နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကြမ်းစား ခြေစွမ်းနဲ့ (၅) ပွဲဆက် ဂိုးသွင်းပြီး အဲလ်နာဆာကို နိုင်ပွဲတွေ ဆက်တိုက် ယူပေးနေတဲ့ ရော်နယ်ဒို (ဆော်ဒီ ပရိုလိဂ် ပွဲပြီးသုံးသပ်ချက်)

countdown banner

အဲလ် နာဆာ ၄-၃ အဲလ် အာလီ (ပွဲပြီးသုံးသပ်ချက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆော်ဒီ ပရိုလိဂ် ပွဲစဉ် ၇ မှာတော့ အဲလ်နာဆာက အဲလ် အာလီ အသင်းကို အိမ်ကွင်းမှာ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ 

ဒီပွဲမှာလည်း ဂုတ်ကြီး ခရစ္စတီယာနို ရော်နယ်ဒိုက အဲလ်နာဆာ အတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒို အတွက်တော့ ဆော်ဒီ ပရိုလိဂ်မှာ ၅ ပွဲဆက် ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
လီဗာပူးလ်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 သရေ @ 4.70
ဂိုးပေါ် 3.25 @ 1.89
ဂိုးပေါင်း 2-3 @ 2.19
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲ ကိုတော့ နှစ်သင်းစလုံး အကောင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီး အိမ်ရှင် အဲလ်နာဆာ ဘက်မှာ လာပေါ့တ်၊ တဲလက်စ်၊ ဘရိုဇိုဗစ်၊ မာနေး၊ အော့တာဗီယို၊ တယ်လစ္စကာနဲ့ ရော်နယ်ဒိုတို့ ပါဝင်ခဲ့ကြပါတယ်။ အဲလ် အာလီ ဘက်မှာတော့ မန်ဒီ၊ ဒီမီရယ်၊ အီဘာနက်ဇ်၊ ကက်ဆေး၊ ဗိုင်ဂါ၊ စိန့် မက်ဆီမင်နဲ့ ဖေမီနို တို့ ပွဲထွက်လာခဲ့ကြပါတယ်။

ကစားသမား အင်အား တောင့်တင်းပြီး ခြေစွမ်းကောင်းနေတဲ့ အသင်းတွေပီပီ ပွဲစကတည်းက အပြန်အလှန် တိုက်စစ်ဖွင့် ကစားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဦးဆောင်ဂိုး ရသွားတာ ကတော့ အိမ်ရှင် အသင်း ဖြစ်ပြီး အဲလ် အာလီ နောက်တန်းတွေရဲ့ အမှား ကနေ မာနေး ဖြတ်လုပြီး ရော်နယ်ဒိုဆီ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကို ရော်နယ်ဒိုက အမှားအယွင်း မရှိ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ဒီဂိုး ကတော့ Ghost Goal အဖြစ်လည်း နာမည်ကြီးသွားခဲ့ပြန်ပြီး အဲလ်အာလီ ဂိုး အနောက်မှာ အဝါရောင် မီးခိုးတွေ ပြည့်နှက်နေခဲ့ပေမယ့် ရော်နယ်ဒိုက မမြင်ရတဲ့ ဂိုးသမားကို ကျော်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ တချို့ ကလည်း ဂိုးသမား မန်ဒီ ကိုယ်တိုင် မမြင်ရလို့ ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရတယ်လို့ ပြောဆိုနေကြပါတယ်။ 

ပြိုင်ပွဲစုံမှာတော့ ၇ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်သလို ဆော်ဒီပရိုလိဂ် ဇယားထိပ်က အဲလ်အစ်တီဟတ်ကို ၃ မှတ် အကွာ အဆင့် ၅ နေရာ ကနေ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။
ဂိုးသမားကို မမြင်ရပဲ အဲလ် နာဆာ အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ အခုနှစ် ဆော်ဒီ ပရိုလိဂ်မှာ ၆ ပွဲ ကစား၊ သွင်းဂိုး ၉ ဂိုး၊ ဖန်တီးမှု ၄ ကြိမ် အထိ ရှိထားပြီး ၃၈ နှစ် ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် အကြမ်းစား ခြေစွမ်းတွေ ပြသနေတာလည်း ဖြစ်ပါတယ်။ အခု နိုင်ပွဲက သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာ ၇၇၇ ပွဲမြောက် နိုင်ပွဲ ဖြစ်လာခဲ့သလို ရှုံးပွဲ မရှိတဲ့ ပွဲအရေအတွက် ကလည်း ၁၀၀၁ ပွဲဖြစ်သွားခဲ့ပါတယ်။

အဲလ်နာဆာ အတွက် နောက်ထပ် ဂိုးတွေ ကိုတော့ တယ်လစ္စကာနဲ့ ရော်နယ်ဒို တို့ကပဲ သွင်းယူပေးခဲ့ပြီး အဲလ်အာလီ အတွက် ကို‌တော့ မာရက်ဇ်၊ ကက်ဆေးနဲ့ အဲလ်ဘူရိုင်ကန် တို့က သွင်းယူပေးခဲ့ပါတယ်။ အပြန်အလှန် ဂိုးတွေ သွင်းပြီး ကြည့်ကောင်းခဲ့တဲ့ ပွဲကတော့ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး အိမ်ရှင် အဲလ်နာဆာတို့ ဆော်ဒီ ပရိုလိဂ်မှာ ၅ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ မှာတော့ ၇ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်သလို ဆော်ဒီပရိုလိဂ် ဇယားထိပ်က အဲလ်အစ်တီဟတ်ကို ၃ မှတ် အကွာ အဆင့် ၅ နေရာ ကနေ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ 

အဲလ်အာလီ အသင်း ကတော့ ဒီရာသီ ဆော်ဒီ ပရိုလိဂ်မှာ ဒုတိယမြောက် ရှုံးပွဲ တွေ့ခဲ့ရတာကြောင့် အဲလ်နာဆာနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နှစ်သင်းစလုံး လာမယ့် ပိတ်ရက်မှာ ဆော်ဒီ ပရိုလိဂ် ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး ရော်နယ်ဒိုရဲ့ အဲလ်နာဆာက အဲလ် တာအီ၊ အဲလ်အာလီ ကတော့ အဲလ်အက်တီဖက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်