နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလန်ရုတ်ဒ်မှာ ကြိုးကြာနီတွေ သရေလောက်နဲ့ပဲ ကျေနပ်ရဖို့ များတယ် | လိဒ်စ်ယူနိုက်တက် – လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – လစ်ဗာပူးလ်

အခုတစ်ပတ်တနင်္ဂနွေနေ့မှာကစားဖို့ကျန်ရှိနေတဲ့လိဒ်စ်ယူနိုက်တက်နဲ့လစ်ဗာပူးလ်တို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကလည်းစိတ်၀င်စားစရားပါပဲ။နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံအိမ်ကွင်း၈ပွဲဆက်ရှုံးပွဲမရှိသေးတဲ့လိဒ်စ်ယူနိုက်တက်တို့လူမစုံတဲ့လစ်ဗာပူးလ်ကိုအဲလန်ရုတ်ဒ်မှာနောက်ထပ်တစ်ကြိမ်ခက်ခဲစေဦးမလားဆိုတာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကပရီးမီးယားလိဂ်ကိုတန်းပြန်တက်လာတဲ့လိဒ်စ်ယူနိုက်တက်တို့၃၈ပွဲကစားပြီး၅၉မှတ်အထိရရှိခဲ့သလိုအဆင့်၉နေရာကနေလည်းရာသီသိမ်းနိုင်ခဲ့ပါတယ်။ဒါပေမယ့်အခုနှစ်ပရီးမီးယားလိဂ်ရာသီအစမှာတင်ပဲလိဒ်စ်တို့ရုန်းကန်နေရပြီးပွဲစဉ်၃ပွဲကစားပြီးချိန်မှာ၂မှတ်သာရရှိထားပါတယ်။အဖွင့်ပွဲစဉ်မှာမန်ချက်စတာ ယူနိုက်တက်ကိုဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက်အဲဗာတန်နဲ့ဘန်လေကိုထပ်ပြီးသရေကျခဲ့တဲ့ဘီရဲယ်ဆာအသင်းဟာလက်တလောပရီးမီးယားလိဂ်အဆင့်၁၅နေရာမှာရပ်တည်နေပြီးအမှတ်ပေးဇယားထိပ်ပိုင်းကိုတက်လှမ်းနိုင်ဖို့အတွက်မဖြစ်မနေအနိုင်၃မှတ်စတင်ရရှိဖို့လိုအပ်နေပါပြီ။နောက်ဆုံးရ သတင်းတွေ မှာတော့ရော်ဘင်ကော့ခ်ျကလွဲလို့ကျန်အဓိကကစားသမားတွေအကုန်လုံးပါ၀င်ကစားနိုင်ဖို့ရှိနေတယ်လို့သိရပါတယ်။ဘီရဲယ်ဆာအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာအသုံးပြုခဲ့တဲ့၃-၃-၃-၁ကစားကွက်အစား၄-၁-၄-၁ကိုပဲပြန်လည်အသုံးပြုလာဖို့များနေပြီးဖြစ်နိုင်ဖွယ်လူစာရင်းအရဂိုးမှာမက်စ်လေယာ၊နောက်ခံလူတွေအဖြစ်ကူပါး၊လုခ်အေးလင်း၊ယော်ရန်းတေး၊ဖီယာပို၊ကွင်းလယ်မှာကယ်ဗင်ဖီးလစ်၊ကလစ်ခ်ျ၊ဒါးလက်စ်၊တောင်ပံတွေမှာတော့ရာဖင်ညာနဲ့ဂျက်ဟာရစ်ဆင်၊အထောင်တိုက်စစ်မှူးအဖြစ်ပက်ထရစ်ဘမ်းဖို့ဒ်ပဲ ပါ၀င်လာဖို့ရှိနေပါတယ်။

