ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကိုတော့ ဆော်ဒီပရိုလိဂ်က မြင့်မားတဲ့ လုပ်ခလစာငွေတွေနဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို သတင်းတွေ ထွက်ပေါ်လာချိန် မှာတော့ သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် မန်စီးတီးက စပိန် လူမျိုး နည်းပြတွေကို ပစ်မှတ်ထားနေကြောင်း သိရသည်။
ပပ် ဂွါဒီယိုလာ ကတော့ မန်ချက်စတာစိးတီးနဲ့ လာမယ့် ၂၀၂၇ နှစ် အထိ စာချုပ်သက်တမ်း တိုးထားသူပါ။ ဒါပေမယ့်လည်း မန်စီးတီးက လက်ရှိမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဂွါဒီယိုလာ အနေနဲ့ အနာဂတ် မသေချာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာ ကိုယ်တိုင် ကလည်း သူ့အနေနဲ့ တခြားသော အသင်း တစ်သင်းမှာ ဆိုရင် ရာထူး ကနေ ထုတ်ပယ်ခံရနိုင်ချေ ရှိကြောင်း ဖွင့်ဟ ဝန်ခံထားခဲ့ဖူးပါ။

အခုလိုမျိုး အနာဂတ် မရေရာတဲ့ အခြေအနေတွေ ဖြစ်လာချိန်မှာ ဆော်ဒီပရိုလိဂ် ကလပ် တစ်ခုက သူ့ကို ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ သတင်းတွေ မှာတော့ ဂွါဒီလိုလာကို ကမ်းလှမ်းခဲ့တဲ့ ကလပ်ရဲ့ အမည်ကို အတိအကျ ဖော်ပြခဲ့ခြင်း မရှိပေမယ့်လည်း အလွန် မြင့်မားတဲ့ လစာနှုန်းထားနဲ့ ကမ်းလှမ်းထားကြောင်းတော့ ဖော်ပြထားပါတယ်။ အဆိုပါ အမည်မဖော်လိုတဲ့ ကလပ်ဟာ ဂွါဒီယိုလာကို မန်စီးတီးမှာ လက်ရှိ ရရှိနေတဲ့ လုပ်ခ လစာထက် ပိုမို ပေးချေသွားမှာ ဖြစ်ပြီး နှစ်ရှည် စာချုပ်ချုပ်ဆိုသွားဖို့ ကမ်းလှမ်းထားတာလည်း ဖြစ်ကြောင်း သိရပါတယ်။
ပပ် ဂွါဒီယိုလာဟာ လက်ရှိ မန်စီးတီးမှာ တစ်နှစ် လုပ်ခ လစာ ယူရို ၂၂ သန်းကျော် ရရှိနေပြီးတော့ ဘောလုံးလောကရဲ့ လုပ်ခ လစာ အများဆုံး နည်းပြတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာ အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ်ကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင် လက်ရှိ လစာထက် အနည်းဆုံး နှစ်ဆ ဝန်းကျင် ပိုမို ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်တဲ့ စပိန်သားက ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ အောင်မြင်မှု များစွာ ရရှိခဲ့ဖူးသလို နည်းပြ ဘဝ မှာလည်း ကြီးကြယ်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့သူပါ။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲဒီနောက် မန်စီးတီး မှာတော့ ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။
လက်ရှိမှာ မန်စီးတီးတို့ ပစ်မှတ်ထားနေတဲ့ နည်းပြ နှစ်ဦး ကတော့ လက်ရှိ လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ဂီရိုနာ နည်းပြ မီချဲလ်တို့ ဖြစ်လာဖွယ် ရှိနေကြောင်း သိရပါတယ်။ မန်စီးတီး ကတော့ ဂွါဒီယိုလာကို စာချုပ်သက်တမ်း မတိုးခင် အနာဂတ် နည်းပြ အဖြစ် ဇာဘီ အလွန်ဆိုနဲ့ အစားထိုးနိုင်ကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက သတင်းတွေ ထွက်နေခဲ့သူ ဖြစ်ပါတယ်။ ဂီရိုနာကို အကောင်းဆုံး ကိုင်တွယ်နေတဲ့ မီချဲလ် ကတော့ လတ်တလောမှာ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.