နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဆီကို ချီးကျူးလိုက်တဲ့ အေစီမီလန် ကြယ်ပွင့် (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မက်ဆီကို ချီးကျူးလိုက်တဲ့ အေစီမီလန် ကြယ်ပွင့်

စီးရီးအေ ကလပ် အေစီမီလန်ရဲ့ တိုက်စစ် ကစားသမား ခရစ္စတီယန် ပူလီဆစ်က လီယွန်နယ် မက်ဆီက မေဂျာလိဂ်ကို ဒီထက် ပိုမိုအောင်မြင်ဖို့ ကြိုးစားပေးနေကြောင်း ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ အင်တာ မိုင်ယာမီကို ရောက်ရှိပြီးနောက် အသင်းသစ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး သူ့ရဲ့ အသင်း ကလည်း လက်ရှိအချိန်ထိ ပြိုင်ပွဲစုံမှာ ရှုံးပွဲ လုံးဝကြုံတွေ့ခြင်း မရှိသေးပါဘူး။

အဲ့ဒါကြောင့်လည်း ပူလီဆစ်က မက်ဆီ ရောက်ရှိလာတာက မေဂျာလိဂ်ကို လုံးဝ အကူအညီပေးနိုင်ကြောင်း၊ မက်ဆီ ကစားတဲ့ ပွဲတွေက တကယ်ကို ပွဲကြီးပွဲကောင်းတွေ ဖြစ်ပြီး လူတိုင်းက အဲ့ဒီပွဲကို စောင့်ကြည့်ကြကြောင်း၊ ဒါက စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်ဖို့ ကောင်းကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

မက်ဆီဟာ အင်တာ မိုင်ယာမီ ကစားသမားဘဝ ပထမဆုံး ဆုဖလားကိုလည်း ဆွတ်ခူးထားနိုင်ပြီး လက်ရှိမှာ အသင်းကို မေဂျာလိဂ်မှာ အကောင်းဆုံး ဆွဲတင်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။


လူကာကူ ရိုးမားမှာ အောင်မြင်လိမ့်မယ်လို့ ဆိုလိုက်တဲ့ အင်တာမီလန် နည်းပြ

အေစီမီလန် ကစားသမားဟောင်း ဖီလစ်ပို အင်ဇာဂီက ရိုမယ်လူ လူကာကူဟာ ရိုးမားကို ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်း တစ်သင်း ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ကြောင်း ချီးကျူးလိုက်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ရိုးမားကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိသွားခဲ့တဲ့ ကစားသမားပါ။

အဆိုပါ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ အင်တာမီလန်နဲ့ အတူ စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဟိုဆေး မော်ရင်ဟို အတွက်လည်း အားကိုးရတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။
အခုနွေရာသီမှာ စီးရီးအေ ထိပ်သီး ရိုးမားကို ပြောင်းရွှေ့ခဲ့တဲ့ လူကာကူ

အဆိုပါ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ အင်တာမီလန်နဲ့ အတူ စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဟိုဆေး မော်ရင်ဟို အတွက်လည်း အားကိုးရတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။

အင်ဇာဂီက လူကာကူကို အင်တာမီလန်မှာ ဆက်နေမယ်လို့ ထင်ခဲ့ကြောင်း၊ ဒါပေမယ့် နောက်ဆုံး မှာတော့ သူ့အတွက် အကောင်းဆုံး ဖြစ်မယ် ထင်တဲ့အရာကို ရွေးချယ်သွားခဲ့ကြောင်း၊ လူကာကူက ရိုးမားကို ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်း တစ်သင်း ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


ဆီဗီလာ ကြယ်ပွင့်ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှ ကြိုးစားခဲ့သေးတဲ့ အေစီမီလန်

စီးရီးအေ
အင်တာမီလန်
အေစီမီလန်
1X2 အေစီမီလန် @ 3.10
ဂိုးပေါ် 2.50 @ 1.94
ပထမပိုင်း ဂိုးအောက် 0-1 @ 3.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အေစီမီလန်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဆီဗီလာရဲ့ တိုက်စစ် ကြယ်ပွင့် ယူ့ဆက်ဖ် အန်နက်ဆရီကို ခေါ်ယူဖို့ အတွက် ကြိုးစားခဲ့သေးကြောင်း သိရပါတယ်။ အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆီဗီလာ အတွက် အထူး ခြေစွမ်းပြခဲ့တာကြောင့် သူ့ကို ခေါ်ယူဖို့ အတွက် စီးရီးအေ ကလပ် အေစီမီလန်က စိတ်ဝင်စားခဲ့တာပါ။

ဆီဗီလာဟာ သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းကို အရောင်းစာရင်း တင်ခဲ့ပြီး ဈေးကွက်တန်ဖိုးနဲ့ ကိုက်ညီတဲ့ ကစားသမားတိုင်းကို ရောင်းချဖို့ ပြင်ဆင်ခဲ့တာပါ။ စီးရီးအေ ကလပ် အေစီမီလန် ကလည်း အန်နက်ဆရီ အတွက် ကနဦး အငှားခေါ်ယူကြေး ယူရို (၅) သန်း၊ အပြီးသတ်ခေါ်ယူခွင့် ယူရို (၂၅) သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါ့အပြင် အသင်းရဲ့ တိုက်စစ်မှူး ဒီဗော့ အိုရီဂီ ကိုလည်း အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်း အဖြစ် ကမ်းလှမ်းခဲ့ပြီး ဆီဗီလာ ကတော့ အိုရီဂီကို အလိုမရှိခဲ့ဘဲ ငွေသားသီးသန့် ယူရိုသန်း (၃၀) နဲ့ ရောင်းချဖို့သာ ဆန္ဒရှိခဲ့ကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်