နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗလာဟိုဗစ်က စိတ်သဘောထား သေးသိမ်သူလို့ ဝေဖန်လိုက်တဲ့ ကာဆာနို | စီးရီအေ

ဘောလုံးဝေဖန် သုံးသပ်သူ အဖြစ် ဆောင်ရွက်နေသည့် အီတလီ တိုက်စစ်မှူးဟောင်း ကာဆာနို ကတော့ လက်ရှိ ဘောလုံးလောကက အောင်မြင်သူတွေကို လိုက်လံ ဝေဖန်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ကာဆာနိုဟာ မကြာသေးခင်က အဲလ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုကို ဂိုးသွင်းဖို့လောက်ပဲ သိပြီး ဘောလုံး ဘယ်လို ကစားရမလဲ ဆိုတာ မသိသူလို့ ဝေဖန်ပြောဆိုထားခဲ့တာပါ။ အခုလက်ရှိမှာတော့ ကာဆာနိုက စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အတွက် ကစားနေတဲ့ ဒူဆန် ဗလာဟိုဗစ် ကို ဝေဖန်နေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို လိုပဲ ရီးရဲလ်မက်ဒရစ်မှာ ပါဝင်ခဲ့ဖူးတဲ့ အီတလီ ကစားသမားဟောင်း ကာဆာနို ကတော့ အခုလိုပဲ ဝေဖန် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ကာဆာနိုက “ခရစ္စတီယာနို ရော်နယ်ဒိုက ဘောလုံးကစားနည်း ကိုတောင် မသိပါဘူး။ သူ ဂိုး ၃၀၀၀ လောက် အထိ သွင်းနိုင်ချင် သွင်းနိုင်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ဒါကို ဂရုစိုက်နေမှာ မဟုတ်သလို သူ့ကိုလည်း နည်းနည်းလေးမှ သဘောမကျပါဘူး။” လို့ ပြောဆိုသွားခဲ့တာပါ။

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ခရိုအေးရှားနဲ့ နေးရှင်းလိဂ် ပွဲမှာ သွင်းဂိုး ၉၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ သူ့ အနေနဲ့ ၉၀၂ ဂိုး အထိ သွင်းယူထားပြီး ဖြစ်ပါတယ်။ ဒီလို သွင်းဂိုး ၉၀၀ ကျော်ခဲ့ပေမယ့် သူ့အနေနဲ့ စံချိန် မှတ်တမ်းတွေရဲ့ နောက်ကို လိုက်နေတာ မဟုတ်ဘဲ စံချိန်တွေ ကသာ သူ့ရဲ့ အနောက်ကို လိုက်နေတာ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုထားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ နောက်ပိုင်း နှစ်တွေမှာ ကလပ် အသင်းတွေနဲ့ အတူ ဆုဖလား အောင်မြင်မှုတွေထက် တစ်ဦးချင်း ဆုတံဆိပ်၊ အောင်မြင်မှုနဲ့ စံချိန်တွေပဲ ဆက်တိုက် ရရှိနေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက် ၇၆ ပွဲ ကစားပြီး ၆၉ ဂိုး သွင်းယူပေးထားပါတယ်။

လက်ရှိမှာတော့ ကာဆာနိုက စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းရဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ဝေဖန်သွားခဲ့ပြန်ပါတယ်။ ကာဆာနိုက ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်က အမြဲတမ်း ညည်းတွားနေတတ်သူ ဖြစ်ကြောင်း မဆီမဆိုင် ဝေဖန်လိုက်ပြန်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗလာဟိုဗစ်ထက် ပိုလန် ဝါရင့် တိုက်စစ်မှူး အလက်ဇန္တား မီလစ်ခ်က ပိုကောင်းကြောင်းလည်း ပြောဆိုသွားခဲ့ပါသေးတယ်။ 

လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိနေတဲ့ ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ဟာ လက်ရှိ ရာသီမှာ ရုန်းကန်နေရပြီးတော့ ပြိုင်ပွဲစုံ ၆ ကစားရာမှာ ၂ ဂိုးသာ သွင်းယူနိုင်ထားပါသေးတယ်။ သူ့ရဲ့ ကလပ် ဂျူဗင်တပ်စ် ကလည်း စီးရီးအေ ၃ ပွဲ ဆက်တိုက် ဂိုးမရှိ သရေကျထားခဲ့ပါတယ်။ ဒါကြောင့် တိုက်စစ်ပိုင်းကို ဦးဆောင်နေတဲ့ ဗလာဟိုဗစ် အနေနဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီးတော့ ယခုအခါ မှာတော့ ဘောလုံးသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ ရှိတဲ့ အီတလီ တိုက်စစ်မှူးဟောင်း ကာဆာနို ကပါ ဝေဖန်လာခဲ့တာ ဖြစ်ပါတယ်။ 

ကာဆာနိုက “ဗလာဟိုဗစ်ကို ကျွန်တော် မကြိုက်ပါဘူး။ သူက စိတ်သဘောထား သေးသိမ်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်း မရှိပါဘူး။ ဗလာဟိုဗစ်က ဘာလုပ်ရမှန်းတောင် သိသူ မဟုတ်ပါဘူး။ သူလုပ်တတ်တာက ညည်းတွားတာနဲ့ စောဒကတက်တာပါပဲ။ မီလစ်ခ်က သူ့ထက် ပိုကောင်းပါတယ်။ တကယ်လို့ မီလစ်ခ်သာ ကြံ့ခိုင်မှု ပြည့်ဝနေမယ် ဆိုရင် သူ့ အနေနဲ့ အသင်းမှာ ပွဲထွက်ခွင့်ရပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူဟာ မော့တာရဲ့ ကစားကွက်နဲ့ ပိုပြီး ကိုက်ညီလို့ပါပဲ။” လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်