နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖီအိုရင်တီးနား – အူးဒီးနီးစ် | စီးရီးအေ ပွဲစဉ် ၂၀ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဖီအိုရင်တီးနား – အူးဒီးနီးစ်

စီးရီးအေ ပွဲစဉ် (၂၀)ရဲ့ ပွဲကျန် အဖြစ် ဖီအိုရင်တီးနားနဲ့ အူးဒီးနီးစ်တို့ အာတီမိုဖရန်ချီ ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဥရောပဝင်ခွင့် အတွက် ရမှတ် လိုအပ်ချက်ရှိနေတဲ့ ဖီအိုရင်တီးနားတို့ အူးဒီးနီးစ်ကို အစဉ်အလာ အတိုင်း အိမ်ကွင်းမှာ ထပ်ပြီး အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

နည်းပြ ဗင်ဆန်ဇို အီတလိယာနို လက်ထက် ဖီအိုရင်တီးနားရဲ့ ခြေစွမ်းက အရင်နှစ်တွေကနဲ့ ယှဉ်ရင် ဘာမှမဆိုင်လောက်အောင် တိုးတက်လာတယ်လို့ ပြောလို့ ရပါတယ်။ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်နိုင်ခဲ့ခြင်းနဲ့ အတူ တောင့်တင်းတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့ပြီး အသင်းကြီး တော်တော်များများကို ယှဉ်ကစားလာနိုင်တဲ့ ဖီအိုရင်တီးနားတို့ လက်ရှိမှာ ယူရိုပါလိဂ် ဝင်ခွင့် ကိုတောင် မျှော်လင့်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ တိုက်စစ်မှူး ဗလာဟိုဗစ် ထွက်ခွာသွားပြီးနောက်ပိုင်း ဂိုးသွင်းနှုန်း သိသိသာသာ ကျဆင်းသွားခဲ့ပေမယ့် အသင်းရဲ့ ဟန်ချက် ပျက်သွားတာတော့ မဟုတ်ပါဘူး။ ဖီအိုရင်တီးနားတို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့် အပေါ်က ရောမ နှစ်သင်းထက် ပွဲလျော့ကစားထားသလို အမှတ်ကွာဟချက် ကလည်း တော်တော်လေး ကျဉ်းမြောင်းနေတာ တွေ့ရပါတယ်။ ဒီအခြေအနေကြောင့် ဖီအိုရင်တီးနားတို့ လက်ကျန် ပွဲစဉ်တွေမှာ အမှတ် အများဆုံး ရှာဖွေနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပြီး စီးရီးအေ တစ်ခုတည်းကို အာရုံစိုက်နိုင်နေတာ ကလည်း အားသာချက် တစ်ခုလို ဖြစ်နေပါတယ်။ လက်ရှိ အခြေအနေ အရတော့ ကိုပါအီတလီယာ ဆီမီးဖိုင်နယ်မှာ ဂျူဗင်တပ်စ်ကို ရှုံးပြီး ၃ ရက်အကြာမှာ ကစားတဲ့ စီးရီးအေ ပွဲစဉ် မှာလည်း တန်းဆင်းဇုန်ထဲက ဆယ်လာနီတာနာကို ထပ်ရှုံးထားပါတယ်။ ထူးခြားချက်က ဖီအိုရင်တီးနားဟာ ဒီနှစ် စီးရီးအေမှာ အင်တာမီလန် ပြီးရင် ဒုတိယမြောက် အိမ်ကွင်း စွမ်းဆောင်ရည် အကောင်းဆုံး အသင်း ဖြစ်နေပြီး ၁၆ ပွဲ ကစားထားရာမှာ ၁၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို ၃ ပွဲက ၁-၀ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။ အခုလာမယ့် ပွဲကိုတော့ အဓိက ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ တော်ရိုင်းရားနဲ့ ကတ်စထရိုဗီလီ တို့ လွဲချော်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – တာရက်စီယာနို၊ အိုဒရီယိုဇိုလာ၊ အီဂေါ၊ မီလန်ကိုဗစ်၊ ဘီရာဂီ၊ မာလာ့၊ အမ်ရာဘတ်၊ ဒန်ကန်၊ ဂွန်ဇာလက်ဇ်၊ ပီယာတက်ခ်၊ ကိုနေး

