နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါင်သန်း ၂၀၀ ကျော် သုံးပြီး ကက်စ်မဲရိုးနဲ့ ဖာနန်ဒက်စ်ကို ခေါ်မယ့် အဲလ်နာဆာ | ဆော်ဒီပရိုလိဂ်

countdown banner

ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်နာဆာ ကတော့ ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ စတင် ပြုလုပ်နေပြီးတော့ ကစားသမားသစ်တွေလည်း‌ ခေါ်ယူသွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ အဲလ်နာဆာက ယူနိုက်တက် ကွင်းလယ် အတွဲအဖက် ဖြစ်တဲ့ ကက်စ်မဲရိုးနဲ့ ဘရူနို ဖာနန်ဒက်စ် တို့ နှစ်ဦးစလုံးကို ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆော်ဒီပရိုလိဂ် ကလပ် အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နီးစပါး အသုံးပြုသွားရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

အဲလ်နာဆာဟာ လက်ရှိမှာ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်ပြီး ဆာဒီယို မာနေး၊ မာဆယ်လို ဘရိုဇိုဗစ်၊ အမ်းမရစ်ခ် လာပေါ့တ်၊ အော့တာဗီယို၊ တယ်လစ္စကာ တို့လို အရည်အသွေးမြင့် ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ အခု လူစာရင်းအရ ဆိုရင် အဲလ်နာဆာက တော်တော်လေး တောင့်တင်းနေပေမယ့် သူတို့ရဲ့ ခါးသီး ပြိုင်ဘက် အဲလ်ဟီလယ်ကို မယှဉ်နိုင်တာကြောင့် အင်အား ထပ်မံ ဖြည့်တင်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ အဲလ်နာဆာဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ဆော်ဒီပရိုလိဂ်မှာ အဲလ်ဟီလယ်နဲ့ အမှတ်တော်တော်ပြတ်ပြီး အဆင့် ၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲလ်နာဆာက ဘရာဇီးလ် ဝါရင့် ကွင်းလယ်လူ ကက်စ်မဲရိုး အတွက် ပေါင် သန်း (၈၀) ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ရော်နယ်ဒို ကတော့ သူနဲ့ ရီးရဲလ်မက်ဒရစ်မှာ တွဲဖက် ကစားခဲ့ဖူးတဲ့ ကက်စ်မဲရိုးကို အဲလ်နာဆာမှာ လာရောက် ကစားဖို့ အတွက် စည်းရုံးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အယ်လ်နာဆာက ကက်စ်မဲရိုး နည်းတူ ယူနိုက်တက်မှာ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ ပေါ်တူဂီ ကွင်းလယ် ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ကိုလည်း စောင့်ကြည့်နေခဲ့ပြီး ဖြစ်နိုင်ရင်တော့ နှစ်ဦးစလုံးကို ကမ်းလှမ်းသွားဖို့ ရှိနေတာပါ။ ဒီနှစ်ဦး အတွက် ဆိုရင်တော့ အဲလ်နာဆာက ပေါင် ၂၀၀ ကျော်လောက် အသုံးပြုသွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ ဆော်ဒီပရိုလိဂ် ကလပ်တွေ အတွက် ဘာမှမဟုတ်တဲ့ ငွေကြေး ဖြစ်တာကြောင့် ယူနိုက်တက်နဲ့ ကစားသမားတွေ ဘက်ကသာ ဆန္ဒရှိရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်တဲ့ အခြေအနေပါ။

 ဖာနန်ဒက်စ် တစ်ဦးတည်း အတွက်ကို ပေါင် ၁၂၈ သန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပြီး ကက်စ်မဲရိုး အတွက် ကိုတော့ ပေါင်သန်း ၈၀ လောက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ဦးမှာ ကက်စ်မဲရိုးက လာမယ့် နွေရာသီမှာ ယူနိုက်တက် ကနေ သေချာပေါက် ထွက်ခွာသွားဖွယ် ရှိနေပြီး ဖာနန်ဒက်စ် ကတော့ ယူနိုက်တက်က အလိုရှိရင် အမြဲတမ်း ဆက်နေသွားချင်ကြောင်း သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြားထားပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ရှယ်ယာရှင် အသစ် လက်အောက်မှာ မူဝါဒ တချို့ ပြောင်းလဲနေဆဲ ကာလ ဖြစ်ပြီး တန်ဟက်ဂ်ကို ဆက်ထားမလား နည်းပြသစ် ခန့်အပ်မလား ဆိုတာတောင် မသေချာသေးပါဘူး။ ဒါ့အပြင် အသင်းမှာ ရှိတဲ့ ကစားသမား တော်တော်များများကို ရောင်းထုတ်မယ်လို့လည်း သတင်းတွေ ထွက်နေသလို ကစားသမားသစ်တွေ ခေါ်ယူဖို့လည်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်