နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားဘဝက အနားယူသွားပြီ ဖြစ်တဲ့ ဘတ်ဖွန် (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမားဘဝက အနားယူသွားပြီ ဖြစ်တဲ့ ဘတ်ဖွန်

အီတလီ ဂန္တဝင် ဂိုးသမားကြီး ဂီယန်လူဂီ ဘတ်ဖွန်ဟာ ကစားသမားဘဝ ကနေ အနားယူသွားပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ အသက် (၄၅) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘတ်ဖွန်ဟာ ကစားသမား ဘဝ (၂၉) နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပွဲပေါင်း (၁,၁၅၁) ပွဲ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

အီတလီ လက်ရွေးစင်ဟောင်းကြီးဟာ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ ပါးမား တို့လို အသင်းတွေ မှာလည်း ကစားခဲ့ဖူးပြီး (၂၀၀၆) ခုနှစ်ရဲ့ ကမ္ဘာ့ဖလား ချန်ပီယံ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

ဘတ်ဖွန်က ဘောလုံးလောကကို ကျေးဇူးတင်ကြောင်း၊ ဘောလုံးက ကျွန်တော့်ကို အရာအားလုံး ပေးစွမ်းခဲ့ပြီး ကျွန်တော် ကလည်း ဘောလုံး အတွက် အရာအားလုံး ပေးဆပ်ခဲ့ကြောင်း၊ ငါတို့ အတူတူ လုပ်နိုင်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန် မှာတော့ ဘတ်ဖွန်က အီတလီ လက်ရွေးစင် အသင်းကြီးရဲ့ အကြီးအကဲ ကိုယ်စားလှယ် တာဝန်ကို ရယူသွားဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။


ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့တဲ့ အတွက် ကျေနပ်နေတဲ့ အင်တာ နည်းပြ

အင်တာမီလန် နည်းပြ ဆိုင်မွန် အင်ဇာဂီက ရာသီကြိုခြေစမ်းပွဲမှာ ဥရောပ ထိပ်တန်း ကလပ် ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့တဲ့ အတွက် ကျေနပ်အားရမိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ အဆိုပါပွဲမှာ စီးရီးအေ ကလပ်က ပီအက်စ်ဂျီကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အသင်း အတွက် ဂိုးတွေကို ဆီဘက်စတီယာနို အက်စ်ပိုစီတိုနဲ့ စတီဖန်နို ဆန်ဆီ တို့က သွင်းယူပေးခဲ့ပါတယ်။

စီးရီးအေ
ဘိုလော့နာ
အေစီမီလန်
1X2 အေစီမီလန် 2.08
အေစီမီလန် အာရှ ဟန်းဒီးကပ် -0.25 @1.77
ဂိုးပေါ် 2.25 @ 1.86
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနိုင်ပွဲနဲ့ ပတ်သက်လို့ အင်ဇာဂီက ကျွန်တော့် ကစားသမားတွေဆီက မြင်တွေ့ခဲ့ရတဲ့ ပုံစံ အတွက် ပျော်ရွှင်မိကြောင်း၊ ဒီထက် ပိုပြီး ပြည့်စုံအောင် လုပ်ဖို့ လိုအပ်သေးကြောင်း၊ ဒါပေမယ့် ဒီလိုမျိုး အဆင့်မှာ လိုအပ်တဲ့ ခွန်အားတွေ ရရှိဖို့ လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း အင်ဇာဂီက အခုချိန်ထိ လုပ်စရာတွေ အများကြီး ကျန်နေသေးကြောင်း၊ ဒါပေမယ့် ကစားသမားတွေရဲ့ ပုံစံကောင်း အတွက် ကျွန်တော် ပျော်ရွှင်နေကြောင်း ထပ်လောင်း ဖွင့်ဟသွားခဲ့ပါတယ်။


လော့တီတိုနဲ့ ဆာရီ အချင်းများခဲ့တဲ့ သတင်းတွေကို ငြင်းဆန်လိုက်တဲ့ လာဇီယို

စီးရီးအေ ကလပ် လာဇီယိုရဲ့ အသင်းပိုင်ရှင် ကလော်ဒီယို လော့တီတိုနဲ့ နည်းပြ မော်ရူဇီယို ဆာရီတို့ အကြား အချင်းများခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ လာဇီယို ဘက်က တရားဝင် ငြင်းဆန်လိုက်ပါတယ်။

သူတို့ နှစ်ယောက်ဟာ အသင်းရဲ့ အနာဂတ်စီမံကိန်းတွေ အတွက် ဆွေးနွေးရင်း ပြဿနာတက်ခဲ့ကြပြီး ဆာရီက အသင်း ကနေ နှုတ်ထွက်တော့မယ် လို့လည်း ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် လာဇီယို ဘက်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး အပြောင်းအရွှေ့ ကိစ္စရပ်တွေ အတွက် အပြည့်အဝ ဆွေးနွေးခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

လာဇီယိုရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နာရီ အနည်းငယ် အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေက အသင်းကို ထိခိုက်စေပြီး တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်ကို ဆိုးကျိုးသာ သက်ရောက်စေကြောင်း၊ ဒီလိုမျိုး ကောလာဟလတွေ ဖြန့်တဲ့သူတွေ ကိုလည်း တရားဥပဒေအရ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်