ကလော့ပ်ရဲ့လစ်ဗာပူးလ်ကတော့အခုနှစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်နှစ်ပွဲမှာနော့ဝှစ်ခ်ျကို၀-၃၊ဘန်လေကို၂-၀ရလဒ်တွေနဲ့အနိုင်ရခဲ့ပေမယ့်ပွဲစဉ် (၃)မှာချဲလ်ဆီးကိုတစ်ဂိုးစီသရေကျခဲ့တာ‌ကြောင့်ရမှတ်၇မှတ်၊ဂိုးကွာခြားချက်အရအဆင့်၅နေရာမှာရပ်တည်နေခဲ့ပါတယ်။ချဲလ်ဆီးနဲ့ပွဲမှာလစ်ဗာပူးလ်တို့ဒုတိယပိုင်းတစ်ပိုင်းလုံးတစ်ယောက်အသာနဲ့ကစားခဲ့ရပေမယ့်ပြိုင်ဘက်ရဲ့ခံစစ်ကစားပုံကောင်းမွန်မှုကြောင့်နိုင်ပွဲနဲ့ဝေးခဲ့ရတာဖြစ်ပါတယ်။ဒါ့ကြောင့်ဇယားထိပ်ပိုင်းကအသင်းတွေနဲ့ရမှတ်ကွာဟချက်ကျဉ်းမြောင်း‌‌စေရေးအတွက်ကလော့ပ် အနေနဲ့ အခုလာမယ့်ပွဲမှာမဖြစ်မနေအနိုင်၃မှတ်ရဖို့သေချာပေါက်ပြင်ဆင်လာလိမ့်မယ်။ ကံကောင်းတာက ကမ္ဘ့ာဖလား ခြေစစ်ပွဲ ကစားပြီး ပြန်လာတဲ့ အလီဆွန် ဘေကာ၊ ဖာဘင်ညိုတို့ ပါ၀င်လာဖို့ ရှိပြီးလူစုံတက်စုံနဲ့ လိဒ်စ်ကို ရင်ဆိုင်လို့ ရနေတာ ဖြစ်ပါတယ်။ ဒဏ်ရာရ/ပွဲပယ်စာရင်း မှာတော့ မီလ်နာ၊ ဖေမီနို၊ နီကိုဝီလျံ၊ မီနာမီနိုတို့ ပါ၀င်နေပေမယ့် ဖေမီနို တစ်ဦးပဲ ကြွက်သား ဒဏ်ရာကြောင့် ကျိန်းသေပေါက် လွဲချော်မယ်လို့ သိရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ကလော့ပ်ရဲ့ လစ်ဗာပူးလ် ကတော့ အခုနှစ် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် နှစ်ပွဲမှာ နော့ဝှစ်ခ်ျကို ၀-၃၊ ဘန်လေကို ၂-၀ ရလဒ် တွေနဲ့ အနိုင်ရခဲ့ပေမယ့် ပွဲစဉ် (၃)မှာ ချဲလ်ဆီးကို တစ်ဂိုးစီ သရေကျခဲ့တာ‌ကြောင့် ရမှတ် ၇ မှတ်၊ ဂိုးကွာခြားချက် အရ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲ ကစားထားပြီး ၂ပွဲနိုင်၊ ၁ပွဲ သရေကျထားတဲ့ လစ်ဗာပူးလ်

လိဒ်စ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့ချိန် ကစပြီး လစ်ဗာပူးလ်နဲ့ ၂ကြိမ် တွေ့ဆုံ ကစားထားခဲ့ပြီး တစ်ပွဲ သရေ၊ တစ်ပွဲရှုံး ရလဒ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တစ်ခုရှိတာက လိဒ်စ်တို့ ရလဒ်ပိုင်း အသာမရခဲ့ပေမယ့် ခြေစွမ်းပိုင်း အရတော့ အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ လစ်ဗာပူးလ်ကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။မနှစ်က အန်ဖီးလ် တွေ့ဆုံမှုဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့ စိတ်၀င်စားစရာ ကောင်းခဲ့သလို ဒုတိယ အကျော့ အဲလန်ရုတ်ဒ် ပွဲစဉ် ဟာလည်း သွင်းဂိုး‌‌ နည်းခဲ့ပေမယ့် မျှော်လင့်ထားသလို ဖျော်ဖြေမှု ရသ အပြည့်အ၀ ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လိဒ်စ်ယူနိုက်တက် – လစ်ဗာပူးလ် 1X2 သရေ @ ၄.၂၀ဆ
စက်တင်ဘာလ ၁၂ရက်,ည ၁၀:၀၀ နာရီ(GMT + ၆:၃၀)

1×2ရဲ့ပေါက်ကြေးအရအိမ်ရှင်အတွက်၄.၅၀ ဆ၊ဧည့်သည်အတွက်က၁.၇၀ဆနဲ့သရေအတွက်၄.၂၀ ဆကြေးဖွင့်ထားပါတယ်။ဒီနှစ်သင်း တွေ့ဆုံချိန် အများစုမှာ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့နှစ်သင်းပေါင်း သွင်းဂိုးလည်း များတတ်ပါတယ်။ ဒါပေမယ့် လိဒ်စ်တို့ မနှစ်ကလောက် ကစားအား မရှိ‌‌တော့တဲ့ အပြင် လစ်ဗာပူးလ် ကလည်း လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် အုပ်စုပွဲတွေ ကစားဖို့ ရှိနေလို့ အခုပွဲမှာ မျှော်လင့်ထားသလောက် သွင်းဂိုးတွေ မြင်တွေ့ရမယ် မထင်ပါဘူး။ လစ်ဗာပူးလ် တို့ သရေလောက်နဲ့ပဲ ကျေနပ်ရဖို့ များနေတဲ့ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်