နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆော်ဒီပရိုလိဂ်မှာ ရပ်တန့်လို့ မရတဲ့ ခြေစွမ်းတွေနဲ့ ဂိုးမြူးနေတဲ့ မီထရိုဗစ်

countdown banner

ဆာဘီးယား တိုက်စစ်မှူးကြီး အလက်ဇန္တား မီထရိုဗစ် ကတော့ ဆော်ဒီပရိုလိဂ် မှာလည်း ခြေစွမ်းပြနေပါတယ်။ အခုဆိုရင် ဒီရာသီမှာ မီထရိုဗစ်ဟာ ဆော်ဒီပရိုလိဂ် သွင်းဂိုး ၁၃ ဂိုးအထိ ရသွားခဲ့ပါပြီ။ ညက အယ်လ်နာဆာ ဘက်ကို ၂ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ သွင်းဂိုးက ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ၂ ဂိုးပဲ ကွာပါတော့တယ်။ ဖူလ်ဟမ် တိုက်စစ်မှူးဟောင်း တစ်ယောက် ဆော်ဒီ မှာလည်း အားကောင်းတဲ့ မီးတောက်လိုပဲ စွမ်းဆောင်ပြနေတာက တကယ့်ကို အားရစရာပါ။

ပရီးမီးယားလိဂ် မှာလည်း ထိပ်တန်း အဆင့် ခြေစွမ်းကို ပြသခဲ့တဲ့ မီထရိုဗစ် အတွက် ဆော်ဒီပရိုလိဂ်က ထမင်းစားရေသောက်သလို ဖြစ်နေပါတယ်။ ရော်နယ်ဒိုနဲ့တောင် ဂိုးအပြိုင် သွင်းနေတာကို ကြည့်ရင် သိသာပါတယ်။ သူ့ရဲ့ ခြေစွမ်းက တကယ်ကို ချီးကျူးစရာ အဆင့် ဖြစ်နေပြီး အဆုံးသတ်ပိုင်းတွေ ကလည်း ရှယ်ပါပဲ။ အထူးသဖြင့် ခေါင်းတပေါက် လျှမ်းလျှမ်းတောက်နေတုန်းပဲ။

တိုက်စစ်ပိုင်းမှာ ဂိုးမရသေးရင်တောင်မှ တစ်ချိန်လုံးကို ဂိုးရဖို ချောင်းမြောင်းနေပြီး အခွင့်အရေး ရတာနဲ့ အဆုံးသတ်ဖို့က အသင့်ဖြစ်နေပြီ။ ညက အယ်လ်နာဆာနဲ့ ပွဲမှာ ဆိုလည်း အစောပိုင်း ဂိုးမရပေမယ့် သူ့ခြေစွမ်းက အားရဖို့ အရမ်း ကောင်းပါတယ်။ တစ်ဦးချင်း ကျော်ဖြတ်တာတွေ၊ နေရာယူတာတွေ ကလည်း ရှယ်ပါပဲ။ မယ်လ်ကွန် နဲ့လည်း အတွဲအဖက်မိနေပြီး တိုးအား ရုန်းအား၊ လျင်မြန်မှု ကလည်း အကောင်းဆုံး အချိန် ရောက်နေတဲ့ အတိုင်းပါပဲ။ ဆော်ဒီပရိုလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေကို တန်းစီရေးမယ် ဆိုရင် သူ့နာမည်ကို ထိပ်ဆုံးနားမှာ ထည့်ရပါလိမ့်မယ်။

ပရီးမီးယားလိဂ်
ဝူဗာဟမ်တမ်
ဘန်လေ
1X2 ဘန်လေ @ 3.75
ဝူဗာဟန်တမ် ဝမ်းဒါးရားစ် အာရှ အကျောပေး -0.75 @ 2.08
ဂိုး‌အောက် 2.50 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မီထရိုဗစ်က ကမ္ဘာ့ အဆင့် တိုက်စစ်မှူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ ကစားပေးခဲ့တဲ့ အသင်းတိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးတွေ အများကြီး သွင်းပေးခဲ့သူပါ။ ဖူလ်ဟမ်နဲ့ အတူ အင်္ဂလန် ချန်ပီယံရှစ်မှာ ဆိုရင် ဂိုးသွင်းစံချိန်ပါ တင်နိုင်ခဲ့တဲ့ အထိပါပဲ။ အခုဆိုရင် အယ်လ်ဟီလယ် အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားပြီး ဂိုးပေါင်း ၂၀ အထိ သွင်းပေးထားပြီးပါပြီ။ ဒါက အသင်း သမိုင်းမှာ စံချိန်သစ် တစ်ခု ဖြစ်ပြီး သူ့ခြေစွမ်း ဘယ်လောက်တောင်မှ ကောင်းမွန်လဲ ဆိုတာကို သက်သေပြနေတာပါပဲ။

အသက် ၂၉ နှစ် အရွယ်မို့ ကစားသမားဘ၀ အကောင်းဆုံး အချိန်အခါလည်း ဖြစ်နေပါတယ်။ အာရှ ချန်ပီယံလိဂ်မှာ ၅ ပွဲ ကစားပြီး ၅ ဂိုး သွင်းထားကာ ပြိုင်ပွဲစုံ ဖန်တီးမှု ၄ ကြိမ် ရှိပါတယ်။ တိုက်စစ် ကစားသမား တစ်ဦး အနေနဲ့ အပြစ် ပြောစရာကို မရှိတဲ့ စွမ်းဆောင်ရည်ပါပဲ။ သူ့ကို အယ်လ်ဟီလယ် ခေါ်ယူချိန်ကတည်းက ဂိုးတွေ သွင်းပေးမယ် ဆိုတာ အားလုံးသိထားခဲ့ပေမယ့် ဒီလောက်ထိ လုပ်ပြနိုင်မယ် လို့တော့ မမျှော်လင့်ခဲ့ကြတာ အမှန်ပါပဲ။ အခုတော့ သူက အားလုံးကို မျက်လုံးပြူးနေအောင်ကို လုပ်ပြနေပါပြီ။

အယ်လ်ဟီလယ်ရဲ့ သွင်းဂိုး ၃ ပုံ ၁ ပုံက သူ့ဆီ ကနေ ရနေတာ ဖြစ်ပြီး မီထရိုဗစ်ဟာ ဘယ်အသင်းကို မဆို ဂိုးသွင်းထားပါတယ်။ မီထရိုဗစ် ဂိုးမသွင်းတဲ့ပွဲ ဆိုတာ လက်ချိုး ရေတွက်လို့တောင် ရတဲ့ အထိပါပဲ။ ဆာဘီးယား ကိုလည်း ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်အောင် လုပ်ပေးထားတဲ့ တိုက်စစ်မှူးကြီးဟာ အယ်လ်ဟီလယ်ကို ဆော်ဒီပရိုလိဂ် ဖလားနဲ့ အာရှချန်ပီယံလိဂ် ရအောင်ပါ စွမ်းဆောင် ကူညီပေးနိုင်မယ့် တိုက်စစ်မှူး ဆိုတာ ကတော့ မြေကြီးလက်ခတ် မလွဲပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်