စီးရီးအေ
ဘိုလော့နာ
အင်တာမီလန်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

အူးဒီးနီးစ် ကတော့ သူတို့ အသင်းရဲ့ ထုံးစံ အတိုင်း အပေါ်မရောက်၊ အောက်မရောက် ဇယား အလယ်လောက်နဲ့ပဲ ရာသီသိမ်းနိုင်ဖို့ ရှိနေခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ ရာသီကထက်စာရင် ရလဒ်ပိုင်း သိသိသာသာ တိုးတက်လာခဲ့တဲ့ အူးဒီးနီးစ်တို့ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ရမှတ် အနေနဲ့ ကတော့ အမှတ် ၄၀ အထိ ရရှိထားပါတယ်။ လက်ကျန် ပွဲစဉ် ၅ ပွဲ ကနေ အနည်းဆုံး ၆ မှတ် ရအောင် စွမ်းဆောင်နိုင်ခဲ့မယ် ဆိုရင်တော့ နောက်ဆုံး ၈ နှစ်အတွင်း အမှတ်အများဆုံး ရတဲ့ စီးရီးအေ ရာသီ တစ်ခုလည်း ဖြစ်လာတော့မှာပါ။ အူးဒီးနီးစ်ဟာ ဒီနှစ် စီးရီးအေ မှာ ဂျီနိုအာ ပြီးရင် သရေပွဲ အများဆုံး ရထားတဲ့ အသင်း ဖြစ်ပြီး ၁၃ ပွဲ အထိ ရှိထားပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်ရင်တော့ ဧပြီလ အစမှာ ၃ ပွဲဆက် နိုင်ပွဲပြီး နောက်ဆုံး ၂ ပွဲမှာတော့ နိုင်ပွဲ ပြန်လည် ပျောက်ဆုံးထားပါတယ်။ အခုပွဲ ကိုတော့ ဘီတို၊ ပီရေးရာနဲ့ ဆန်တာရိုတို့ ဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဆေးလ်ဗက်စထရီ၊ ဘီကာအို၊ မာရီ၊ ပီရက်ဇ်၊ မိုလီနာ၊ မာကန်ဂို၊ ဝေါလေ့စ်၊ အာဆလန်၊ အူဒိုဂီ၊ ဒယ်လိုဖူ၊ ဆဆက်စ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံမှု ၂၇ ကြိမ်မှာ ဖီအိုရင်တီးနားတို့ ၁၆ ကြိမ်နိုင်ပြီး အူးဒီးနီးစ် ကတော့ ၇ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ စီးရီးအေ နောက်ဆုံး တွေ့ဆုံမှု ၅ ပွဲမှာတော့ ဖီအိုရင်တီးနားတို့ အူးဒီးနီးစ်ကို ၃ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး အာတီမိုဖရန်ချီမှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၂ ပွဲဆက်တိုက် ဖီအိုရင်တီးနား တို့ပဲ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဖီအိုရင်တီးနား အတွက် ၁.၇၀ ဆ၊ အူးဒီးနီးစ် အတွက် ၄.၇၀ ဆ၊ သရေ အတွက် ၃.၇၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဖီအိုရင်တီးနား ဟာ လက်တလော ခြေစွမ်းအရ ပိုသာသလို ဒီနှစ် အိမ်ကွင်း စွမ်းဆောင်ရည် ကလည်း တော်တော်လေး ကောင်းနေတဲ့ အသင်း ဖြစ်ပါတယ်။ နောက်ပြီး ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေပြီး အစဉ်အလာအရ အိမ်ကွင်းမှာ အူးဒီးနီးစ် ကို အမြဲတမ်း အသာရခဲ့တဲ့ အချက်ကို ထည့်တွက်ရင်တော့ ဖီအိုရင်တီးနားမှ ဖီအိုရင်တီးနားပါပဲ။ ၁.၇၀ ဆ ဆိုတာ များလည်း မများ၊ နည်းလည်း မနည်းလို့ သင့်တော်တဲ့ ကြေးဖွင့်မှု ဖြစ်လို့ ရင်းနှီးသင့်ပါတယ်။ ဂိုးပေါင်း ကတော့ စီးရီးအေ ပွဲ ဖြစ်လို့ အာမခံ မခံရဲပါဘူး။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်