နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်မှာပဲ နှစ်ပေါင်းများစွာ ကစားသွားချင်တဲ့ ဗင်နီးစီးယပ်စ် | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ အသည်းအသန် စိတ်ဝင်စားခြင်းခံနေတဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ ရီးရဲလ်မက်ဒရစ် မှာသာ နှစ်ပေါင်း များစွာ ကစားသွားလိုကြောင်း ဖွင့်ဟ ပြောကြားလာခဲ့သည်။ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်ဟာ လာမယ့် ၂၀၂၇ မှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီးတော့ သူ့ကို ဆော်ဒီပရိုလိဂ် ကလပ်တွေက မက်လုံးပေး ကမ်းလှမ်းကာ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ် ကတော့ ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ရစ်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချခဲ့ကြောင်း စပိန်မီဒီယာ တချို့က ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းတွေက ဗင်နီးစီးယပ်စ်က အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပြီး အဆင်ပြေဖို့လည်း မျှော်လင့်ထားကြောင်း ဖွင့်ဟ တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ 

TNT Sports နဲ့ အင်တာဗျူးမှာ ဗင်နီးစီးယပ်စ်က “ကျွန်တော့်ရဲ့ ဆန္ဒက ဒီ ကလပ်မှာ ကာလရှည်ကြာ နေထိုင်ပြီးတော့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ သမိုင်းသစ်တွေ ရေးထိုးသွားဖို့ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ကြာနိုင်သလောက် ကြာကြာနေချင်ပါတယ်။ လာမယ့် ရက် အနည်းငယ် အတွင်း အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့လည်း မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ ဗင်နီးစီးယပ်စ်ဟာ အသင်းဖော် ကီလီယန် အမ်ဘာပေး လက်ရှိ ရရှိနေတဲ့ လုပ်ခ လစာထက် ပိုလိုချင်ကြောင်း ရီးရဲလ်မက်ဒရစ် အသင်းထံ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေဟာ ဗင်နီးစီးယပ်စ်ကို တစ်နှစ် လုပ်ခလစာ ယူရို သန်း ၂၀၀နဲ့ ခေါ်ယူဖို့ပါ စီစဉ်နေတာ ဖြစ်ကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေဟာ အသက် အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗင်နီးစီးယပ်စ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလတွေ ကတည်းက ကြိုးပမ်းနေခဲ့တာလည်း ဖြစ်ပါတယ်။ 

သတင်းတွေ အရ ဆိုရင် ဆော်ဒီပရိုလိဂ် တာဝန်ရှိတွေက ဗင်နီးစီးယပ်စ် ဂျူနီယာကို တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀၀ ပေးချေသွားဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ်။
အမ်ဘာပေးရဲ့ လစာထက် ပိုပြီး လိုချင်နေတဲ့ ဗင်နီးစီးယပ်စ်

ဗင်နီးစီးယပ်စ် အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်နေပေမယ့်လည်း ဆော်ဒီပရိုလိဂ် ကလပ်တွေ ကတော့ သူ့ကို လာမယ့် နွေရာသီမှာ တန်ဖိုး ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပမာဏ၊ လစာနှုန်းထားနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်း စပိန် နာမည်ကြီး မီဒီယာ Marca က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေဟာ ခရစ္စတီယာနို ရော်နယ်ဒိုကို အဲလ်နာဆာက ခေါ်ယူခဲ့စဉ်တုန်းကလိုပဲ ကူညီ ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားဖို့ ရှိကြောင်းလည်း သိရပါတယ်။ 

သတင်းတွေ အရ ဆိုရင် ဆော်ဒီပရိုလိဂ် တာဝန်ရှိတွေက ဗင်နီးစီးယပ်စ် ဂျူနီယာကို တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀၀ ပေးချေသွားဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြောင်းရွှေ့ကြေး ကိုလည်း ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို သန်း ၃၀၀ အထိ ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

ဗင်နီးစီးယပ်စ် ဂျူနီယာဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အတွက် မရှိမဖြစ် ကစားသမား ဖြစ်သလို အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိထားသူ ဖြစ်ပါတယ်။ ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါ ချန်ပီယံ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စပိန်စူပါဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ်နဲ့ ဖီဖာ ကွန်တီနန်တယ်ဖလား ၂ ကြိမ် ကိုင်မြှောက်ထားနိုင်သူပါ။ သူဟာ ပြီးခဲ့တဲ့ နှစ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) ရရှိဖို့ သေချာသလောက် ရှိခဲ့ပေမယ့် တကယ်တမ်း မှာတော့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ရရှိသွားခဲ့တာကြောင့် ကြေကွဲခဲ့ရသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်