နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆန်းတို့စ်ကို ပြန်သွားမှာ မဟုတ်တဲ့ နေမာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလယ် တိုက်စစ် ကစားသမား နေမာက လတ်တလော သတင်းတွေ ထွက်နေတဲ့ အတိုင်း အသင်းဟောင်း ဆန်းတို့စ်ကို ပြန်သွားမှာ မဟုတ်ပဲ အဲလ်ဟီလယ် မှာသာ ဆက်ရှိနေမယ်လို့ အေးဂျင့် ဇဟာဗီက ပြောဆိုလာခဲ့ပါတယ်။

အသက် ၃၂ နှစ် အရွယ် ကစားသမား နေမာက သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို မွေးရပ်မြေ ဘရာဇီးလ် ကလပ် ဆန်းတို့စ်မှာ စတင်ခဲ့ပြီး ဆန်းတို့စ် အတွက် ၄ နှစ်ကြာ အထိ ပါဝင် ကစားခဲ့သူပါ။ နေမာဟာ အဲ့ဒီကနေမှ ဘာစီလိုနာဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ နေမာက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာဆီ ရောက်ရှိနေပေမယ့် ဒဏ်ရာတွေ မကြာခဏ ရနေတာကြောင့် အသင်း ဘက်က နေမာနဲ့ စာချုပ်ဖျက်သိမ်းဖို့ အထိ စဉ်းစားနေတယ် ဆိုတဲ့ သတင်းတွေ တော်တော်လေး ထွက်ပေါ်နေပြီး နေမာ ကလည်း သူ့ရဲ့ အသင်းဟောင်း ဆန်းတို့စ်ဆီ ပြန်သွားဖွယ် ရှိနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

အဲလ်ဟီလယ် ကတော့ ဆော်ဒီပရိုလိဂ် မှာရော၊ ချန်ပီယံလိဂ် မှာပါ ရှုံးပွဲ လုံးဝ မရှိသေးသလို ရလဒ်တွေ ကောင်းမွန်နေတဲ့ အသင်း ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် မကြာခဏ ဆိုသလို အနားယူနေရတဲ့ နေမာ

ဒါပေမယ့်လည်း ဒီသတင်းတွေ ကိုတော့ နေမာရဲ့ အေးဂျင့် ဖြစ်တဲ့ ဇဟာဗီက ငြင်းဆိုခဲ့ပြီး နေမာက အဲလ်ဟီလယ် မှာသာ ဆက်ရှိနေမယ်လို့ တုံပြန် ပြောဆိုလိုက်ပါတယ်။ ဇဟာဗီက “နေမာက အဲလ်ဟီလာ ကနေ ထွက်ခွာဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာမျိုး မရှိပါဘူး။ သူက ဒီအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီးတော့ ဒီအသင်း မှာလည်း သူပျော်ရွှင်နေပါတယ်။ နောက်ပြီးတော့ နေမာရဲ့ အနာဂတ် ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ နေမာရဲ့ ဖခင် တို့ကပဲ ပြောဆိုနိုင်ကြသူတွေပါ။ ဒါကြောင့် မကြာသေးခင်ကမှ ထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းတွေက ဘယ်ကနေ ဘယ်လို ထွက်ပေါ်လာသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။”လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် နေမာနဲ့ ဆန်းတို့စ် အသင်း အကြောင်းကို အခိုင်အမာ ဖော်ပြခဲ့တဲ့ ဆီဆာ လူးဝစ် မာလိုဆို ကတော့ သူဖော်ပြထားတဲ့ သတင်း အကြောင်းအရာနဲ့ ပတ်သက်ပြီး နေမာရဲ့ အေးဂျင့်က ပယ်ချခဲ့ပေမယ့် သူကတော့ သူ့ရဲ့ သတင်း အပေါ် အပြည့်အဝ ယုံကြည် စိတ်ချမှု ရှိတယ်လို ပြန်လည် တုံပြန်ထားခဲ့ပါတယ်။

နေမာ ကတော့ လက်ရှိမှာ အာရှ ချန်ပီယံလိဂ် ပွဲစဉ်မာ ကြွက်သား ဒဏ်ရာ ထပ်မံ ရရှိခဲ့တာကြောင့် တစ်လ ဝန်းကျင်ခန့် ထပ်မံ အနားယူနေရပါတယ်။ နေမာဟာ နိုဝင်ဘာလ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲလ်ဟီလာက အယ်စတယ်လာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် ၅၈ မိနစ်က လူစားဝင် ကစားပြီးနောက် နာရီဝက်ခန့် အကြာမှာ ကြွက်သား ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် တစ်နှစ်ကျော် အကြာ အနားယူခဲ့ရပြီးတော့ နှစ်ပွဲသာ လူစားဝင် ကစားပြီး ဒဏ်ရာ ပြန်လည် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဟီလယ် ကတော့ ဆော်ဒီပရိုလိဂ် မှာရော၊ ချန်ပီယံလိဂ် မှာပါ ရှုံးပွဲ လုံးဝ မရှိသေးသလို ရလဒ်တွေ ကောင်းမွန်နေတဲ့ အသင်း ဖြစ်ပါတယ်။ အဲလ်ဟီလယ်က ၉ ပွဲ ကစားပြီးချိန် အထိ ၈ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရမှတ် ၂၅ မှတ်နဲ့ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ဒါ့အပြင် အာရှ ချန်ပီယံလိဂ်မှာလည်း ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ Elite အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်