နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှက်ဇီနီကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ ဆွေးနွေးနေတဲ့ အဲလ်နာဆာ | ဆော်ဒီပရိုလိဂ်

countdown banner

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်း ကတော့ ပိုလန် ဂိုးသမား ဝေါ့ ရှက်ဇီနီကို ခေါ်ယူဖို့ အတွက် ဂျူဗင်တပ်စ်နဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရ ရှက်ဇီနီဟာ အဲလ်နာဆာရဲ့ အဓိက ပစ်မှတ် ဂိုးသမား ဖြစ်ပေမယ့် ယူရို ၂၀၂၄ အပြီးမှာသာ အပြီးသတ် ခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။

အသက် ၃၄ နှစ် အရွယ် ရှက်ဇီနီက ပိုလန် အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက် ဆင်နွှဲသွားဖို့ ရှိနေပြီး လက်ရှိမှာ အသင်း နှစ်သင်း အကြား ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ရှက်ဇီနီဟာ လာမယ့် ရာသီ မတိုင်ခင် အရှေ့အလယ်ပိုင်း ကလပ်ဆီ ပြောင်းရွှေ့သွားဖို့ ရှိနေပြီး အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပြန်လည် ပေါင်းစည်းသွားဖို့ ရှိနေတာပါ။

အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ မွန်ဇာ ဂိုးသမား မစ်ချဲလ် ဒီ ဂရီဂေါ်ရီယိုကို ခေါ်ယူဖို့ ရှိနေသလို မတ်တီယာ ပီရင် ကိုလည်း စာချုပ်သစ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှက်ဇီနီ ကိုတော့ အသင်းပြောင်းရွှေ့ဖို့ မီးစိမ်းပြခဲ့ပြီး လက်ရှိ မှာတော့ အဲလ်နာဆာနဲ့ ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ဂျူဗင်တပ်စ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ် တို့ဟာ သဘောတူညီမှု ရဖို့ များနေပြီး ရှက်ဇီနီရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိ အခြေအနေအရ ဂျူဗင်တပ်စ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ် တို့ဟာ သဘောတူညီမှု ရဖို့ များနေပြီး ရှက်ဇီနီရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေတယ်လို့လည်း သိရပါတယ်။
ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ အဲလ်နာဆာ

အာဆင်နယ်နဲ့ အတူ စတင် တောက်ပခဲ့တဲ့ ရှက်ဇီနီက ပရီးမီးယားလိဂ် ကလပ် အတွက် စုစုပေါင်း ပွဲပေါင်း ၁၈၀ ကစားပေးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ရိုးမားကို အငှားထွက် ကစားခဲ့ရပါတယ်။ အဲ့နောက် ရိုးမားမှာ ပွဲပေါင်း ၈၀ ကျော် ကစားပြီးနောက် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ပိုလန် ဂိုးသမားဟာ တူရင် ကလပ် အတွက် လက်စွမ်းပြနိုင်ခဲ့လို့ အဓိက ဂိုးသမား ဖြစ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့ အတူ စီးရီးအေဖလား ၃ ကြိမ်၊ ကိုပါအီတလီယာ ၃ ကြိမ်၊ အီတလီ စူပါဖလား ၂ ကြိမ် ရရှိခဲ့တဲ့ ရှက်ဇီနီဟာ ပွဲပေါင်း ၂၅၀ ကျော် ကစားပေးခဲ့ပါတယ်။

ဒါ့အပြင် ရှက်ဇီနီဟာ ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ် အတွက် ပြိုင်ပွဲစုံမှာ ၃၅ ပွဲအထိ ဝင်ရောက် ကစားခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုပါအီတလီယာဖလား ဗိုလ်လုပွဲ မှာတော့ နည်းပြ မက်စ် အယ်လီဂရီက ရှက်ဇီနီ အစား ဒုတိယဂိုးသမား ဖြစ်တဲ့ ပီရင်ကို အသုံးပြုခဲ့ပါတယ်။ ဒီပွဲ အပြီးမှာ ရှက်ဇီနီ အနေနဲ့ ဂျူဗင်တပ်စ်နဲ့ လမ်းခွဲတော့မယ့် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီးတော့ အသင်းဟောင်း အာဆင်နယ်နဲ့လည်း ကောလာဟလတွေ ထွက်ခဲ့ပါသေးတယ်။ ရှက်ဇီနီ အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ရင်တော့ ရော်နယ်ဒို၊ မာနေး၊ လာပေါ့တ် တို့နဲ့ လက်တွဲရမှာ ဖြစ်ပါတယ်။ အဲလ်နာဆာ ကတော့ ပြီးခဲ့တဲ့ရာသီက နာမည်ကျော် ကစားသမားကောင်းတွေကို ခေါ်ယူ အားဖြည့်ခဲ့ပေမယ့်လည်း ခါးသီးပြိုင်ဘက် အဲလ်ဟီလယ်ရဲ့ နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့သလို Kings Cup ဗိုလ်လုပွဲမှာလည်း အဲလ်ဟီလယ်ကို ရှုံးပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် အဲလ်နာဆာ အသင်း ပိုင်ရှင်တွေက အသင်းကို လာမယ့် ရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ရရှိရေးနဲ့ အဲလ်ဟီလယ်ကို အသာရရေး အတွက် အကြီးစား အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်