နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နာပိုလီ နည်းပြသစ် ဖြစ်လာရင် တပည့်ကျော် လူကာကူကို အရခေါ်မယ့် ကွန်တီ | စီးရီးအေ

countdown banner

အီတလီလူမျိုး နာမည်ကျော် နည်းပြကြီး အန်တိုနီယို ကွန်တီ ကတော့ စီးရီးအေ ကလပ် နာပိုလီကို ကိုင်တွယ် ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ တပည့်ဟောင်း ဖြစ်တဲ့ ရိုမယ်လူ လူကာကူကို ခေါ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကွန်တီနဲ့ လူကာကူတို့ဟာ အင်တာမီလန်မှာ အတွဲညီခဲ့တဲ့ ဆရာတပည့်တွေ ဖြစ်ပြီး ကွန်တီ အနေနဲ့ တပည့်ဟောင်းနဲ့ ပြန်လည် လက်တွဲလိုနေကြောင်း အီတလီ အခြေစိုက် မီဒီယာတွေမှာ ဖော်ပြနေတာ ဖြစ်ပါတယ်။

၂၀၂၂-၂၃ ဘောလုံးရာသီမှာ စီးရီးအေ အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီ အသင်းဟာ ပြီးခဲ့တဲ့ ၂ဝ၂၃-၂၄ ရာသီမှာတော့ တော်တော်လေး အခြေအနေ ဆိုးခဲ့ပြီး နည်းပြ (၃) ဦး အထိ အပြောင်းအလဲ ပြုလုပ်ခဲ့ရပါတယ်။ ဒါ့အပြင် အသင်း ကလည်း စီးရီးအေ ထိပ်ဆုံး ၄ သင်းနေရာ ဝင်ဖို့ မပြောနဲ့ ရာသီကုန်မှာ အဆင့် (၁၀) နေရာနဲ့သာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ နာပိုလီက လာမယ့်ဘောလုံးရာသီ အတွက် နည်းပြ အပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်လာခဲ့ပြီး ဒီတစ်ခါမှာတော့ အင်တာမီလန် ဂျုဗင်တပ်စ် တို့နဲ့ အတူ စီးရီးအေ မှာ အောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ နည်းပြ ကွန်တီကို အသင်း နည်းပြသစ် အဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ကွန်တီဟာ အီတလီရဲ့ နာမည်ကျော် ဘောလုံး နည်းပြ တစ်ဦး ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြ စာရင်းလည်း ဝင်ခဲ့သူပါ။ ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါး အသင်း မှာတော့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့နောက်ပိုင်းကစလို့ ကွန်တီဟာ လက်ရှိ အချိန်ထိ အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ကွန်တီလို နည်းစနစ်ပိုင်း ကြွယ်ဝပြီး စီးရီးအေ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြကို အီတလီ ကလပ် တော်တော်များများက ခေါ်ယူဖို့ အမြဲတမ်းလိုလို စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။

သူဟာ နည်းပြ ဘဝ မှာ စီးရီးအေ အမှတ်ပေးဖလားကို ၄ ကြိမ် အထိ ရရှိခဲ့ဖူးတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဖလားကို ၄ ကြိမ် အထိ ရရှိခဲ့ဖူးတဲ့ ကွန်တီ

လက်ရှိမှာတော့ နာပိုလီက ကွန်တီကို သူတို့ အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်သွားဖို့ တော်တော်လေး နီးစပ်နေပြီလို့ သိရပါတယ်။ အကယ်၍ ကွန်တီသာ နာပိုလီ နည်းပြ ဖြစ်လာခဲ့မယ် ဆိုရင်တော့ သူ့ရဲ့ ချစ်တပည့် ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ ကိုပါ နာပိုလီဆီ ခေါ်ဆောင်သွားဖို စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် နာပိုလီရဲ့ အားထားရတဲ့ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်က လာမယ့်နွေမှာ အသင်း ကနေ သေချာပေါက် ထွက်ခွာသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ရိုးမားမှာ အငှားနဲ့ လာကစားနေရတဲ့ လူကာကူ ကလည်း သူ့ကို ရိုးမားက အပြီးသတ် မခေါ်ယူနိုင်တာကြောင့် သူမပြန်ချင်တဲ့ စတန်းဖို့ဒ်ဘရစ်ချ်ဆီ ပြန်သွားရဖို့ ရှိနေတာပါ။ ဒီလို အချိန်မှာ နာပိုလီ နည်းပြသစ် ဖြစ်လာနိုင်တဲ့ ကွန်တီက အိုဆင်မ်ဟန်ရဲ့ နေရာကို ဖြည့်တင်းဖို့ အတွက် လူကာကူကို ခေါ်ယူသွားဖို စီစဉ်နေတာပဲ ဖြစ်ပါတယ်။

အသက် ၅၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီတလီ လူမျိုး နည်းပြ ကွန်တီဟာ စီးရီးအေ ဖလားကို ဂျူဗင်တပ်စ်နဲ့ ၃ နှစ်ဆက် ရယူနိုင်ခဲ့သလို အင်တာမီလန် ကိုလည်း တကျော့ပြန် ချန်ပီယံ ဖြစ်စေခဲ့တဲ့ နည်းပြ ဖြစ်ပါတယ်။ သူဟာ နည်းပြ ဘဝ မှာ စီးရီးအေအမှတ်ပေးဖလားကို ၄ ကြိမ် အထိ ရရှိခဲ့ဖူးတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်