နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆော်ဒီပရိုလိဂ်မှာ တောက်ပနေတဲ့ ကစားသမား ၃ ဦး

countdown banner

ခရစ္စတီယာနို ရော်နယ်လ်ဒို ဆော်ဒီပရိုလိဂ်ကို ပြောင်းပြီးကတည်းက အရှေ့အလယ်ပိုင်းက ပြိုင်ပွဲဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်ခြင်းကို ပိုမိုခံလာရတာ အားလုံး အသိပါပဲ။ ထို့အတူ ထိပ်တန်း ကစားသမား အချို့လည်း ပေါ်တူဂီ ဂန္တဝင် နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၂၃ နွေရာသီ အပြောင်းအရွှေ့ ကာလဟာ ဆော်ဒီ ပရိုလိဂ်က အသင်းတွေ အတွက် အလုပ် တော်တော်များခဲ့တဲ့ ကာလ ဖြစ်ခဲ့ပြီး ဥရောပကို စွန့်ခွာလာတဲ့ ထိပ်တန်း ကစားသမား အများအပြားဟာ အရှေ့အလယ်ပိုင်းကို ရောက်လာကြတာ ဖြစ်ပါတယ်။

နေမာ၊ မာနေး၊ ဖာမီနို၊ အန်ဂိုလို ကန်တေ၊ ဘယ်လွန်ဒေါဆုရှင် ဘန်ဇီးမား တို့လို ကမ္ဘာ့ထိပ်တန်း အဆင့် ကစားသမားတွေ အပါအဝင် နာမည်ကြီး ကစားသမားတွေဟာ ဥရောပလိဂ်တွေ ကနေ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။

အများစုကတော့ ဒီကစားသမားတွေက ပိုမို ခက်ခဲတဲ့လိဂ် ကနေ လွယ်လွယ်နဲ့ ငွေများများရမယ့် လိဂ်ကို ပြောင်းလာကြတာလို့ ထင်ကြပေမယ့်လည်း အဲဒီလို မဟုတ်ခဲ့ဘဲ ဒီရာသီ ဆော်ဒီပရိုလိဂ်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနေတဲ့ ထိပ်တန်း ကစားသမား ၃ ဦးကို ဖော်ပြပေးလိုက်ပါတယ်။


၃။ ရီယက်ဒ် မာရက်ဇ် – အယ်လ်အလီ

မာရက်ဇ်ဟာ ကြယ်ပွင့်တွေ ပြည့်နှက်နေတဲ့ မန်စီးတီး အတွက် ကစားပေးခဲ့ရတာကြောင့် ချီးကျူးခံရသင့်သလောက် ချီးကျူးမခံခဲ့ရတာ ဖြစ်နိုင်ပြီး အစ်တီဟတ်မှာ ကစားခဲ့တုန်းက ဂွါဒီယိုလာရဲ့ အယုံကြည်ရဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့သူပါ။ အယ်လ်ဂျီးယား ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ အထက်မြက်ဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ခဲ့ပြီး မန်စီးတီးနဲ့ ၅ နှစ်ကြာ ရှိခဲ့တဲ့ ကာလ အတွင်း ချန်ပီယံလိဂ် ဖလား ၁ ကြိမ်၊ ပရီးမီးယားလိဂ် ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်နဲ့ အခြား အဓိက ဆုဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မာရက်ဇ်ကို အယ်လ်အလီက ယခုနွေရာသီမှာ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့ပြီး မန်စီးတီး ကြယ်ပွင့်ဟောင်းဟာ ဆော်ဒီပရိုလိဂ်မှာ ၁၁ ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။


၂။ အလက်ဇန်းဒါး မီထရိုဗစ် – အယ်လ်ဟီလာလ်

၉ ပွဲ ကစား သွင်းဂိုး ၈ ဂိုးနဲ့ ဆော်ဒီပရိုလိဂ် ထိပ်တန်းဂိုးသွင်းရှင် စာရင်းမှာ ဒုတိယနေရာ ကနေ ရပ်တည်ပြီး သက်သေပြသထားတာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းနေတဲ့ မီထရိုဗစ်

