နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နာပိုလီ နည်းပြ ဖြစ်လာဖို့ နီးစပ်နေတဲ့ ကွန်တီ | စီးရီးအေ

countdown banner

စီးရီးအေ ကလပ် နာပိုလီ အသင်း ကတော့ သူတို့ရဲ့ လစ်လပ်နေတဲ့ နည်းပြ ရာထူး အတွက် အန်တိုနီယို ကွန်တီနဲ့ ချိတ်ဆက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ စီးရီးအေ အတွေ့အကြုံရှိ နည်းပြကြီးကို နာပိုလီတို့ အရခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေလည်း ပြလုပ်နေပြီလို့ သိရပါတယ်။

ကွန်တီဟာ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့က လွဲလို့ အီတလီ လက်ရွေးစင် အသင်း အပါအဝင် စီးရီးအေ ကလပ် များစွာကို ကိုင်တွယ်ခဲ့ဖူးသလို အောင်မြင်မှုတွေလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ ကွန်တီ ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတွေကို ပြန်ကြည့်ရင်တော့ အာရီဇို၊ ဘာရီ၊ အတ္တလန္တာ၊ ဆီနာ၊ ဂျူဗင်တပ်စ်၊ အီတလီ၊ ချဲလ်ဆီး၊ အင်တာမီလန်နဲ့ တော့တင်ဟမ်ဟော့စပါး အသင်းတို့ ဖြစ်ပါတယ်။ ကွန်တီဟာ ဂျူဗင်တပ်စ်မှာ အအောင်မြင်ဆုံး အချိန်တွေ ပိုင်ဆိုင်ခဲ့သလို ချဲလ်ဆီးနဲ့ အင်တာမီလန် မှာလည်း အဓိက ဆုဖလားတွေ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီလို အီတလီ အသင်းတွေကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာကို ကောင်းကောင်း သိနေတဲ့ ကွန်တီ ကိုတော့ နာပိုလီက အသည်းအသန် လိုချင်နေတာ ဖြစ်ပြီး ကွန်တီ ကတော့ တော့တင်ဟမ်ဟော့စပါး ကနေ ထွက်ခွာပြီးကတည်းက အနားယူနေတာပါ။ နာပိုလီဟာ နှစ်ပေါင်း များစွာ ဝေးကွာနေတဲ့ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ရယူပေးခဲ့တဲ့ နည်းပြ စပယ်လက်တီနဲ့ လမ်းခွဲပြီး ကတည်းက ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။

နာပိုလီဟာ ဒီရာသီ စီးရီးအေမှာ ချန်ပီယံဆုကို ကာကွယ်ဖို့ မတတ်နိုင်ခဲ့သလို အမှတ်ပေးဇယား အဆင့် ၁၀ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့တာပါ။
စီးရီးအေ အဆင့် ၁၀ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့တဲ့ နာပိုလီ

စပယ်လက်တီ နေရာမှာ ရူဒီဂါစီယာကို ခန့်အပ်ခဲ့ပေမယ့်လည်း ၄ လ အကြာမှာ နာပိုလီ နည်းပြချုပ် ရာထူးကနေ နှုတ်ထွက်သွားခဲ့သလို နောက်ထပ် အီတလီလူမျိုး နည်းပြ မက်ဇာရီလည်း ၁၆ ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ဦး အပြီးမှာ ယာယီ နည်းပြ အဖြစ် ကဲလ်ဇိုနာကို တာဝန်ပေးခဲ့ပေမယ့်လည်း ရလဒ်တွေ ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ပါဘူး။

နာပိုလီဟာ ဒီရာသီ စီးရီးအေ မှာ ချန်ပီယံဆုကို ကာကွယ်ဖို့ မတတ်နိုင်ခဲ့သလို အမှတ်ပေးဇယား အဆင့် ၁၀ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့တာပါ။ ဒါကြောင့် လာမယ့် နှစ် ဥရောပဝင်ခွင့် တစ်နေရာမှ မရရှိခဲ့တာကြောင့် လက်ရှိ အချိန်မှာ ဥက္ကဌ ဒီလော်ရန်းတစ် ဦးဆောင်နေတဲ့ ဘုတ်အဖွဲ့ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အီတလီ ဘောလုံး သတင်းထောက် မက်တေယို မော်ရက်တိုရဲ့ ဖော်ပြချက် အရ နာပီုလီရဲ့ တာဝန်ရှိသူတွေဟာ ကွန်တီကို ခေါ်ယူရေး အတွက် အစဉ်တစိုက် ကြိုးပမ်းနေသလို ကွန်တီ ကိုယ်တိုင် ကလည်း အီတလီမြေကို ပြန်လာချင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆွေးနွေးမှုတွေက တော်တော်လေး အပြုသဘောဆောင်နေပြီး မကြာခင် အချိန်တွင်း သဘောတူညီမှု ရရှိသွားဖွယ် ရှိနေပါတယ်။ အသက် ၅၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီတလီ လူမျိုး နည်းပြ ကွန်တီဟာ စီးရီးအေ ဖလားကို ဂျူဗင်တပ်စ်နဲ့ ၃ နှစ်ဆက် ရယူနိုင်ခဲ့သလို အင်တာမီလန် ကိုလည်း တကျော့ပြန် ချန်ပီယံ ဖြစ်စေခဲ့တဲ့ နည်းပြ ဖြစ်ပါတယ်။ သူဟာ နည်းပြ ဘဝ မှာ စီးရီးအေ အမှတ်ပေးဖလားကို ၄ ကြိမ် အထိ ရရှိခဲ့ဖူးတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်