နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပူလီဆစ်ကို နေရာပြောင်းကစားခိုင်းဖွယ် ရှိနေတဲ့ အေစီမီလန် နည်းပြ (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၂ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပူလီဆစ်ကို နေရာပြောင်းကစားခိုင်းဖွယ် ရှိနေတဲ့ အေစီမီလန်နည်းပြ

အေစီမီလန် နည်းပြ စတီဖန်နို ပီအိုလီဟာ အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယန် ပူလီဆစ်ကို ရိုးမားနဲ့ စီးရီးအေပွဲမှာ False 9 နေရာ ထားကစားဖွယ် ရှိနေပါတယ်။ ပူလီဆစ်ဟာ ဒီရာသီ အေစီမီလန် အတွက် ကစားပေးခဲ့ပြီးတဲ့ ပွဲစဉ်တိုင်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူထားပြီး အေစီမီလန် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်နေပါတယ်။

ပူလီဆစ်ဟာ စီးရီးအေ နှစ်ပွဲ ကစားပြီးချိန်မှာ နှစ်ဂိုး သွင်းယူထားနိုင်တာကြောင့်လည်း ပီအိုလီက အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ပူလီဆစ်ကို ပိုမိုအားကိုးဖို့ ရှိနေတာပါ။

ပီအိုလီက လက်ရှိအချိန်မှာ အသင်း အတွက် လိုအပ်ပြီး အရေးကြီးတဲ့ အပြောင်းအလဲ အချို့ကို စဉ်းစားနေကြောင်း၊ ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်ကြောင်း၊ အသင်းက အပြောင်းအလဲ အများကြီး ရှိခဲ့ပြီး အဝင်အထွက်ပေါင်းများစွာနဲ့ လူစာရင်း တစ်ခုလုံးနီးပါး ပြောင်းလဲခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


ရာဘီရော့တ်ကို ချီးကျူးလိုက်တဲ့ ဂျူဗင်တပ်စ် နည်းပြ

ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီက အသင်းရဲ့ ကွင်းလယ်လူ အက်ဒရီယန် ရာဘီရော့တ်ကို ချီးကျူးခဲ့ပြီး ဒီကစားသမားနဲ့ အလုပ်တွဲလုပ်ရတဲ့ အပေါ် ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ စီးရီးအေ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီ နှစ်ခုဆက်တိုက်မှာ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားပါ။

စီးရီးအေ
နာပိုလီ
လာဇီယို
1X2နာပိုလီ 1.58
နာပိုလီ အာရှ ဟန်းဒီးကပ် -1.00 @1.98
ဂိုးပေါ် 2.75 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နွေရာသီမှာတော့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီး ကောလာဟလတွေ အားလုံးကို အဆုံးသတ်စေခဲ့ပါတယ်။

အယ်လီဂရီက ရာဘီရော့တ်က ထူးခြား ကောင်းမွန်ပြီး အခြားသော ကစားသမားတွေနဲ့ မတူညီတဲ့ မောင်းနှင်နိုင်စွမ်း ရှိကြောင်း၊ သူက ဂိုးသွင်းဖို့ သင်ယူနေပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုရှိလာကြောင်း၊ ဒီနှစ်မှာလည်း သူက ပိုကောင်းလာကြောင်း ချီးကျူး ပြောကြားသွားခဲ့ပါတယ်။


အက်ဇ်မွန်က မော်ရင်ဟို အတွက် ကစားပေးချင်တာလို့ အေးဂျင့် ပြောကြား

လက်ရှိနွေရာသီမှာ ရိုးမားကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ အီရန် တိုက်စစ်မှူး ဆာဒါ အက်ဇ်မွန်ဟာ နည်းပြ ဟိုဆေး မော်ရင်ဟို အတွက် ကစားပေးချင်တဲ့ ဆန္ဒရှိခဲ့ကြောင်း အေးဂျင့် ဖြစ်သူ အန်ဒရီရာ ပီလီဂတ်တီက ပြောကြားခဲ့ပါတယ်။

အဆိုပါ တိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ အပတ်ကမှ လေဗာကူဆင်ကနေ စီးရီးအေ ကလပ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ပီလီဂတ်တီက နည်းစနစ်ပိုင်းအရ အက်ဇ်မွန်ကို အခြားသော အီတလီ အသင်းတွေက ချဉ်းကပ်ခဲ့ကြောင်း၊ ရူဘင်ကာဇန်၊ ဇင်းနစ် တို့မှာ ရှိနေကတည်းက ဖြစ်ကြောင်း၊ အက်ဇ်မွန်က အရင်ကတည်းက မော်ရင်ဟိုနဲ့ အလုပ်တွဲလုပ်ဖို့ အတွက် အိပ်မက်မက်ခဲ့ပြီး ရိုးမားရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ နှစ်ခါပြန် မစဉ်းစားခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ရိုးမားဟာ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်ကတည်းက အက်ဇ်မွန်ကို ချဉ်းကပ်ခဲ့ပေမယ့် ဇင်းနစ် ဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုခဲ့တာကြောင့် မခေါ်ယူဖြစ်ခဲ့ဘဲ အခုနွေရာသီမှသာ ခေါ်ယူနိုင်ခဲ့တာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်