နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အငြင်းပွားစရာတွေနဲ့ ပြီးဆုံးခဲ့တဲ့ ဆော်ဒီပရိုလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ်

countdown banner

ညက ကစားခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ အယ်လ်နာဆာ တို့ရဲ့ ဆော်ဒီပရိုလိဂ် အကောင်းဆုံး ပွဲကတော့ အငြင်းပွားစရာတွေနဲ့ ပြီးဆုံးခဲ့ပါတယ်။ အယ်လ်ဟီလယ်က ၃-၀နဲ့ နိုင်ကာ အယ်လ်နာဆာကို ၇ မှတ်ဖြတ် ဦးဆောင်လိုက်ပြီ ဖြစ်ပြီး မီထရိုဗစ်က ၂ ဂိုး သွင်းယူခဲ့လို့ ရော်နယ်ဒိုထက် ၂ ဂိုးသာ ကွာဟတော့တာကြောင့် ဂိုးသွင်း ဘုရင်ဆု အတွက်ပါ ခြိမ်းခြောက်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဒီပွဲမှာ ရော်နယ်ဒို ဂိုးသွင်းနိုင်ခဲ့ပြီး လူမကျွံပေမယ့် လူကျွံဘော သတ်မှတ်ခံရလို့ နစ်နာခဲ့ရပြီး ပြသနာတွေပါ တက်စေခဲ့တဲ့ ဂိုး ဖြစ်ခဲ့ပါတယ်။ အဲဒီ ဂိုးသာ ဝင်ခဲ့ရင် ပွဲရလဒ်က သေချာပေါက် ပြောင်းလဲသွားခဲ့မှာပါ။ 

ပထမပိုင်းမှာ အခွင့်အရေးတွေ အများကြီး ကိုယ်စီရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိ သရေ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း ၆၇ မိနစ်မှာမှာ အယ်လ်ဟီလယ်က အဖွင့်ဂိုးကို မီလင်ကိုဗစ် ဆာဗစ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ရခဲ့တာပါ။ အယ်လ်ဟီလယ်က အခွင့်အရေးတွေ အများကြီး ရခဲ့သလို အယ်လ်နာဆာ ကလည်း အနည်းဆုံး ၂ ဂိုးလောက် ရနိုင်မယ့် အခွင့်ရေးတွေ ရခဲ့ပေမယ့် မာနေး၊ ရော်နယ်ဒို၊ တယ်လစ္စကာတို့ ဖြုန်းခဲ့လို့ နစ်နာခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၇၀ ကျော်မှာ ရော်နယ်ဒိုက လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီးတော့ မာနေးရဲ့ ဖန်တီးပေးမှု ကနေ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ မာနေး ကန်မတင်ခင်မှာ သူ လူကျွံနေခဲ့ပေမယ့်လည်း ကန်တင်တော့မယ့် အချိန်မှာပဲ သူက နောက်ကို ပြန်ဆုတ်ကာ နေရာယူပြီးတော့မှ အပိုင်ပိတ်ခဲ့တာပါ။ အဲဒီအချိန်မှာ လူမကျွံခဲ့တော့ပါဘူး။ ဂိုးပေးကို ပေးခဲ့ရမယ့် အနေအထားပါ။ 

ဆော်ဒီပရိုလိဂ်ရဲ့ မဟာပြိုင်ဘက် နှစ်သင်းက အစဉ်အလာမပျက် ဖျော်ဖြေမှု အပြည့်တော့ ပေးသွားခဲ့ပါတယ်။
အယ်လ်နာဆာ ဘက်ကို ၂ ဂိုး သွင်းခဲ့တဲ့ မီထရိုဗစ်

