ရီးရဲလ်မက်ဒရစ်ရဲ့ဘရာဇီးလ်ကြယ်ပွင့်တောင်ပံတိုက်စစ်ကစားသမားဗင်နီးစီးယပ်စ်ကိုတော့ဆော်ဒီပရိုလိဂ်ကလပ်တစ်ခုကပေါင်သန်း၂၀၀နဲ့ခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်။
စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရအမည်မသိရတဲ့ဆော်ဒီပရိုလိဂ်ကလပ်တစ်ခုကဗင်နီးစီးယပ်စ်ကိုခေါ်ယူဖို့ချိတ်ဆက်နေတာဖြစ်ပြီးတော့ရီးရဲလ်မက်ဒရစ်ဘက်ကလည်းအဆိုပါအပြောင်းအရွှေ့ကိုစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ဗင်နီးစီးယပ်စ်ဟာရီးရဲလ်မက်ဒရစ်နဲ့စာချုပ်သက်တမ်း၂နှစ်ကျန်ရှိနေပြီးတော့အကယ်၍အသင်းနဲ့စာချုပ်သစ်ကိစ္စအတွက်ဆွေးနွေးဖြစ်ခဲ့ရင်တော့ကလပ်ရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်လာရေးတောင်းဆိုထားကြောင်းသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။
ဒါကြောင့်ရီးရဲလ်မက်ဒရစ်ဘက်ကဗင်နီးစီးယပ်စ်အတွက်မြင့်မားတဲ့ပြောင်းရွှေ့ကြေးရရှိရင်ရောင်းထုတ်ဖွယ်ရှိနေကြောင်းခန့်မှန်းမှုတွေလည်းရှိနေပါတယ်။ဗင်နီးစီးယပ်စ်အနေနဲ့လက်ရှိရာသီမှာရီးရဲလ်မက်ဒရစ်အတွက်ပြိုင်ပွဲစုံ၃၅ပွဲကစားရာမှာ၁၈ဂိုးသွင်းယူပေးထားပါတယ်။
ဗင်နီးစီးယပ်စ်ကအစောပိုင်းမှာတုန်းကအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ဆွေးနွေးနေပြီးအဆင်ပြေဖို့လည်းမျှော်လင့်ထားကြောင်းဖွင့်ဟပြောဆိုထားခဲ့ပါသေးတယ်။ TNT Sports နဲ့အင်တာဗျူးတစ်ခုမှာဘရာဇီးလ်သားကအခုလိုပဲပြောကြားသွားခဲ့တာဖြစ်ပါတယ်။ဗင်နီးစီးယပ်စ်က “ကျွန်တော့်ရဲ့ဆန္ဒကဒီကလပ်မှာကာလရှည်ကြာဆက်နေပြီးတော့ရီးရဲလ်မက်ဒရစ်နဲ့အတူသမိုင်းသစ်တွေရေးထိုးသွားဖို့ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်မှာကြာနိုင်သလောက်ကြာကြာနေချင်ပါတယ်။လာမယ့်ရက်အနည်းငယ်အတွင်းအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့လည်းမျှော်လင့်ပါတယ်။”ဆိုပြီးပြောကြားထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်းဗင်နီးစီးယပ်စ်ဟာအသင်းဖော်ကီလီယန်အမ်ဘာပေးလက်ရှိရရှိနေတဲ့လုပ်ခလစာထက်ပိုလိုချင်နေပြီးဒါကိုရီးရဲလ်မက်ဒရစ်ဘက်ကလိုက်လျောဖို့အခက်အခဲရှိနေတဲ့အခြေအနေမျိုးလည်းဖြစ်နေပါတယ်။
သတင်းတွေအရဆိုရင်ဆော်ဒီပရိုလိဂ်တာဝန်ရှိတွေကဗင်နီးစီးယပ်စ်ဂျူနီယာကိုတစ်နှစ်လုပ်ခလစာယူရိုသန်း၂၀၀ပေးချေသွားဖို့အသင့်ရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်ပြောင်းရွှေ့ကြေးကိုလည်းကမ္ဘာစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ယူရိုသန်း၃၀၀အထိပေးချေဖို့အဆင်သင့်ရှိနေကြောင်းသိရပါတယ်။
ဗင်နီးစီးယပ်စ်ဂျူနီယာဟာလာလီဂါကလပ်ရဲ့မရှိမဖြစ်ကစားသမားဖြစ်နေပြီးအသင်းနဲ့အတူချန်ပီယံဆုဖလားအောင်မြင်မှုတွေများစွာရရှိထားသူလည်းဖြစ်ပါတယ်။မှတ်တမ်းတွေအရဗင်နီးစီးယပ်စ်ကရီးရဲလ်မက်ဒရစ်နဲ့လာလီဂါချန်ပီယံ၃ကြိမ်၊ချန်ပီယံလိဂ်၂ကြိမ်၊ကိုပါဒယ်ရေး၁ကြိမ်၊စပိန်စူပါဖလား၃ကြိမ်၊ယူအီးအက်ဖ်အေစူပါဖလား၂ကြိမ်၊ကလပ်ကမ္ဘာ့ဖလား၂ကြိမ်နဲ့ဖီဖာကွန်တီနန်တယ်ဖလား၂ကြိမ်ရရှိထားပါတယ်။ဒါ့အပြင်ဗင်နီကပြီးခဲ့တဲ့နှစ်ရဲ့ဘယ်လွန်ဒေါဆုကိုရရှိဖို့အတော်လေးကိုနီးစပ်ခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.