နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆမ်ဒိုးရီးယားကို ကိုင်တွယ်ဖို့ စိတ်လှုပ်ရှားနေတဲ့ ပီယာလို (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၆ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆမ်ဒိုးရီးယားကို ကိုင်တွယ်ဖို့ စိတ်လှုပ်ရှားနေတဲ့ ပီယာလို

 အီတလီ ဂန္တဝင် ကစားသမားဟောင်း အန်ဒရီ ပီယာလိုက ဆမ်ဒိုးရီးယားကို နည်းပြ အဖြစ် တာဝန်ယူခွင့်ရတဲ့ အပေါ် စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့ပါတယ်။ 

အဆိုပါ ဂျူဗင်တပ်စ် နည်းပြဟောင်းဟာ စီးရီးအေနဲ့ အီတလီ ဘောလုံးလောကရဲ့ ဂန္တဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုအခါ မှာတော့ ပီယာလို အနေနဲ့ ဆမ်ဒိုးရီးယားတို့ စီးရီးအေကို တန်းပြန်တက်လာစေဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ပီယာလိုက စိတ်ဓာတ် တက်ကြွနေပြီး သူ့ အနေနဲ့ ကြီးကျယ် ခမ်းနားတဲ့ အသင်း တစ်သင်းကို ကိုယ်စားပြုရမယ် ဆိုတာ သိထားကြောင်း၊ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေဖို့ အမှားအယွင်းတွေ မပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီးတော့လည်း ဆမ်ဒိုးရီးယားက ဖွဲ့စည်းပုံကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ပြီး စီးရီးအေ မှာလည်း အမြဲ ရှိခဲ့ကြောင်း၊ ခက်ခဲတဲ့ လမ်းကြောင်းက စောင့်ကြိုနေပေမယ့် စီးရီးအေကို ပြန်လာဖို့က ရည်ရွယ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 


လီယောင်ကြောင့် အေစီမီလန်ကို ရောက်လာခဲ့ကြောင်း အိုကာဖော ဖွင့်ဟ 

ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက ရက်ဒ်ဘူးလ် ဆဲလ်ဘာ့ဂ် ကနေ စီးရီးအေ ကလပ် အေစီမီလန်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး နိုအာ အိုကာဖောက ရာဖေးလ် လီယောင်နဲ့ ပတ်သက်လို့ ဖွင့်ဟလာခဲ့ပါတယ်။

လီယောင်ဟာ အေစီမီလန်ရဲ့ အဓိက တိုက်စစ်မှူး တစ်ယောက် ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ဥရောပထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင်က စီးရီးအေမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး အေစီမီလန်နဲ့ (၅) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ 

အိုကာဖော ကလည်း အေစီမီလန်ကို ရောက်ရှိလာခဲ့ပြီး ဒီအပေါ်မှာ လီယောင်နဲ့ အရင်ကတည်းက သိကျွမ်းခဲ့ကြောင်း၊ ဆွစ်ဇာလန်-ပေါ်တူဂီပွဲ၊ အေစီမီလန်-လိုက်ပ်ဇစ်ပွဲတွေ မှာလည်း ပထမဆုံး တွေ့ဆုံခဲ့ကြောင်း၊ နှစ်ယောက်ကြား အဆက်အသွယ် ရှိခဲ့ပြီး ဂျာစီတွေလည်း လဲဖြစ်ခဲ့ကြောင်း၊ လီယောင်က သူ့ရဲ့ အရည်အချင်းနဲ့ မြန်နှုန်းက အီတလီ မှာသာ ဆိုရင် နောက်ထပ် အဆင့်တစ်ခုကို ရောက်နိုင်တယ်လို့ ပြောခဲ့ပြီး ကျွန်တော်လည်း အေစီမီလန်ကို ပြောင်းရွှေ့ဖို့ ယုံကြည်ချက်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 


ကက်ဆီကို ခေါ်ယူဖို့ ဆက်တိုက် ဆွေးနွေးနေတဲ့ ဂျူဗင်တပ်စ် 

စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေကြောင်း သိရှိရပါတယ်။ 

အဆိုပါ ကွင်းလယ်လူကို ဂျူဗင်တပ်စ်တို့ ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူမှာ ဖြစ်ပြီး ကစားသမားရဲ့ လစာငွေ ကိုပါ ပေးချေသွားဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် အဆိုပါ အငှားစာချုပ်မှာ ဂျူဗင်တပ်စ်တို့ လာမယ့်ရာသီ စီးရီးအေမှာ အဆင့် (၁) ဒါမှမဟုတ် (၂) ရခဲ့မယ်ဆိုရင် ကက်ဆီကို အပြီးသတ် ခေါ်ယူမှာ ဖြစ်ကြောင်း ကိုလည်း တစ်ပါတည်း ချုပ်ဆိုသွားဖို့ ဆန္ဒရှိနေပါတယ်။ 

ဘာစီလိုနာ ဘက်ကတော့ ဂျူဗင်တပ်စ်ရဲ့ သတ်မှတ်ချက်က စွန့်စားရာကျလွန်းတယ်လို့ ယူဆနေသည့်တိုင် နှစ်သင်းကြား ဆွေးနွေးမှုတွေက အဆင်ပြေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်