နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွါဒီယိုလာနဲ့ အဆင်မပြေတဲ့ ဝေါ်လ်ကာကို စောင့်ကြည့်နေတဲ့ အေစီမီလန်၊ ရိုးမား၊ အင်တာ တို့နဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ ဘရိုက်တန် နည်းပြ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

countdown banner

ဂွါဒီယိုလာနဲ့ အဆင်မပြေတဲ့ ဝေါ်လ်ကာကို စောင့်ကြည့်နေတဲ့ အေစီမီလန်၊ ရိုးမား၊ အင်တာ တို့နဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ ဘရိုက်တန် နည်းပြ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၅ ရက်နေ့ ညနေခင်းရဲ့ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂွါဒီယိုလာနဲ့ အဆင်မပြေတဲ့ ဝေါ်လ်ကာကို စောင့်ကြည့်နေတဲ့ အေစီမီလန်

အေစီမီလန်ဟာ မန်ချက်စတာစီးတီးမှာ နည်းပြ ပပ် ဂွါဒီယိုလာနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ညာနောက်ခံလူ ကိုင်လ် ဝေါ်လ်ကာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ 

အသက် (၃၂) နှစ်အရွယ် အဆိုပါ အင်္ဂလန်လူမျိုး ညာနောက်ခံလူဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ် ကျန်ရှိနေပြီး အသင်းနဲ့ စာချုပ် သက်တမ်းတိုးနိုင်ချေလည်း နည်းပါးနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလအစောပိုင်း မှာလည်း ဂွါဒီယိုလာက ဝေါ်လ်ကာ အနေနဲ့ သူ့ရဲ့ နည်းစနစ် ညွှန်ကြားမှုတွေကို လိုက်နာခြင်း မရှိဘူးလို့ ဝေဖန်ထားတာကြောင့် ဝေါ်လ်ကာနဲ့ ဂွါဒီယိုလာ အကြား ဆက်ဆံရေးက တော်တော်လေး ဆိုးရွားနေတယ်လို့ ပြောနိုင်ပါတယ်။ 

စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ ကတော့ ဒီအချက်ကို အသုံးချကာ ဝေါ်လ်ကာကို ခေါ်ယူနိုင်ဖို့ အတွက် စောင့်ကြည့်နေပြီး အခွင့်အရေး ပေးတာနဲ့ ကမ်းလှမ်းသွားဖွယ် ရှိပါတယ်။ 


ရိုးမား၊ အင်တာ တို့နဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ ဘရိုက်တန် နည်းပြ

ဘရိုက်တန် နည်းပြ ရော်ဘတ်တို ဒီဇာဘီက စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အင်တာမီလန်၊ ရိုးမား တို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။
ဘရိုက်တန်ကို ပုံစံကောင်းတွေ ပြသနိုင်အောင် စွမ်းဆောင်ပေးထားတဲ့ ရော်ဘတ်တို ဒီဇာဘီ

ဘရိုက်တန် နည်းပြ ရော်ဘတ်တို ဒီဇာဘီက စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အင်တာမီလန်၊ ရိုးမား တို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။ 

ဒီဇာဘီဟာ ဒီရာသီမှ ဘရိုက်တန်ကို စတင် ကိုင်တွယ်တာ ဖြစ်ပေမယ့် အသင်းကို အကောင်းဆုံး ပုံစံပြသနိုင်အောင် ထိန်းကျောင်း မောင်းနှင်ပေးနေတာကြောင့် ထိပ်တန်း အသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတာပါ။ ရိုးမား၊ အင်တာမီလန် တို့ကလည်း သူတို့ရဲ့ နည်းပြတွေ ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟို၊ ဆိုင်မွန် အင်ဇာဂီ တို့နဲ့ လာမယ့် နွေရာသီမှာ လမ်းခွဲနိုင်ချေ ရှိနေပါတယ်။ 

ဒါပေမယ့်လည်း ဒီဇာဘီ ကတော့ ကျွန်တော့် အနေနဲ့ အင်္ဂလန်မှာ ပျော်ရွှင်နေပြီး ဒီမှာပဲ ဆက်နေလိုကြောင်း၊ အဲ့ဒီနောက် အသင်းနဲ့ ဆွေးနွေးပြီး သူတို့ရဲ့ မျှော်လင့်ချက်၊ ရည်ရွယ်ချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ချန်ပီယံဆုနဲ့ လက်တစ်ကမ်း အလိုရောက်လာတဲ့ နာပိုလီကို ပရိသတ်တွေ တစ်ခဲနက် ကြိုဆိုခဲ့ကြ 

နာပိုလီ ပရိသတ်တွေဟာ ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး နေပယ်လ်မြို့ကို ပြန်လည် ရောက်ရှိလာတဲ့ အသင်းကို တစ်ခဲနက် ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။ 

ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ခဲ့တဲ့ စီးရီးအေ အဝေးကွင်း ပွဲစဥ်မှာ လူစီယာနို စပယ်လက်တီရဲ့ အသင်းက ဂီယာကိုမို ရက်စ်ပါဒိုရီရဲ့ နောက်ဆုံး မိနစ် သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် နာပိုလီတို့ လာမယ့် တစ်ပတ် ဆလာနီတာနာနဲ့ ပွဲမှာ အနိုင်ရပြီး ဒုတိယနေရာက လာဇီယိုသာ အင်တာမီလန်နဲ့ ပွဲမှာ အမှတ်လျော့ခဲ့မယ် ဆိုရင် နာပိုလီတို့ စီးရီးအေ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်တော့မှာ ဖြစ်ပါတယ်။  

အဲ့ဒါကြောင့်လည်း ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး မနက် (၃) နာရီ နေပယ်လ်မြို့ကို ပြန်လည် ရောက်ရှိလာတဲ့ နာပိုလီ အသင်းသားတွေကို ပရိသတ်တွေက တစ်ခဲနက်ကြိုဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ နာပိုလီဟာ နှစ်ပေါင်း (၃၃) နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ စကူဒက်တို အိပ်မက်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ်ပြီး ဒါက သူတို့ အတွက် (၃) ကြိမ်မြောက် စီးရီးအေ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်