နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုယ့်သေတွင်း ကိုယ်တူးတဲ့ ဖူလ်ဟမ်ကို မသနားဘူးလို့ ပြောလိုက်တဲ့ ရွိုင်ကိန်း၊ မီထရိုဗစ် အနေနဲ့ ခံစားချက်ကို ထိန်းချုပ်သင့်ကြောင်း ပြောလာတဲ့ မာကို ဆေးလ်ဗား (အက်ဖ်အေဖလား နောက်ဆုံးရ သတင်းများ)

countdown banner

ကိုယ့်သေတွင်း ကိုယ်တူးတဲ့ ဖူလ်ဟမ်ကို မသနားဘူးလို့ ပြောလိုက်တဲ့ ရွိုင်ကိန်း၊ မီထရိုဗစ် အနေနဲ့ ခံစားချက်ကို ထိန်းချုပ်သင့်ကြောင်း ပြောလာတဲ့ မာကို ဆေးလ်ဗား စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၀ ရက်နေ့ အက်ဖ်အေဖလား သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကိုယ့်သေတွင်း ကိုယ်တူးတဲ့ ဖူလ်ဟမ်ကို မသနားဘူးလို့ ပြောလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ဖူလ်ဟမ်က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပေမယ့် သူတို့ဟာ ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်ခဲ့တယ်လို့ ဘောလုံး ဝေဖန် သုံးသပ်သူ ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။ ဖူလ်ဟမ်ရဲ့ အဖြစ် အတွက် သူ့ဘက်က ဘယ်လို သနားမှုမျိုးမှလည်း မပေးနိုင်ဘူးလို့ အိုင်ယာလန် ကွင်းလယ်လူဟောင်းက ထပ်ပြောခဲ့ပါတယ်။

ဒီပွဲ မှာတော့ ဖူလ်ဟမ်ဟာ ဦးဆောင်ဂိုး သွင်းယူထားခဲ့ပြီး မိနစ် ၇၀ အထိ ပွဲကို ဦးဆောင်နေခဲ့တာပါ။ ဒါပေမယ့် ဆန်ချိုရဲ့ ကန်ချက်ကို ဝီလီယံက ဂိုးပေါက်၀ ကနေ လက်နဲ့ တားဆီးခဲ့တယ်လို့ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ကာ ဆုံးဖြတ်ခဲ့ပြီး အနီကတ် ပြခဲ့သလို ပင်နယ်တီလည်း ပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မကျေနပ်လို့ စောဒက တက်ခဲ့တဲ့ ဖူလ်ဟမ် နည်းပြ မားကို ဆေးလ်ဗားနဲ့ တိုက်စစ်မှူး အလက်ဇန္တား မီထရိုဗစ် တို့ကိုလည်း တိုက်ရိုက် အနီကတ်တွေ ပြသသွားခဲ့ပါတယ်။

ရွိုင်ကိန်းက “ ဖူလ်ဟမ် အတွက် ကျနော် စိတ်မကောင်း မဖြစ်ပါဘူး၊ သူတို့က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပေမယ့် ပင်နယ်တီ၊ နည်းပြနဲ့ ကစားသမားတွေရဲ့ တုံ့ပြန်မှုတွေက ကိုယ့်ကိုကိုယ် ပြန်ဖျက်ဆီးခဲ့တာပါ၊ စက္ကန့် ၉၀ အတွင်းမှာ ရူးသွပ်ခဲ့တာက ဒီပွဲ အတွက် ပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်၊ ယူနိုက်တက်က အနိုင်ရစရာ အကြောင်း ဘာမှမရှိဘူး၊ ဖူလ်ဟမ် ကိုက အရေးနိမ့်ဖို့ အကြောင်းရင်းကို ရှာခဲ့တာပါ”

“ ဖူလ်ဟမ် အတွက် ကျနော့်မှာ စာနာမှု မရှိပါဘူး၊ ကျနော့်ဆီက ချီးကျူးတာလည်း သူတို့ အတွက် မလိုအပ်ပါဘူး၊ သူတို့က အခွင့်အရေး တစ်ခု ရခဲ့ပေမယ့် အဲဒါကို လွှင့်ပစ်ခဲ့ကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ပရီးမီးယား လိဂ်
AFC ဘုန်းမောက်
ဖူလ်ဟမ်
1X2 သရေ (Draw) @ 3.10
ဂိုးပေါင်း 2-3 @ 1.90
ဂိုးပေါ် 2.50 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဖူလ်ဟမ်နဲ့ ပွဲကလို ကစားရင် ဘရိုက်တန် နွှာတာ ခံရလိမ့်မယ်လို့ ပြောလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက ဖူလ်ဟမ် အသင်းကို အနိုင်ရပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ် တက်သွားခဲ့ပေမယ့် အသင်းရဲ့ ကစားပုံကို စိတ်ပျက်မိတယ်လို့ ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲမှာ ဖူလ်ဟမ်ကို ဦးဆောင်ဂိုး ပေးထားခဲ့ရပေမယ့် ပြိုင်ဘက် ကစားသမားတွေနဲ့ နည်းပြ ၃ ဦး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက်မှာ လွယ်ကူတဲ့ နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပြီး ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် နောက်ထပ် ဆုဖလား တစ်ခုကို ရယူနိုင်မယ့် မျှော်လင့်ချက်ကို ဆက်ထိန်းသိမ်းခဲ့ပေမယ့် ရွိုင်ကိန်း ကတော့ အသင်းရဲ့ စွမ်းဆောင်ရည်ကို အထင်မကြီးခဲ့သလို နည်းပြ အဲရစ်ခ် တန်ဟက်ဂ်တောင် ဒါကို စိတ်ပျက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ရွိုင်ကိန်းက “ နည်းပြတောင် အလွန် စိတ်ပျက်နိုင်ပါတယ်။ ယူနိုက်တက်က အလွန် ညံ့ဖျင်းခဲ့တာဟာ မယုံနိုင်စရာပါပဲ။ သူတို့တွေဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ နည်းလမ်းတွေကို ရှာဖွေနိုင်ခဲ့ပေမယ့် ဒီနေ့မှာ ဖူလ်ဟမ်က ကိုယ့်ကိုကိုယ် ဖျက်ဆီးသွားတာပါ။ ယူနိုက်တက်ကို ကြည့်ရတာ ယုံကြည်မှု အနည်းငယ် လျော့နည်းနေပါတယ်”

“ ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ ရှိတဲ့ သူတို့ရဲ့ အကျင့်ဆိုးတွေကို ပြန်လည် ယူသွားခဲ့တယ်။ ဆီမီးဖိုင်နယ်မှာ ဒီလို ပုံစံအတိုင်းသာ သွားရင်တော့ ဘရိုက်တန်က သူတို့ကို သေချာပေါက် အနိုင်ရသွားပါလိမ့်မယ်” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ခရာဘောင် ဖလား ရယူထားပြီး ဖြစ်သလို ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလား မှာလည်း မျှော်လင့်ချက်တွေ ရှင်သန်နေသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။


မီထရိုဗစ် အနေနဲ့ ခံစားချက်ကို ထိန်းချုပ်သင့်တယ်လို့ မာကို ဆေးလ်ဗား ပြော

ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗားက ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ပွဲမှာ ဒိုင်လူကြီးကို တွန်းထိုးသလို ဖြစ်ခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့ မီထရိုဗစ် အနေနဲ့ ခံစားချက်ကို ထိန်းချုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။
မီထရိုဗစ် အနေနဲ့ ခံစားချက်ကို ထိန်းချုပ်သင့်တယ်လို့ ဆိုလိုက်တဲ့ မာကို ဆေးလ်ဗား

ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗားက ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ပွဲမှာ ဒိုင်လူကြီးကို တွန်းထိုးသလို ဖြစ်ခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့ မီထရိုဗစ် အနေနဲ့ ခံစားချက်ကို ထိန်းချုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။

ဒီပွဲစဉ်မှာ ဖူလ်ဟမ် ဟာ မီထရိုဗစ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆန်ချိုရဲ့ ကန်သွင်းချက်ကို ဝီလီယံက လက်နဲ့ ပုတ်ထုတ်ခဲ့သလို ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက VAR ပြန်ကြည့်ခဲ့တာပါ။ ဒီအချိန်မှာ စောဒက လာတက်တဲ့ မာကို ဆေးလ်ဗားလည်း တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒိုင်လူကြီးက ယူနိုက်တက် ဘက်ကို ပင်နယ်တီ ပေးပြီး ဝီလီယံ ကိုလည်း တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာပါ။

မီထရိုဗစ်က ခံစားချက်တွေကို မထိန်းဘဲ ဒိုင်လူကြီးကို စောဒက တက်နေရာ ကနေ တွန်းထိုးသလိုပါ ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက မီထရိုဗစ် ကိုပါ အနီကတ် ပြသခဲ့တာ ဖြစ်ပြီး ပွဲကို အလှည့်ပြောင်း ဖြစ်သွားကာ ယူနိုက်တက်က ၃-၁နဲ့ အနိုင်ရရှိသွားခဲ့တာပါ။

မာကို ဆေးလ်ဗားက “ ဒီလိုအချိန်မှာ မီထရိုဗစ် အနေနဲ့ သူ့ရဲ့ ခံစားချက်ကို ကျွန်တော်တို့ အားလုံး သိထားသလိုမျိုး ပိုပြီး ထိန်းချုပ်ရမှာပါ။ စိတ်ပိုင်းဆိုင်ရာကို ဟန်ချက်ညီအောင် ထိန်းထားဖို့ လိုတာပေါ့။ ဒါက တစ်ခါတစ်လေမှာ မလွယ်ဘူး ဆိုပေမယ့် လုပ်ရမှာက ကျွန်တော် တို့ရဲ့ တာဝန်ပါ။ ကျွန်တော်တို့ အတွက် ခက်ခဲ့တဲ့ ရာသီတစ်ခု ပါပဲ။ ကျွန်တော် တို့က ဖူလ်ဟမ် ဆိုတာကို သိပါတယ်” “ ဘောလုံးမှာ တခြားသူတွေလို တူညီတဲ့ အရေးပါမှုကို မရခဲ့ပေမယ့် အခြေအနေ တစ်ချို့ ကိုတော့ ကိုင်တွယ် ဖြေရှင်းဖို့ ခက်ခဲပါတယ်။ ခင်ဗျားတို့က ပင်နယ်တီ တစ်ခု အကြောင်းပဲ ပြောနေပေမယ့် ပင်နယ်တီ ၃ ခု အကြောင်း ပြောဖို့လိုပါတယ်။ တခြား ၂ ခုကို ဘာလို့ မမေးကြတာလဲ။ ခင်ဗျားတို့ အလိုရှိရင် ဝီလီယံရဲ့ လက်ထိဘော အကြောင်းလည်း ပြောနိုင်ပေမယ့် တခြား ၂ ခု အကြောင်းလည်း ပြောချင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်