အလက်ဇန်းဒါး မီထရိုဗစ်ဟာ ဒီနွေမှာ ဆော်ဒီကို ပြောင်းလာတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်တွေ ထဲက တစ်ဦး ဖြစ်ပြီး အယ်လ်ဟီလာ်ကို မပြောင်းလာခင် ဖူလ်ဟမ်နဲ့ အတူ ဥရောပရဲ့ ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ ဆားဘီးယား တိုက်စစ်မှူးဟာ ၂၀၁၈ ခုနှစ်မှာ ဖူလ်ဟမ်ကို ပြောင်းလာပြီး ကတည်းက တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး နောက်ဆုံး ကစားပေးခဲ့တဲ့ ရာသီမှာ ၂၈ ပွဲ ကစား ၁၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ၂၀၆ ပွဲမှာ သွင်းဂိုး ၁၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မီထရိုဗစ်ဟာ နှစ်ပေါင်းများစွာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် အသိအမှတ်ပြုမှုတွေနဲ့ ထိုက်တန်ခဲ့ပြီး ဖူလ်ဟမ်လို တန်းတက် အသင်းမှာ ဘယ်သူမှ မလုပ်ပြနိုင်ခဲ့တဲ့ အရာတွေကို လုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနွေရာသီမှာ အယ်လ်ဟီလာလ်ကို ပေါင် ၄၆ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်မှာလည်း ပေးရတဲ့စျေးနဲ့ ထိုက်တန်ကြောင်း ပြသထားသူပါ။ ၉ ပွဲ ကစား သွင်းဂိုး ၈ ဂိုးနဲ့ ဆော်ဒီပရိုလိဂ် ထိပ်တန်းဂိုးသွင်းရှင် စာရင်းမှာ ဒုတိယနေရာ ကနေ ရပ်တည်ပြီး သက်သေပြသထားတာ ဖြစ်ပါတယ်။


၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို – အယ်လ်နာဆာ

ပရီးမီးယားလိဂ်
တော့တင်ဟမ် ဟော့စပါး
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 2.86
ဂိုးပေါ် 3.00 @ 2.33
ဂိုးပေါင်း 0-1 @ 3.85
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဆိုတာ အားလုံး လက်ခံထားပြီးသား ဖြစ်ပြီး ဆယ်စုနှစ် ၂ ခုကြာ ဘောလုံးလောကမှာ ထူးချွန် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ဘောလုံးချစ် ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးစွမ်းနေခဲ့သူ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဥရောပမှာ မတူညီတဲ့ ထိပ်တန်း ကလပ်တွေ အတွက် ကစားပေးခဲ့ပြီး အင်္ဂလန်၊ စပိန်၊ အီတလီ တို့မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးနောက် လက်ရှိမှာ ဆော်ဒီပရိုလိဂ်မှာ အောင်မြင်မှု ထပ်မံရယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အယ်လ်နာဆာကို ပြောင်းရွှေ့လာပြီးကတည်းက အထင်ကြီးဖွယ် ခြေစွမ်းပြသနေခဲ့သူ ဖြစ်ပြီး ပွဲဦးထွက် ရာသီမှာ ၁၉ ပွဲမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ်ကို ဒီနွေမှာ ထပ်ရောက်လာတဲ့ ကစားသမားတွေဟာ ရော်နယ်လ်ဒိုနဲ့ ယှဉ်ရင် တော်တော်လေး ငယ်ရွယ်တဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ပေါ်တူဂီ ကြယ်ပွင့်ရဲ့ လွှမ်းမိုးနိုင်စွမ်းကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ မယှဉ်နိုင်တာ ဖြစ်ပါတယ်။ ဒီရာသီ ၁၀ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် အဖြစ် သွင်းဂိုး ၁၁ ဂိုးနဲ့ ဦးဆောင်နေပြီး ဂိုးဖန်တီးမှုလည်း ၆ ကြိမ် အထိတောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ရော်နယ်လ်ဒိုလိုမျိုး သူမတူတဲ့ ကစားသမား အတွက်တော့ သာမန်ထက် ကျော်လွန်နေပြီး အသက်အရွယ် ဆိုတာ ကိန်းဂဏန်းသာ ဖြစ်တယ် ဆိုတာကို သက်သေပြသနိုင်ခဲ့ပြီလို့ ပြောရင် လွန်မယ် မထင်ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်