နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပူလီဆစ် အတွက် နောက်ဆုံး အကြိမ် ကမ်းလှမ်းမယ့် အေစီမီလန် (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၄ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပူလီဆစ် အတွက် နောက်ဆုံး အကြိမ် ကမ်းလှမ်းမယ့် အေစီမီလန်

အေစီမီလန်ဟာ ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတီယန် ပူလီဆစ် အတွက် နောက်ဆုံး အကြိမ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ စီးရီးအေ ကလပ်ရဲ့ ပြောင်းရွှေ့ကြေး ယူရို (၂၂) သန်းနဲ့ ကမ်းလှမ်းမှုကို ချဲလ်ဆီး ဘက်က ငြင်းဆန် ပယ်ချထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုတစ်ခါထပ်ပြီး အေစီမီလန် ဘက်က နောက်ဆုံး အကြိမ် ကြိုးစားလာဖို့ ပြင်ဆင်နေတာပါ။

ပူလီဆစ်ကို ခေါ်ယူဖို့ လိုင်ယွန် ဘက်က ပြောင်းရွှေ့ကြေး ယူရို (၂၄) သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ကစားသမား ကိုယ်တိုင်က အီတလီမြေ ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

အဲ့ဒါကြောင့် အေစီမီလန် အနေနဲ့ လိုင်ယွန်ထက် မနိမ့်ရင်တောင် တန်းတူပမာဏနဲ့ ကမ်းလှမ်းဖို့ လိုအပ်နေပါတယ်။ ဒီတစ်ကြိမ် ကမ်းလှမ်းမှု မအောင်မြင်ခဲ့ရင်တော့ ဗီလာရီးရဲလ် ကြယ်ပွင့် ဆမ်မြူရယ် ချူကွီဇီ ကိုသာ ပြောင်းလဲ ပစ်မှတ်ထားတော့မယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
ဖူလ်ဟမ်
1X2 ဖူလ်ဟမ် @ 3.00
ဂိုး‌အောက် အာရှ အကျောပေး -0.25 @ 1.90
ဂိုး‌အောက် 2.50 @ 1.85
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရိုးမား ကနေ ထွက်မယ် ဆိုရင် ဒီဘားလားက ရူးနေလို့ပဲ ဆိုတဲ့ ရိုးမား ဒါရိုက်တာဟောင်း

ရိုးမားရဲ့ အားကစား ဒါရိုက်တာဟောင်း ဝေါ်လ်တာ ဆာဘာတီနီက အသင်းရဲ့ လက်ရှိ တိုက်စစ်မှူး ပေါ်လို ဒီဘားလား အနေနဲ့ ရိုးမားကို စွန့်ခွာမယ် ဆိုရင် ရူးနှမ်းရာကျလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ဒီဘားလားကို ခေါ်ယူဖို့ အတွက် ဥရောပထိပ်တန်း အသင်း အချို့ အပြင် ဆော်ဒီအာရေဗျ ကလပ်တွေဘက်ကလည်း စိတ်ဝင်စားနေပါတယ်။ စီးရီးအေ ကလပ်ရဲ့ တိုက်စစ်ကစားသမား ကတော့ ရိုးမား မှာသာ ဆက်နေဖို့ ဆန္ဒရှိပေမယ့် ဆော်ဒီ ဘက်က ကမ်းလှမ်းမှုတွေ ကလည်း ငွေကြေးပိုင်းအရ ငြင်းဆန်ရခက်နေပါတယ်။

အဲ့ဒါကြောင့်လည်း ဆာဘာတီနီက ဒီဘားလား အနေနဲ့ ရိုးမားမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ သူက ထက်မြက်ပြီး ပထမရာသီက ကြံ့ခိုင်မှု ပြဿနာတွေကို လာမယ့်ရာသီမှာ ကျော်ဖြတ်ဖို့ အသင့်ရှိနေကြောင်း၊ ရိုးမား ပရိသတ်တွေက သူ့ကို ဘယ်လောက် ချစ်တယ် ဆိုတာ သူသိပြီး ဒီလိုမှ ထွက်သွားရင်တော့ သူက ရူးနေလို့သာ ဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တဲ့ အင်တာ နောက်ခံလူဟောင်း

စီးရီးအေ ကလပ် အင်တာမီလန်ရဲ့ ဝါရင့်နောက်ခံလူဟောင်း မီလန် ရှခရီညာဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ ၅ နှစ် စာချုပ်ချုပ်မယ့် မီလန် ရှခရီညာ

စီးရီးအေ ကလပ် အင်တာမီလန်ရဲ့ ဝါရင့်နောက်ခံလူဟောင်း မီလန် ရှခရီညာဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ရှခရီညာဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ကတည်းက စီးရီးအေ ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး လက်ရှိနွေရာသီ မှာတော့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတိုင်းပဲ အင်တာမီလန်ကို ရောက်ရှိသွားခဲ့တာပါ။

အဆိုပါ ဆလိုဗက်ကီးယား ဗဟိုနောက်ခံလူက အသင်းသစ်နဲ့ အတူ (၂၀၂၈) ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ အထိ အသင်းမှာ ရှိနေမယ့် (၅) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အသက် (၂၈) နှစ် အရွယ် ရှခရီညာက အံ့အားသင့်ဖွယ် ကောင်းတဲ့ အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ အတွက် အရမ်းကို ပျော်ရွှင်မိကြောင်း၊ ပီအက်စ်ဂျီက ကမ္ဘာ့အဆင့် ကစားသမားတွေ၊ အံ့အားသင့်ဖွယ် ပရိသတ်တွေနဲ့ အတူ ကမ္ဘာပေါ်က အတောင့်တင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်