နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို စံချိန်သစ်တွေ ထပ်ရပြီး နှစ်သစ်ကို ဂိုးပြတ်နိုင်ပွဲနဲ့အတူ ကြိုဆိုနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ် ၄ – ၁ အူးဒီးနီးစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ နောက်ကျပွဲစဉ် တစ်ပွဲမှာတော့ ဂျူဗင်တပ်စ်တို့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ချိုင်ဆာ၊ ဒီဘားလားတို့ ရဲ့ သွင်းဂိုးတွေနဲ့ အူးဒီးနီးစ်ကို အနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ဂျူဗင်တပ်စ်တို့ အခု အူးဒီးနီးစ်နဲ့ပွဲမှာ ၄-၁ ရလဒ်နဲ့ အိမ်ကွင်းနိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့တာကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ဂျူဗင်တပ်စ်တို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ အေစီမီလန်နဲ့ တစ်ပွဲလျော့ ၁၀ မှတ်ပဲ ကွာဟပါတော့တယ်။
ကစားသမားဘဝ သွင်းဂိုး ၇၅၈ ဂိုးအထိ ရှိလာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ဂျူဗင်တပ်စ်တို့ အခုပွဲစဉ်မှာ တိုက်စစ်က မိုရာတာ အစား ပေါ်လို ဒီဘားလားနဲ့ ရော်နယ်ဒို တွဲဖက်ပြီး ပွဲထွက်လာခဲ့ ပါတယ်။ ကွင်းလယ်မှာတော့ မက်ကင်နီ၊ ဘန်တန်ကာ၊ ရမ်ဆေး၊ ချိုင်ဆာ၊ နောက်တန်းမှာ အဲလက်စ်ဆန်ဒရို၊ ဒီလစ်ဂျ်၊ ဘိုနူချီ၊ ဒန်နီလို၊ ဂိုး ဆက်ဇီနီ တို့နဲ့ ပွဲထွက်လာပါတယ်။ အူးဒီးနီးစ် ဘက်မှာတော့ လာဆဂ်နာ၊ ပူဆက်တို၊ ဇီးဂဲလား၊ ဒီပေါလ်၊ လာဆင် တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ ပွဲစတာနဲ့ ဂျူဗင်တပ်စ်တို့ အူးဒီးနီးစ် ဘက်ကို တရစပ် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပေမယ့် ပွဲချိန် ၁၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် အူးဒီးနီးစ် တိုက်စစ်မှူး ရိုဒရီဂို ဒီပေါလ်က ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ VAR ပြန်ကြည့်ပြီး လက်ထိဘော အဖြစ် သတ်မှတ်ပေးခဲ့လို့ အူးဒီးနီးစ် တို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာတော့ ဂျူဗင်တပ်စ်တို့ ပထမဂိုး စတင်သွင်းယူ နိုင်ခဲ့ပါတယ်။ အာရွန်ရမ်ဆေး ထိုးပေးလိုက်တဲ့ ဘောလုံးကို ခရစ္စတီယာနိုရော်နယ်ဒို က အကောင်းဆုံး ကန်သွင်းသွားခဲ့ တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ်နဲ့ ဂျူဗင်တပ်စ်တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပွဲစချိန်မှာလည်း ဂျူဗင်တပ်စ်တို့ပဲ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၉ မိနစ်မှာ ရော်နယ်ဒိုရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှုကနေ တစ်ဆင့် ချိုင်ဆာက ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ ၅၂ မိနစ် အရောက်မှာတော့ ရမ်ဆေးရဲ့ အားထုတ်မှုကြောင့် ဂျူဗင်တပ်စ်တို့ သွင်းဂိုး ထပ်ရဖို့ နီးစပ်ခဲ့ပေမယ့်  VAR ပြန်ကြည့်ပြီး လက်ထိဘော အဖြစ်သတ်မှတ်ပေးခဲ့ပြန်လို့ ဂျူဗင်တပ်စ်တို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၇၀ မှာတော့ ကွင်းလယ်က ဘန်တန်ကာ မျှောပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုကပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး တတိယဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ နှစ်ဖက်အသင်း ကစားသမားတွေ အပြောင်းအလဲတချို့ ပြုလုပ်ခဲ့ပြီး ပွဲချိန် မိနစ် ၉၀ မှာ ဇီးဂဲလားက အူးဒီးနီးစ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် ၉၀+၃ မိနစ်မှာ ဒန်နီလို ရဲ့ဖန်တီးပေးပို့မှုက တစ်ဆင့် ပေါ်လိုဒီဘားလားက စတုတ္ထမြောက်ဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ဂျူဗင်တပ်စ်တို့ ၄-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲအပြီးမှာ ဂျူဗင်တပ်စ်တို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ အေစီမီလန်နဲ့ တစ်ပွဲလျော့ ၁၀ မှတ်ပဲ ကွာဟပါတော့တယ်။ နောက်ထပ်ပြောစရာ ရှိတာက တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ စံချိန်အသစ်တွေ ဖြစ်ပါတယ်။ အခုပွဲမှာ သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့ပြီး ၁ ဂိုးဖန်တီးပေးခဲ့တဲ့ ရော်နယ်ဒို အနေနဲ့ နှစ်ပေါင်း ၂၀ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပြီး ထာဝရသွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ပီလီရဲ့ ၇၅၇ ဂိုးစံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ၇၅၉ ဂိုး ရရှိထားတဲ့ ဂျိုးဆက်ဖ် ဘိုင်ကန်ရဲ့ သွင်းဂိုးနဲ့ တူညီဖို့ ၁ ဂိုးသာ လိုအပ်ပါတော့တယ်။ နှစ်သစ်ကို ရောက်ရှိခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ရော်နယ်ဒိုပဲ ဆိုတာကို ပြသနိုင်ခဲ့ပြီး ပရိသတ်တွေကတော့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ ချီးကျူးဂုဏ်ပြုမှုတွေ ပြုလုပ်နေကြပါတယ်။ လက်ရှိရာသီ စီးရီးအေ မှာလည်း သွင်းဂိုး ၁၄ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးက ဦးဆောင်နေခဲ့ပါတယ်။ အူးဒီးနီးစ်ကတော့ အခုပွဲ ရလဒ်ကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၃ နေရာအထိ ကျဆင်းခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် စနေနေ့မှာ အမှတ်ပေးဇယား ထိပ်ဆုံးက အေစီမီလန် နဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိနေပြီး အူးဒီးနီးစ်ကတော့ နာပိုလီနဲ့ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်