ဒါပေမယ့် ကွင်းလယ်ဒိုင် ကတော့ ဂိုးမပေးခဲ့ပါဘူး။ VAR ပြန်ကြည့်ပြီးတော့လည်း ဂိုးမပေးခဲ့ပါဘူး။ VAR က ထုတ်ပြခဲ့တဲ့ ရုပ်ပုံမှာ ဆိုရင် ရော်နယ်ဒို လူမကျွံကျွံအောင်ကို လိုင်းကို ဆွဲထားတာ တွေ့ရပါတယ်။ အယ်လ်ဟီလယ် နောက်ခံလူရဲ့ လက်မောင်းရင်း ကနေ ပြီးတော့ မျဉ်းကို ဆွဲခဲ့ပြီး လူကျွံတယ် လုပ်ခဲ့တာပါ။ အယ်လ်ဟီလယ် နောက်ခံလူရဲ့ လက်ဟာ ရော်နယ်ဒို ကိုတောင် ကျော်နေခဲ့တာ ဖြစ်ပြီး ဘာမှကို လူမကျွံခဲ့တာပါ။ ဒါကြောင့် ဂိုးမရလိုက်တာ အယ်လ်နာဆာ အတွက် အရမ်း နစ်နာခဲ့ပါတယ်။ အယ်လ်နာဆာ နည်းပြ လူး၀စ္စ ကက်စထရို ဆိုရင် ကွင်းဘေးမှာ ဖုန်းကနေ တဆင့် အကူဒိုင်ကို အဆိုပါ မြင်ကွင်းကို ပြန်ပြခဲ့ပြီးတော့ကို စောဒကတက်ခဲ့တာပါ။ ဒါပေမယ့် အကူဒိုင် ကတော့ ထုံးစံအတိုင်း စိတ်အေးအေးထားဖို့နဲ့ ကွင်းလယ်ဒိုင် ဆုံးဖြတ်ချက် အတည် ဆိုပြီး လုပ်သွားပါတယ်။ အဲဒီဂိုးသာ ရရင် ပွဲရလဒ်လည်း သေချာပေါက် ပြောင်းလဲခဲ့မှာပါ။ 

အယ်လ်ဟီလယ်က ပွဲချိန်နှောင်းပိုင်းမှာ မီထရိုဗစ် ၂ ဂိုး ဆက်တိုက် သွင်းခဲ့လို့ ဂိုးပြတ် နိုင်ပွဲ ရသွားခဲ့ပါတယ်။ ရော်နယ်ဒို ကတော့ “ ခင်ဗျားမှာ မျက်လုံးပါမလာခဲ့ဘူး” လို့ ကွင်းလယ်ဒိုင်ကို ပြောခဲ့သလို ပွဲအပြီး ဥမင်အ၀မှာလည်း အယ်လ်ဟီလယ် ဥက္ကဌနဲ့ တွေ့ချိန် သူတို့ မျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်တွေပဲ ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကတော့ တကယ် အမှန်ပါပဲ။ ရော်နယ်ဒိုက လုံး၀ လူမကျွံခဲ့တာ အသိသာကြီးပါပဲ။ အယ်လ်နာဆာာ ကလည်း သူတို့ရဲ့ တရားဝင် လူမှုကွန်ရက်တွေ ကနေ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး အသင်း နစ်နာခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အယ်လ်နာဆာက အယ်လ်ဟီလယ်နဲ့ တွေ့တိုင်း ဒီလို တစ်ဖက်သတ် ခံနေရတယ် ဆိုပြီး အယ်လ်နာဆာ ပရိသတ်တွေ ကလည်း ပြောဆိုနေကြပါပြီ။ ဆော်ဒီပရိုလိဂ်ရဲ့ မဟာပြိုင်ဘက် နှစ်သင်းက အစဉ်အလာမပျက် ဖျော်ဖြေမှု အပြည့်တော့ ပေးသွားခဲ့ပါတယ်။ တိုက်စစ်ကစားပုံတွေ ကလည်း ကောင်းမွန်ခဲ့ပြီး ခံစစ်နဲ့ တိုက်စစ် အကူးအပြောင်းတွေက အရမ်းကို မြန်ဆန်ခဲ့ကာ နိုင်ငံခြားသား ကစားသမားတွေကြောင့်လည်း ပွဲအရှိန်က တက်ခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ် ပွဲပေမယ့် ပရီးမီးယားလိဂ် ပွဲတစ်ပွဲ ကြည့်နေရသလိုကို ဖြစ်ခဲ့ပြီး ပရိသတ်တွေ အားရစေမယ့် ပွဲပါ။ အငြင်းပွားမှုတွေ ရှိတာ ကတော့ ဘောလုံးလောကရဲ့ ထုံးစံပါပဲ။ အဲဒါကို ဖယ်ထားလိုက်ရင် ပွဲက အရမ်းကောင်းခဲ့ပြီး အချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကာ တကယ် ကြည့်ကောင်းတဲ့ပွဲပါပဲ။ ကြည့်ရတာ တန်ခဲ့ပြီး အိပ်ရေးပျက်ရကျိုးလည်း နပ်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်