျီ ကစားသမားဟောင်းလည်း ဖြစ်တဲ့ ရာဘီရော့တ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာရော၊ လက်ရှိနွေရာသီမှာပါ စီးရီးအေ ကလပ်ကို စွန့်ခွာဖို့ သတင်းတွေ ထွက်နေခဲ့သူပါ။

ဒါပေမယ့် လက်ရှိနွေရာသီ အပြောင်းအရွှေ့ မှာတော့ ရာဘီရော့တ်က အသင်းနဲ့ စာချုပ် သက်တမ်းတိုးလိုက်ပြီး သူ့ရဲ့ ရည်ရွယ်ချက်တွေကို အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။

ရာဘီရော့တ်က နောက်ဆုံး နှစ်ရာသီမှာ ဖလား မရခဲ့တာက ခက်ခဲကြောင်း၊ ဒီမှာ ဆုဖလားတွေ ရယူဖို့ ရောက်နေတာ ဖြစ်ပြီး ဂျူဗင်တပ်စ်က အနာဂတ်မှာ အကြိမ်ကြိမ် အောင်မြင်မှု ရမယ့် ထိပ်တန်း အသင်း တစ်သင်း ဖြစ်ကြောင်း၊ စီးရီးအေ ချန်ပီယံဆု၊ ချန်ပီယံလိဂ် ပြိုင်ပွဲတို့လိုမျိုး ဂျူဗင်တပ်စ်နဲ့ ထိုက်တန်တဲ့ နေရာကို ပြန်လည် ပို့ဆောင်ပေးလိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်