နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆော်ဒီပရိုလိဂ်မှာ ဂိုးသွင်း စံချိန်သစ်တွေ ထပ်ရခဲ့တဲ့ ရော်နယ်ဒို

countdown banner

မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် ရာသီသိမ်း နောက်ဆုံး ပွဲစဉ် မှာတော့ အဲလ်နာဆာက အဲလ် အက်တီဟတ်ကို ၄-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ အဲလ်နာဆာက ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ဂါရိဘ်၊ အဲလ်နီမာ တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ရော်နယ်ဒို အနေနဲ့လည်း စံချိန်သစ်တွေ တင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ရော်နယ်ဒိုက ပထမပိုင်း ပွဲပြီးခါနီး အချိန်ပိုမှာ မိုဟာမက် အဲလ် ဖာတီလ်ရဲ့ ဖန်တီးပေးမှု ကနေ အဲလ်နာဆာ အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး ဒုတိယပိုင်း ၆၉ မိနစ် မှာတော့ ဘရိုဇိုဗစ်ရဲ့ ကန်တင်ပေးပို့မှုကို ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲလ်နာဆာ အနေနဲ့ နိုင်ပွဲနဲ့ အတူ ရာသီသိမ်းနိုင်ခဲ့ပြီးတော့ ဇယားထိပ်က အဲလ်ဟီလယ်နဲ့ ၁၄ မှတ် အကွာ အဆင့် ၂ နေရာ ရရှိခဲ့ပါတယ်။ ရော်နယ်ဒို အနေနဲ့ အဲလ်နာဆာကို ပြောင်းရွှေ့ခဲ့ချိန်က စလို့ ဂိုးတွေ သွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် အမှတ်ပေး ချန်ပီယံဆုနဲ့တော့ လွဲချော်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကြားမှာ ကစားခဲ့တဲ့ ရှုံးထွက် ပွဲစဉ်တွေ မှာလည်း ချန်ပီယံဆုတွေနဲ့ အကြိမ်ကြိမ် လွဲချော်ထားခဲ့ပြီးတော့ အာရပ် ကလပ်များ ချန်ပီယံဆု တစ်ကြိမ်သာ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အမှတ်ပေးလိဂ် (၄) ခုမှာ ဂိုးသွင်း အများဆုံးဆုတွေ ရရှိခဲ့တဲ့ ပထမဦးဆုံးသော ကစားသမား ဖြစ်လာခဲ့ပြီးတော့ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲသမိုင်း တစ်လျှောက် မှာလည်း တစ်ရာသီ အတွင်း လိဂ်သွင်းဂိုး အများဆုံး ကစားသမား အဖြစ် စံချိန်မှတ်တမ်းကောင်းတွေ ထပ်မံ ဆိုက်ထူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့ ကလပ် အဲလ်နာဆာက ဆော်ဒီပရိုလိဂ် ချန်ပီယံ မဖြစ်ခဲ့ပေမယ့် သူကတော့ စံချိန် မှတ်တမ်းတွေနဲ့ ဆက်လက် ခရီးဆက်နိုင်နေဆဲ ဖြစ်ပါတယ်။
စံချိန်ကောင်းတွေရနေပေမယ့် ချန်ပီယံဆုနဲ့ လွဲချော်နေဆဲ ရော်နယ်ဒို

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ငါးကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာ အဲလ်နာဆာ အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ ကစားပြီး ၄၉ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကလပ် အဲလ်နာဆာက ဆော်ဒီပရိုလိဂ် ချန်ပီယံ မဖြစ်ခဲ့ပေမယ့် သူကတော့ စံချိန် မှတ်တမ်းတွေနဲ့ ဆက်လက် ခရီးဆက်နိုင်နေဆဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝ သက်တမ်း တစ်လျှောက်လုံးမှာ ကလပ် အသင်း သွင်းဂိုး ၇၅၇ ဂိုး သွင်းယူထားပြီးတော့ နိုင်ငံ လက်ရွေးစင် အသင်း အတွက်တော့ ၁၂၈ ဂိုး သွင်းယူထားပါတယ်။ လက်ရှိ အချိန်ထိ ရော်နယ်ဒို အနေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ သွင်းဂိုးပေါင်း ၈၈၅ ဂိုး သွင်းယူထားနိုင်ပြီး သွင်းဂိုး ၉၀၀ ပြည့်ဖို့ ၁၅ ဂိုးပဲ လိုအပ်တော့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၉ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ရော်နယ်ဒိုဟာ လက်ရှိ အချိန်ထိတော့ ခြေစွမ်းကောင်းတွေ ပြသနေဆဲ ဖြစ်ပြီး အရွယ်နဲ့ မလိုက်အောင် ဂိုးတွေ သွင်းနေဆဲ ဖြစ်ပါတယ်။ သူ ကိုယ်တိုင်လည်း ကစားသမားဘဝ ကနေ အနားယူဖို့ အစီအစဉ် မရှိသေးတဲ့ပုံပေါ်ပြီး လာမယ့် ယူရို ၂၀၂၄ မှာလည်း ပါဝင် ဆင်နွှဲဖို့ စိတ်အားထက်သန်လျက် ရှိတာ တွေ့ရပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုကို ဘွန်ဒက်စ်လီဂါ ရှုံးပွဲမရှိ ချန်ပီယံ ကလပ် လေဗာကူဆင်ရဲ့ နည်းပြ ဇာဘီ အလွန်ဆိုက ခေါ်ယူချင်နေပါတယ်။ လေဗာကူဆင်ဟာ ချန်ပီယံလိဂ် ကစားရဖို့ ရှိနေတာကြောင့် မစ္စတာ ချန်ပီယံလိဂ် ဆီ အရ ခေါ်ယူပေးဖို့ အလွန်ဆို ကိုယ်တိုင် တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒို တစ်ယောက် ဥရောပကို ပြန်လာမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပြီး အဲလ်နာဆာ ဘက်ကလည်း သူတို့ အသင်းရဲ့ ခြေစွမ်းပြ တိုက်စစ်မှူးကို စာချုပ်သက်တမ်း မကုန်ခင်မှာ လက်လွှတ်သွားဖွယ်တော့ မရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်