နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုအပ်လာရင် ဘောကောက်ကိုပါ အသုံးချဖို့ လက်မနှေးတဲ့ မော်ရင်ဟို | စီးရီးအေ

countdown banner

နည်းပြလောကမှာ မော်ရင်ဟိုရဲ့ နည်းစနစ်တွေကို မကြိုက်သည့်တိုင်အောင် သူ့ရဲ့ ပုံစံ၊ တော်ကီတွေ ကတော့ ချစ်သူ၊ ခင်သူ၊ မုန်းသူမရွေးကို ချုပ်နိုင်ခဲ့မှာ အမှန်ပါပဲ။ ကျွန်တော်တို့ ဆိုရင်လည်း လက်ရှိ စီးရီးအေ ကလပ် ရိုးမား နည်းပြကို အရမ်းကြီး ကြိုက်တဲ့ အထဲ မပါဘူး။

Defensive ဆန်လွန်းတယ်၊ ဖျော်ဖြေမှု မပေးနိုင်ဘူး၊ ဘတ်စ်ကားကွက်နဲ့ နည်းပြ အစရှိသဖြင့် မုန်းတီးခဲ့ကြသူလည်း မနည်းပါဘူး။ ဒါပေမယ့် မော်ရင်ဟိုက Intelligent ဖြစ်တယ်၊ Genius တစ်ယောက် ဖြစ်တယ် ဆိုတာ ကိုတော့ လက်မခံလို့ မရပါဘူး။ အသင်း နိုင်သွားဖို့ ဘာမဆို လုပ်မယ့် နည်းပြမျိုး၊ ဘယ်လမ်းကို မဆို ရွေးလျှောက်မယ့် နည်းပြမျိုးက ဒီနေ့ခေတ်မှာ များများစားစား မရှိပါဘူး။ ဒါပေမယ့် မော်ရင်ဟိုက ဒီလိုလူမျိုးတွေ ကြားထဲမှာ ထိပ်ဆုံး နေရာက ရှိနေပါတယ်။

တနင်္ဂနွေညက ဖီအိုရင်တီးနားနဲ့ စီးရီးအေ ပွဲမှာ သူ့အသင်းက နှစ်ယောက် လျော့နေပြီး (၉) ယောက်တည်းနဲ့ ဖီအိုရင်တီးနားလို အသင်းမျိုး ရင်ဆိုင်နေရတယ်။
စီးရီးအေ ကလပ် ရိုးမားကို တတ်နိုင်သမျှ အကောင်းဆုံး ဆွဲတင်ပေးနေတဲ့ မော်ရင်ဟို

ရင်ဆိုင်ရမယ့် ပြိုင်ဘက် တစ်သင်းချင်းစီ အတွက်၊ တစ်ယောက်ချင်းစီ အတွက် သူ့မှာ ပလန်တွေ ရှိတယ်၊ တစ်ပွဲတိုး ဗျူဟာကောင်းတွေ ရှိတယ်၊ Quarterly အလိုက် ပလန်တွေ ရှိနေတယ်၊ တစ်ရာသီလုံးစာ အတွက် ပစ်မှတ်ထားတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ ဂျူဗင်တပ်စ်က အမှတ်လျှော့ ပြစ်ဒဏ်ကျခံရလိုက်၊ ပြစ်ဒဏ်ကို ပြန်ပယ်ဖျက်ပေးလိုက်နဲ့ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှသာ ဂျူဗင်တပ်စ်ရဲ့ ပြစ်ဒဏ်က အတည် ဖြစ်သွားခဲ့တာပါ။ ဒီအချိန်မှာ မော်ရင်ဟိုက သူ့အတွက် အချိန်မမီတော့ကြောင်း ဆိုလာပါတယ်။

သူက ပွင့်ပွင့်လင်းလင်းပါပဲ။ ဂျူဗင်တပ်စ်သာ အမှတ်လျှော့မခံရဘူး ဆိုရင် သူ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးစားနေလည်း အလကားပါပဲ။ တစ်ဖက်မှာ သူ့အသင်းက ယူရိုပါလိဂ် ဗိုလ်လုပွဲနဲ့ လက်တစ်ကမ်း အကွာကို ရောက်နေပါပြီ။ ဒီတော့ စီးရီးအေကို ပစ်ချလိုက်ပြီး ယူရိုပါလိဂ် ကိုပဲ အားစိုက်ခဲ့ပါတယ်။

