နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှားမခံစတမ်း ကစားကြမယ့် ဆော်ဒီနဲ့ တောင်ကိုရီးယား | အာရှဖလား ၁၆ သင်း အဆင့် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဆော်ဒီအာရေဗျ – တောင်ကိုရီးယား

အာရှဖလား ၁၆ သင်း အဆင့် ရှုံးထွက်ပွဲစဉ်တွေထဲ အကောင်းဆုံး တွေ့ဆုံမှု တစ်ခု ဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ တောင်ကိုရီးယား ကစားမယ့် ပွဲကို ခန့်မှန်းသုံးသပ်ချက်တွေ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီပွဲ ကတော့ မနက်ဖြန် မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ၊ အဲလ်ရေယန်မြို့က အက်ဂျူကေးရှင်းကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။

အာရှဖလား ချန်ပီယံဆုကို ၃ ကြိမ် ရရှိထားပြီး ဂျပန် ပြီးရင် ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ဆော်ဒီအာရေဗျ ကတော့ ဒီတစ်ကြိမ်မှာလည်း ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ ဗိုလ်လုပွဲကို ၆ ကြိမ်အထိ တက်ရောက်ထားနိုင်တဲ့ ဆော်ဒီတို့ ဒီအဆင့်မှာ တောင်ကိုရီးယားလို အသင်းကောင်း တစ်သင်းနဲ့ စောစောစီးစီး တွေ့ဆုံနေလို့ ထင်သလောက်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၅၆ မှာ ရှိနေတဲ့ ဆော်ဒီဟာ ဘောလုံး ကမ္ဘာမှာ ဝင်ဆံ့ဖို့ အပြင်းအထန် ကြိုးပမ်းနေတဲ့ နိုင်ငံ ဖြစ်ပြီး အဘက်ဘက်မှာလည်း တက်ရိပ်ပြနေပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက ရှုံးပွဲ မရှိသေးတဲ့ ဆော်ဒီဟာ နာမည်ကျော် နည်းပြ ရော်ဘတ်တို မန်ချီနီ လက်အောက် မှာတော့ ၁၀ ပွဲကစားပြီး ၅ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပါတယ်။

တောင်ကိုရီးယား ကလည်း အာရှဖလားကို ၂ ကြိမ် ကိုင်မြှောက်ထားဖူးပြီး ဗိုလ်လုပွဲကို ၆ ကြိမ် တက်ရောက်ထားခဲ့ဘူးပါတယ်။
နောက်ဆုံး ၁၁ ပွဲဆက် မရှုံးထားတဲ့ တောင်ကိုရီးယား

တောင်ကိုရီးယား ကလည်း အာရှဖလားကို ၂ ကြိမ် ကိုင်မြှောက်ထားဖူးပြီး ဗိုလ်လုပွဲကို ၆ ကြိမ် တက်ရောက်ထားခဲ့ဘူးပါတယ်။ ဂျာမန် နည်းပြ ယာဂန် ကလင်းစ်မန်း လက်အောက်မှာ ထင်ထားသလောက် ခြေစွမ်းမပြနိုင်သေးပဲ အခု အာရှဖလားမှာ ၃ ပွဲ ကစားပြီး ၁ ပွဲနိုင်၊ ၂ ပွဲ သရေ ရလဒ် ရရှိထားပါတယ်။ ဘာရိန်းကို နိုင်ခဲ့ပေမယ့် ဘောလုံး အဆင့်အတန်း ကွာဟတဲ့ ဂျော်ဒန်နဲ့ မလေးရှားကို သရေပဲ ကစားနိုင်ခဲ့တာ ကတော့ စိတ်ပျက်စရာပါ။ တိုက်စစ်က ဂိုးတွေ ရနေသလောက် ခံစစ်က ဂိုးတွေ ပေးနေရတာက စိုးရိမ်စရာ ဖြစ်ပြီး ကင်မင်ဂျေး၊ လီကန်အင်၊ ဆွန်ဟောင်မင်၊ ဟီချန်ဟွမ် တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေရက်နဲ့ လိုချင်တဲ့ ရလဒ်တွေ မပိုင်ဆိုင်ရသေးပါဘူး။


နှစ်ဖက်အသင်း သတင်းများ

နှစ်သင်းစလုံး ဒဏ်ရာရ ပွဲပယ် ကစားသမားတွေ မရှိတာကြောင့် အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာနိုင်ကြဦးမှာပါ။


ဖြစ်နိုင်ဖွယ် လူစာရင်း

ပရီးမီးယားလိဂ်
လီဗာပူးလ်
ချဲလ်ဆီး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဆော်ဒီအာရေဗျ – အဲလ်ကာဆာ၊ အဲလ်ဘရိက်ခ်၊ အဲလ်တမ်ဘက်တီ၊ လာဂျာမီ၊ အဲလ်ဘူလာဟီ၊ အက်ဘ်ဒူလ်ဟာမစ်ဒ်၊ အလီ၊ အဲလ်မာလ်ကီ၊ ဂါရိဗ်၊ အဲလ်ဒေါ်ဆာရီ၊ အဲလ်ရှာရီ

တောင်ကိုရီးယား – ဟျောင်ဝူး၊ ယောင်ဝူး၊ ဆန်းဟျွန်း၊ မင်ဂျေး၊ ဂျင်ဆု၊ ကန်အင်၊ အင်ဘွန်း၊ ဝူယောင်း၊ ဂျေဆန်း၊ ဂူဆန်း၊ ဆွန်ဟောင်မင်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၉ ကြိမ် တွေ့ဆုံထားရာမှာ ဆော်ဒီက ၆ ကြိမ်နိုင်၊ ၆ ကြိမ် သရေကျပြီး ကိုရီးယား ကတော့ ၇ ကြိမ် အနိုင်ရထားပါတယ်။ နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှုမှာလည်း တောင်ကိုရီးယားက ၂ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျထားပါတယ်။ ဒါပေမယ့် ခြေစွမ်းပွဲတွေ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ဆော်ဒီက ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပြီး တောင်ကိုရီးယားက ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1×2 မှာတော့ ဆော်ဒီအာရေဗျ နိုင်ရင် ၄.၀၂ ဆ၊ တောင်ကိုရီးယား နိုင်ရင် ၁.၇၀ ဆနဲ့ သရေ ဆိုရင် ၃.၂၉ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ တောင်ကိုရီးယားက သရေ အရှုံးလောက် ပေါက်နေပါတယ်။ ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပေးထားပါတယ်။ အစဉ်အလာရှိတဲ့ အသင်းကြီး နှစ်သင်း တွေ့ဆုံမှု ဖြစ်လို့ မှန်းဆရခက်ပါတယ်။ နှစ်သင်းစလုံး ကလည်း အမှားမခံစတမ်း ကစားကြမှာ ဖြစ်လို့ သာမန် ပွဲချိန် အတွင်း သရေရလဒ်နဲ့ ပြီးဆုံးသွားနိုင်ပါတယ်။ အပြန်အလှန် သွင်းဂိုးလည်း နည်းနိုင်ပါတယ်။

ခန့်မှန်းရလဒ်

ဆော်ဒီအာရေဗျ ၁-၁ တောင်ကိုရီးယား (ပင်နယ်တီမှာ ဆော်ဒီအနိုင်ရ)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်