နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့် နွေရာသီမှာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ထိပ်တန်း ကစားသမား ၅ ဦး

countdown banner

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကုန်ဆုံးဖို့ ကလည်း ရက်ပိုင်းသာ လိုတော့ပြီး နွေရာသီ အပြောင်းအရွှေ့ ကာလ ကလည်း စတင်တော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေကို ခေါ်ယူလေ့ရှိတဲ့ ဆော်ဒီပရိုလိဂ် ဟာလည်း များပြားတဲ့ ငွေကြေး ပမာဏတွေ အသုံးပြုပြီးတော့ ခေါ်ယူမှုတွေ ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ ပြီးခဲ့တဲ့ ရာသီက ဆော်ဒီအများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (PIF) ရဲ့ အစီအစဉ်နဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ ဆာဒီယို မာနေးနဲ့ ကာရင်မ် ဘန်ဇီမာ တို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ဒီရာသီမှာလည်း ငွေသုံးကြမ်းဖို့ ရှိနေတာပါ။ ဆော်ဒီပရိုလိဂ် အနေနဲ့ ရာသီကုန်မှာ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ် တွေကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ကစားသမားတွေကို စောင့်ကြည့်နေပြီး ဘယ်ကစားသမားတွေကို ခေါ်ယူသွားနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခု တစ်ခါမှာတော့ ဆော်ဒီပရိုလိဂ်ကို ဘယ်ကစားသမားတွေ ရောက်ရှိသွားနိုင်သလဲ ဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

(၁) ရာဖေးလ် ဗာရန်း

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ ၃ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ပြင်သစ် နောက်ခံလူ ဗာရန်း ကတော့ ရာသီအကုန်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ တရားဝင် ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။ ဗာရန်းဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ရီးယဲလ်မက်ဒရစ် ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီး ပွဲပေါင်း ၉၃ ပွဲ ကစားပေးခဲ့ပြီး ၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဗာရန်းက ၂၀၂၃ ခုနှစ်မှာ ယူနိုက်တက်တို့ ခရာဘောင်ဖလား ဆွတ်ခူးခဲ့ရာမှာ အဓိက ပါဝင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၁ ဩဂုတ်လ မှာတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဗာရန်းဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိ မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ဗာရန်း ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး အသင်း တချို့ ကလည်း ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗာရန်း အနေနဲ့ သတင်းတွေ ထွက်နေတဲ့ အတိုင်း အဲလ်နာဆာ သို့မဟုတ် အဲလ် အစ်တီဟတ်ကို ပြောင်းမလား ဒါမှမဟုတ် ဥရောပ အသင်း တစ်သင်းမှာပဲ ဆက်ရှိနေမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

(၂) ရစ်ချာလီဆင်

အခု တစ်ခါမှာတော့ ဆော်ဒီပရိုလိဂ်ကို ဘယ်ကစားသမားတွေ ရောက်ရှိသွားနိုင်သလဲ ဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စပါးမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ရစ်ချာလီဆင်

တော့တင်ဟမ်ဟော့စပါးမှာ ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ရစ်ချာလီဆင် ကိုလည်း ဆော်ဒီပရိုလိဂ် ကလပ် အယ်ဟီလယ်က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အဲဗာတန်မှာ အကောင်းဆုံး ပုံစံ ပြသနိုင်ခဲ့ပြီး ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ရစ်ချာလီဆင်ဟာ စပါး မှာတော့ ပုံမှန် ပွဲထွက်ခွင့်ပါ ပျောက်ဆုံးနေတာကြောင့် လာမယ့် နွေရာသီမှာ အသင်း ပြောင်းဖို့ များနေသူပါ။ ရစ်ချာလီဆင်ဟာ လက်ရှိမှာ အသက် အရွယ်အားဖြင့် ၂၇ နှစ်သာ ရှိနေသေးတာကြောင့် ဥရောပ ထိပ်တန်း ကလပ် တစ်ခုကို ပြောင်းရွှေ့သွားနိုင်သူလည်း ဖြစ်ပါတယ်။

 

(၃) အီဒါဆင် မိုရေးစ်

သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင် မန်ချက်စတာစီးတီး အသင်းနဲ့ အတူ အောင်မြင်မှု များစွာ ရခဲ့တဲ့ အီဒါဆင် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက ခေါ်ယူဖို့ တော်တော်လေး စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အီဒါဆင်က မန်စီးတီး အတွက် မရှိမဖြစ် နံပါတ် ၁ ဂိုးသမား ဖြစ်နေဆဲပါ။ ဒါပေမယ့် အသက် အရွယ် အားဖြင့်တော့ ၃၀ ထဲ ဝင်လာပြီ ဖြစ်တာကြောင့် ဆော်ဒီပရိုလိဂ် ဘက်ကသာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် လက်လွှတ်ပေးသွားဖွယ်တော့ ရှိနေပါတယ်။

 

(၄) ဘရူနို ဖာနန်ဒက်စ်

ဒါကတော့ ဖြစ်နိုင်ချေ နည်းတဲ့ အပြောင်းအရွှေ့ပါ။ တန်ဟက်ဂ် ကိုယ်တိုင်က အသင်းရဲ့ အရေးအပါဆုံး ကစားသမား အဖြစ် သတ်မှတ်ထားတဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ ပျော်ရွှင်နေသူ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ယူနိုက်တက်ဟာ ရာသီအကုန်မှာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း၊ ကိုဘီ မိန်းနူး၊ အလက်ဟန်ဒရို ဂါနာချို တို့ကလွဲလို့ ကျန်ကစားသမားတွေ အတွက် ကမ်းလှမ်းမှုတွေ ရှိလာရင် နားထောင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ ကလည်း လုံးဝမ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရတဲ့ အခြေအနေပါ။ လက်ရှိမှာ ဖာနန်ဒက်စ်ကို ဘေယန်မြူးနစ်၊ ဘာစီလိုနာ တို့လို အသင်းကြီးတွေက စိတ်ဝင်စားနေပါတယ်။

 

(၅) ဂါဘရီရယ် ဂျေဇုစ်

မီခဲလ် အာတေးတား စိတ်ကြိုက် ခေါ်ယူခဲ့တဲ့ ဂျေဇုစ် ကတော့ အာဆင်နယ်ကို စစရောက်ချင်းမှာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက မကြာခဏ ဆိုသလို ဒဏ်ရာပြသနာတွေ ရှိနေခဲ့ပြီး မတည်ငြိမ်တဲ့ ခြေစွမ်းကြောင့် အသင်း ဘက်က လမ်းခွဲဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ ဟာဗက်ဇ်ရဲ့ နောက်မှာ ပွဲထွက်ခွင့်ရနေတဲ့ ဂျေဇုစ် ကတော့ လက်ရှိမှာ အသင်းဖော် ပါတေးနဲ့ အတူ ဆော်ဒီပရိုလိဂ် ကို ပြောင်းရွှေ့ဖွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အခြား ကစားသမားတွေ အဖြစ်တော့ မန်စီးတီး ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား၊ လစ်ဗာပူးလ် ဂိုးသမား အလီဆွန် ဘက်ကာ၊ ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးနဲ့ လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာ တို့ဟာလည်း ဆော်ဒီပရိုလိဂ် ကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ကစားသမား စာရင်းမှာ ပါဝင်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်