ဖြစ်ချင်တော့ ဂျူဗင်တပ်စ်က အမှတ် ပြန်လျှော့ခံရတယ်၊ မော်ရင်ဟိုရဲ့ ရိုးမားက စီးရီးအေမှာ အားမစိုက်လိုက်တော့ ဒါကို အခွင့်ကောင်း မယူနိုင်တော့ဘူး။ ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာလည်း ရှုံးသွားပါတယ်။ “ဖွတ်မရ ဓားမဆုံး” ဖြစ်ခဲ့တဲ့ သဘောပါပဲ။

ဒါက ကျရှုံးသွားတဲ့ ပလန် တစ်ခုပါပဲ။ ဒါပေမယ့် မော်ရင်ဟို ထုတ်ပြောခဲ့တာကို ကြည့်လိုက်ရင် သူ့အတွက် ဘယ်အရာကို ပစ်မှတ်ထားမယ်၊ ဘယ်အရာ ကိုတော့ဖြင့် နည်းနည်းလျှော့ လိုက်မယ် ဆိုတာမျိုး ရှိပါတယ်။ အထူးသဖြင့် ရာသီကုန် ပန်းဝင်ခါနီး အချိန်မှာ အသင်း တစ်သင်းက သူတို့ရဲ့ ပစ်မှတ်တွေကို ရှင်းလင်းအောင် ချိန်ရပါတယ်။ မော်ရင်ဟိုက ဒါတွေကို သေချာ ချိန်ရွယ်ခဲ့ပြီး ဖြစ်ချင်တော့လည်း အားလုံး ဒုက္ခရောက်သွားရပါတယ်။

စီးရီးအေ
ဂျူဗင်တပ်စ်
ဂျီနိုအာ
1X2 သရေ (Draw) @ 3.10
ဂိုးအောက် 2.00 @ 1.99
ဂိုးပေါင်း 2-3 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မရ, ရအောင် လုပ်တတ်တာတွေ ကလည်း မော်ရင်ဟိုရဲ့ အကျင့်ပါ။ တနင်္ဂနွေညက ဖီအိုရင်တီးနားနဲ့ စီးရီးအေ ပွဲမှာ သူ့အသင်းက နှစ်ယောက် လျော့နေပြီး (၉) ယောက်တည်းနဲ့ ဖီအိုရင်တီးနားလို အသင်းမျိုး ရင်ဆိုင်နေရတယ်။ ဒီလို အချိန်မျိုးမှာ သူဘာမှမတွေးပါဘူး။ နီးစပ်ရာ ဘောကောက် ကလေးငယ်က တစ်ဆင့် နည်းစနစ်ပိုင်း ညွှန်ကြားချက် စာရွက် အပိုင်းအစကို ပေးခိုင်းလိုက်ပါတယ်။

ဒီကောင်လေး သွားပေးရတဲ့ သူက ဂိုးသမား ပက်ထရီစီယိုပါ။ သူကလည်း တာဝန်ကျေလွန်းပါတယ်။ ရောက်အောင် သွားပေးခဲ့ပြီး ရိုးမား တို့လည်း သရေတစ်မှတ်တို့ အိမ်ကွင်းမှာ ရလိုက်ပါသေးတယ်။ ဘာရယ်မဟုတ်၊ မော်ရင်ဟို ဒါမျိုးလုပ်ခဲ့တာကို မြင်တော့ သူ့ရဲ့ ကွန့်မြူးနိုင်စွမ်းတွေ၊ ဖြတ်ထိုးဉာဏ်တွေ အကြောင်းကို စဉ်းစားမိပြီး ဘောလုံးပွဲကြည့်တဲ့ ခေတ် တစ်ခုမှာ ရသစုံပေးနိုင်တဲ့ ဒီလို နည်းပြမျိုးကို မြင်တွေ့ခွင့်ရတာ တကယ်ပဲ ကံကောင်းပါလား လို့လည်း တွေးမိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်