ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ သားဖြစ်သူ ချီဗို ပီရက်ဇ် ကတော့ အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ဆော်ဒီပရိုလိဂ်ဆီ ရောင်းထုတ်ဖို့ လိုလားနေကြောင်း သိရပါတယ်။ ဒါ့အပြင် ချီဗို ပီရက်ဇ်ဟာ ဖခင် ဖြစ်သူနဲ့ အသင်း ဥက္ကဌ လည်း ဖြစ်တဲ့ ဖလော်ရန်တီနို ပီရက်ဇ်ကို တိုက်တွန်းထားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် ကြယ်ပွင့် ဗင်နီးစီးယပ်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ချိတ်ဆက်ခြင်းလည်း ခံခဲ့ရသူပါ။ ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကမ္ဘာကျော် ဘောလုံးသမား တစ်ဦး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဥရောပမှာ ကစားနေတဲ့ အခြားသော ထိပ်တန်း ကစားသမားတွေ ကိုလည်း လစာ များစွာပေးချေပြီး ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်း ရော်ဘတ်တို ဖေမီနို ကစားနေခဲ့တဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ဗင်နီးစီးယပ်စ်ကို ယူရို ၁ ဘီလီယံတန်ကြေး ရှိတဲ့ ၅ နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ ဗင်နီးစီးယပ်စ်ကို လျော်ကြေး ယူရို ၁ ဘီလီယံတန် စာချုပ် ချုပ်ဆိုထားတဲ့ အတွက် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ခြင်းတော့ မရှိပါဘူး။
အဲဒီနောက် ဗင်နီးစီးယပ်စ်က သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားသမား ဘဝ တလျှောက်လုံး ကစားသွားလိုတယ်လို့ ပြောကြားထားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ ယခုအခါ အသင်းနဲ့ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဗင်နီးစီးယပ်စ်ကို ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
လက်ရှိ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှာ ဗင်နီးစီးယပ်စ်နဲ့ အမ်ဘာပေး တို့မှာ ကစားတဲ့ နေရာမှာ ထပ်နေပြီး အမ်ဘာပေးကို အထောင် တိုက်စစ်မှူး အဖြစ် အသုံးပြုရာမှာ အဆင်မပြေ ဖြစ်နေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် တာဝန်ရှိတွေ ဗင်နီးစီးယပ်စ်နဲ့ အမ်ဘာပေး တို့ထဲ ကနေ တစ်ဦးဦးကို ရောင်းချဖို့ စီစဉ်နေပြီး ဗင်နီးစီးယပ်စ်အား ရောင်းထုတ်လိုသူတွေက ပိုများနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ သားဖြစ်သူက ဗင်နီးစီးယပ်စ်ကို ဆော်ဒီပရိုလိဂ် ဘက်ကနေ ကမ်းလှမ်းလာရင် ရောင်းထုတ်ဖို့ အသင်းကို တိုက်တွန်းခဲ့တယ်လို့ စပိန် မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီ ကတော့ ဗင်နီးစီးယပ်စ် ဂျူနီယာကို စံချိန်တင် လစာပေးချေဖို့ ရှိနေပြီး ပြောင်းရွှေ့ကြေး ကိုလည်း ယူရို သန်း ၄၀၀ နဲ့ ယူရိုသန်း ၅၀၀ ကြား ပေးချေဖို့ ရှိနေကြောင်း သိရပါတယ်။ ဒီလို သတင်းတွေ ထွက်ပေါ်နေချိန်မှာတော့ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ သားဖြစ်သူက ဗင်နီးစီးယပ်စ် ဂျူနီယာကို ရောင်းထုတ်လိုက်ဖို့ ဖခင် ဖြစ်သူ အသင်း ဥက္ကဋ္ဌအား ထိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီက ဗင်နီးစီးယပ်စ် အတွက် ကမ်းလှမ်းမှု မပြုလုပ်ရသေးပေမယ့်လည်း တရားဝင် ကမ်းလှမ်းမှု ရှိလာရင်တော့ ရီးရဲလ် ဘက်က ရောင်းထုတ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.